အရွယ်ရောက်လာပီဖြစ်တဲ့ တစ်ဦးတည်းသော သားလေးနဲ့ နားလည်မှုအလွဲလေးတွေ အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ထွန်းအိန္ဒြာဗိုလ်
ထွန်းအိန္ဒြာဗိုလ် ဆိုတာနဲ့ပရိ သတ်တွေချစ်ရ တဲ့နိုင်ငံ ကျော်အနုပညာရှ င်တစ် ယောက်ပါ။ ရုပ်ရှင်လောကမှာရော အဆိုတော်လောက မှာပါအော င်မြင်မှုတွေရရှိခဲ့ တာပါ။ ဒါကြောင့်လည်းယနေ့ထိအောင် မြင်မှုတွေများ စွာနဲ့ပရိသတ်တွေအား ပေးနေရ တာပါ။ သူမဟာအခုမှာတော့ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ ပျော်ရွှင်စအချိန် လေးတွေ ဖြတ်သန်းနေတာ ပါ။
သားလေးကလ ည်းအရွယ်ရောက် လာချိန်ဖြစ်တာကြောင့် သားနဲ့အမေကြားမှာရှိတဲ့ ခံစားချက်လေးတွေထိန်းကြော င်းမှုလေးတွေကိုခုလို ပြောပြခဲ့တာပါ။ သား နဲ့ ကျွန်မ ကြားမှာ ကွာဟမှုလေးတွေရှိနေပါတယ်အဖြေရှာတော့ အသက်အရွယ် အတွေ့အကြုံ မတူညီခြင်းက အဓိက ပါ…..
သားက ၁၆ နှစ်ကျမက ၅၆ နှစ်လေမိဘ နေရာရောက်လာတော့ သား သမီးအပေါ်သူ မှားနေ မှန်နေတာလေးတွေ အတွက် စကားစမြည် မကြာခဏ ပြောဖြစ်ရပါတယ်။ သားလက်ခံ အဆင်ပြေတာရှိသလိုသား နားလည်နိုင်စွ မ်းမရှိပဲ ငြင်းပယ်ခံရတာလည်းရှိပါတယ်…သားတို့သင်ကြား မှုအတွေ့အ ကြုံအရယုတ္တိမတန်ရင် လက်ခံ လေ့မရှိပါဘူးသားက နူးညံ့ပျော့ ပျောင်း ပေမယ့်သူလက်မခံနိုင်တဲ့ကိ စ္စအတွက် အလွန်ခေါင်းမာပါတယ်
ကျမက ဘာသာတရားရဲ့ အဆုံးအမနဲ့ ကျမ တတ်စွမ်း သလောက်လေးသားကို သင်ကြားလေ့ရှိပါတယ် သားကငယ်င ယ်ကလိုမိဘ ပြောသမျှ မျက်လုံးအဝိုင်းသားနဲ့ နားထောင်လေ့ မရှိတော့ပဲသူ သင်ကြားသိမြင်သမျှနဲ့ ကျမ ကိုပြန်မေးခွ န်းထုတ်လေ့ရှိတယ်သူ့ စိတ်ဝင်စားမှုအတွက် ကျမ ကျေနပ်ရပါ တယ်တခါတရံလ ည်းသူ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ ကျမရဲ့ ဆုံးမစကားတချို့အပေါ်ရန်လိုတာမျိုးအထိ ကြုံရတတ်ပါတယ်.( သူ ခံစားနေရတာလေးကို ထည့်တွက်ပေးဖိုလိုတယ် လို့ ကျမ သင်ကြား မိပါတယ် )။
ကျမတွေးတယ် ကျမနဲ့သား အကြား ကွာဟမှုကအသိအမြင်level မတူကြဘူး level တူတဲ့ ကိစ္စလေးတွေမှာလည်းခံစားမှု degree မတူကြပြန်ဘူးလက်ခံပါတယ်လေအခြေခံအကြောင်းတရားတွေမှ မတူကြတာကိုးသဘာဝလက္ခဏာ နဲ့ သာမညလက္ခဏာ အဖြစ် ကျမတို့ ကွဲလွဲနေကြပါတယ်။သဘာဝလက္ခဏာဆိုတာရုပ်နာမ်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာမျိုးပါဥပမာအမျိုးသမီးနဲ့အမျိုးသား ဆိုပါတော့။
အမျိုးသမီးတွေရဲ့ သဘာဝလက္ခဏာ အားဖြင့်လှချင်တယ်စိတ်နုတယ်၊ချက်ပြုတ်ချင်တယ်အားငယ်တတ်တယ်မျက်ရည်ကျလွယ်တယ်စသဖြင့် အမျိုးသမီးတို့ရဲ့ ပင်ကိုယ် သဘာဝတွေဟာအ မျိုးသမီးတို့ရဲ့ သဘာဝ လက္ခဏာတွေပါပဲအမျိုးသားတွေကတော့အကြမ်းခံတယ် ခွန်အားကြီး တယ်ရှာဖွေကျွေးမွေးလိုတ ယ်ရင်ဆိုင် ဖြေရှင်းလိုတယ် စသဖြင့် အမျိုးသားတို့ရဲ့ အခြေခံသဘောသတ္တိတွေဟာလည်း အမျိုးသားတို့ရဲ့သဘာဝလက္ခဏာတွေဖြစ်ပါတယ်.
သာမညလက္ခဏာဆို တာကတော့အမျိုး သမီးဖြစ်စေအမျိုး သားဖြစ်စေ အရာရာမမြဲခြင်းအားဖြင့် ခရီးဆက်နေကြရတယ်ဆိုတဲ့ ဘုံတူညီတဲ့ သဘောလက္ခဏာဖြ စ်ပါတယ်.သားမှာ သားအသက်အရွယ်အရ လိုချင်တဲ့ အဝတ်အစား အသုံးအဆောင်သွားချင်တဲ့နေရာလုပ်ချင်တဲ့ကိစ္စသူ့အရွယ်အရ ရင်ဆိုင်နေရ တဲ့စိမ်ခေါ်မှုသူလုပ်ရမယ့် အလုပ်လေး တွေရဲ့ဖိအားစသည်ဖြင့် သားရဲ့ပတ်ဝန်းကျင်က သားအတွက် အကြီးကြီးဖြစ်နေတယ်.ကျမလည်း ကျမအရွယ်နဲ့ လိုက်ရောညီထွေတဲ့ ဖိအားမျိုးစုံရှိပါတ ယ်သို့သော် ကျမက မမြဲတဲ့သဘာဝကို နှလုံးသွင်းနိုင်တဲ့ အရွယ်မို့သားလို အကြီးကြီး ဖြစ်မနေပါဘူး.
သားက သဘာ ဝလ က္ခဏာတွေ မှာရွာလည်ရင်း သင်ယူနေရတဲ့ အရွယ်ကျမ က သာမညလက္ခဏာ နဲ့သားဖြစ်နေ တာကို မြင်နိုင်တဲ့ အရွယ်ပေါ့အချိန်ဆိုတာ အဖြေတွေ အများကြီး ထုတ်ပေးနိုင်ပါတ ယ်အဲ့ဒီအဖြေ တွေထဲမှာသား ဇောကပ်နေတဲ့ ကျမစိတ်တွေကိုမမြဲကြောင်းဆင်ခြင်ရင်းသားလေးကို ကြီးပျင်းဖို့ အချိန်ပေးရမယ် ဆိုတဲ့ အဖြေလည်းပါဝင်ပါတယ်…..မိသားစုတိုင်း ပျော်ရွှင်အောင်မြ င်နိုင်ကြပါစေဆိုပြီးပြောပြခဲ့တာပါ။ credit ; Cele thadin
Zawgyi Version
Add a Comment
Your email address will not be published.