ယခုလက်ရှိမှာ နေရာတစ်နေရာကို ရောက်နေပြီဖြစ်ကြောင်း အသိပေးလာတဲ့ မိုးအောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ဟာ သရုပ်ဆောင်တာအပြင် DJ တီးရတာကိုလည်း ဝါသနာပါသူတစ်ယောက်ပါ။ လတ်တလော သူ့ကိုဝေဖန်နေတာတွေနဲ့ပက်သက်ပြီး အခုလိုရှင်းပြထားပါတယ်။

“(၂၀၁၄)က စပြီး DJ တီးတာကို ရူးသွပ်ခဲ့တာပါ။ နိုင်ငံခြား သီချင်းတွေနဲ့ မြန်မာသီချင်းတွေကို mix လုပ်ပြီး ပွဲတွေမှာ (၁)နာရီစာ တီးပေးဖြစ်တယ်။ DJ စလုပ်တဲ့ (၁)လအတွင်းမှာ ပွဲ(၅)ပွဲ တီးပြီးသွားပြီ။

ဒါတောင် ပွဲတော်တော် များများကို ကျွန် တော်ငြင်းထားတာ။ Music Industry က လာတာရယ်၊ Drum တီးတတ်တာရယ်၊ Barတွေ Clubတွေနဲ့ မစိမ်းတာရယ်ကြောင့် DJ တီးတဲ့နေရာမှာ အခက်အခဲ (လုံးဝ) မရှိခဲ့ဘူး။

ကျွန်တော် DJ တီးတာကို နဖူးတွေ့၊ ဒူးတွေ့ ခံစားဖူးတဲ့ လူတိုင်းကတော့ အရမ်းကောင်းတယ်၊ အရမ်းကြိုက်တယ်လို့ပဲ လာပြောကြတယ်။ မကောင်းဘူးလို့ ပြောတဲ့သူက မူးနေလို့ဖြစ်မှာပါ။

ကိုယ့်အကြောင်းကိုပြောပြီ ဆိုကတည်းက သူတို့ ကိုယ့်ကိုစိတ်ဝင်စားလို့ ပြောတာပေါ့။ အဲလိုပြောလို့ ဝမ်းသာတယ်။ ကျွန်တော်က သူတို့စိတ်မဝင်စားမှာ စိတ်ပူနေတာ။ သူတို့စိတ်ဝင်စားတယ် ဆိုကတည်းက ကျွန်တော်က နေရာတစ်နေရာရောက်နေပါပြီ။

ဝေဖန်တဲ့သူတွေကိုလည်း ကျွန်တော့်ပွဲကို (၁)နာရီလောက် အချိန်ပေးပြီး လာနားထောင်ကြည့်ပါလို့ ပြောချင်ပါတယ်” ဆိုတဲ့ သရုပ်ဆောင် မိုးအောင်ရင်/ DJစိုင်း

Zawgyi Version

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ဟာ သ႐ုပ္ေဆာင္တာအျပင္ DJ တီးရတာကိုလည္း ဝါသနာပါသူတစ္ေယာက္ပါ။ လတ္တေလာ သူ႕ကိုေဝဖန္ေနတာေတြနဲ႔ပက္သက္ၿပီး အခုလို႐ွင္းျပထားပါတယ္။

“(၂၀၁၄)က စၿပီး DJ တီးတာကို ႐ူးသြပ္ခဲ့တာပါ။ ႏိုင္ငံျခား သီခ်င္းေတြနဲ႔ ျမန္မာသီခ်င္းေတြကို mix လုပ္ၿပီး ပြဲေတြမွာ (၁)နာရီစာ တီးေပးျဖစ္တယ္။ DJ စလုပ္တဲ့ (၁)လအတြင္းမွာ ပြဲ(၅)ပြဲ တီးၿပီးသြားၿပီ။

ဒါေတာင္ ပြဲေတာ္ေတာ္ မ်ားမ်ားကို ကြၽန္ ေတာ္ျငင္းထားတာ။ Music Industry က လာတာရယ္၊ Drum တီးတတ္တာရယ္၊ Barေတြ Clubေတြနဲ႔ မစိမ္းတာရယ္ေၾကာင့္ DJ တီးတဲ့ေနရာမွာ အခက္အခဲ (လုံးဝ) မ႐ွိခဲ့ဘူး။

ကြၽန္ေတာ္ DJ တီးတာကို နဖူးေတြ႕၊ ဒူးေတြ႕ ခံစားဖူးတဲ့ လူတိုင္းကေတာ့ အရမ္းေကာင္းတယ္၊ အရမ္းႀကိဳက္တယ္လို႔ပဲ လာေျပာၾကတယ္။ မေကာင္းဘူးလို႔ ေျပာတဲ့သူက မူးေနလို႔ျဖစ္မွာပါ။

ကိုယ့္အေၾကာင္းကိုေျပာၿပီ ဆိုကတည္းက သူတို႔ ကိုယ့္ကိုစိတ္ဝင္စားလို႔ ေျပာတာေပါ့။ အဲလိုေျပာလို႔ ဝမ္းသာတယ္။ ကြၽန္ေတာ္က သူတို႔စိတ္မဝင္စားမွာ စိတ္ပူေနတာ။ သူတို႔စိတ္ဝင္စားတယ္ ဆိုကတည္းက ကြၽန္ေတာ္က ေနရာတစ္ေနရာေရာက္ေနပါၿပီ။

ေဝဖန္တဲ့သူေတြကိုလည္း ကြၽန္ေတာ့္ပြဲကို (၁)နာရီေလာက္ အခ်ိန္ေပးၿပီး လာနားေထာင္ၾကည့္ပါလို႔ ေျပာခ်င္ပါတယ္” ဆိုတဲ့ သ႐ုပ္ေဆာင္ မိုးေအာင္ရင္/ DJစိုင္း

Add a Comment

Your email address will not be published.