ဟောလိဝုဒ် မှာ နာမည်အကြီးဆုံး ၆ နှစ်ကြာ တရားစွဲဆိုခံရမှုမှာ အနိုင်ရရှိသွားတဲ့ ဟောလိဝုဒ် မင်းသားကြီး ဂျွန်နီဒက်ပ်

ဟောလိဝုဒ် သရုပ်ဆောင်မ င်းသားကြီး ဂျွန်နီဒက်ပ်နဲ့ သူ့ရဲ့ ဇနီး ဟောင်း အမ်ဘာဟာ့ဒ်တို့ အပြန်အလှန် တရားစွဲထားကြတဲ့ အမှုမှာ ‌ဂျွန်နီဒက်ပ်က အနိုင်ရသွား ပါတယ်။

အမ်ဘာဟာ့ဒ် ဟာ ဂျွန်နီဒ က်ပ်အပေါ် အသရေ ဖျက်မှု ကျူးလွန်တယ်လို့ ဗာဂျီးနီးယားပြည်နယ် တရားရုံး တရားသူကြီးတွေက ဆုံးဖြတ်ပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၁၅ သန်းပေးဖို့ စီရင်ချက်ချ လိုက်သလို တချိန်တည်းမှာ ဂျွန်နီဒက်ပ် ဘက်ကလည်း ဇနီးဟောင်းကို ထိခိုက်နစ်နာစေတယ်ဆိုပြီး ဒေါ်လာ ၂ သန်းပေးဖို့ တရားသူကြီးတွေက ဆုံးဖြတ်ပါတယ်။

အပြန်အလှန် တရားစွဲ တဲ့ ဒီအမှုမှာအသက် ၅၈ နှစ်အရွယ် ဂျွန်နီဒက်ပ်က ဇနီးဟောင်း အမ်ဘာဟာ့ဒ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတုန်းက ဝါရှင်တန်ပို့စ်သတင်းစာမှာ ရေးသားတာဟာ အသရေဖျက်မှုမြောက်တဲ့ အတွက် နစ်နာကြေး သန်း ၅၀ ရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာမှာ အမ်ဘာဟာ့ဒ်က ဘယ် သူဘယ်ဝါဆိုတာ နာမည်မဖော်ဘဲ (အိမ်တွင်း အကြမ်းဖက်မှုကို ကိုယ်စားပြုတဲ့ နာမည်ကြီးတယောက်) လို့ ရေး သားခဲ့ပါတယ်။ ဂျွန်နီဒက်ပ်က သူဟာ ဇနီးဟောင်းကို မပြောနဲ့၊ ဘယ်အမျိုးသမီးကိုမှ အနိုင်ကျင့် စော်တာဖူးတာ မရှိခဲ့ဖူးဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

တချိန်က ဟောလိဝုဒ် မှာ နာမည်အကြီးဆုံးထဲက တယောက်ဖြစ်ခဲ့တဲ့ ဂျွန်နီဒက်ပ်က ဇနီးဟောင်းရဲ့ မဟုတ်မမှန် ရေးသားချက်ကြောင့် သူ့ဘဝမှာ အရာအားလုံး ဆုံးရှုံးသွားခဲ့ရတယ်လို့ တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့ပါတယ်။

သူပြောတဲ့ ဆုံးရှုံးမှုတွေထဲမှာ သူအဓိက နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ် ရုပ်ရှင် “Pirates of the Caribbean” ဇာတ်ကားသစ် ဆိုင်းငံ့သွားရသလို၊ သူ့ကို “Fantastic Beasts” ဇာတ်လမ်းတွဲကနေလည်း ဖယ်ရှားခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ယောက်ဟာ ၂၀၁၁ ခုနှစ်က “The Rum Diary” ရုပ်ရှင်မှာ တွေ့ဆုံခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး နောက်နှစ်နှစ်အကြာမှာပဲ တရားဝင် ကွာရှင်းခဲ့ကြပြန်ပါတယ်။ တရားခွင်မှာ အသက် ၃၆ နှစ်အရွယ် သရုပ်ဆောင် အမ်ဘာဟာ့ဒ်က သူဟာ တကယ်ကြုံခဲ့တာတွေကို အမှန်အတိုင်းထွက်ဆိုတာ ဖြစ်ပြီး၊

ရေးသားချက် တွေဟာလည်း အမေရိကန်ပြ ည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမအကြိမ် ပြင်ဆင်ချက်က ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်လို့ ချေပခဲ့ပါတယ်။ အမှုက တလခွဲကြာမြင့်ခဲ့ပြီး တရားသူကြီးတွေဟာ သူတို့ နှစ်ယောက် အတူနေစဉ်က

အသံဖမ်းထားတဲ့ မှတ်တမ်းတွေ၊ သူတို့ စုံတွဲအကြောင်းကို သိခဲ့ကြတဲ့ အသိမိတ်ဆွေ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို နားထောင်ခဲ့ကြပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ Credit;

Zawgyi Version

ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မ င္းသားႀကီး ဂြၽန္နီဒက္ပ္နဲ႔ သူ႕ရဲ႕ ဇနီး ေဟာင္း အမ္ဘာဟာ့ဒ္တို႔ အျပန္အလွန္ တရားစြဲထားၾကတဲ့ အမႈမွာ ‌ဂြၽန္နီဒက္ပ္က အႏိုင္ရသြား ပါတယ္။

အမ္ဘာဟာ့ဒ္ ဟာ ဂြၽန္နီဒ က္ပ္အေပၚ အသေရ ဖ်က္မႈ က်ဴးလြန္တယ္လို႔ ဗာဂ်ီးနီးယားျပည္နယ္ တရား႐ုံး တရားသူႀကီးေတြက ဆုံးျဖတ္ၿပီး နစ္နာေၾကးအျဖစ္ ေဒၚလာ ၁၅ သန္းေပးဖို႔ စီရင္ခ်က္ခ် လိုက္သလို တခ်ိန္တည္းမွာ ဂြၽန္နီဒက္ပ္ ဘက္ကလည္း ဇနီးေဟာင္းကို ထိခိုက္နစ္နာေစတယ္ဆိုၿပီး ေဒၚလာ ၂ သန္းေပးဖို႔ တရားသူႀကီးေတြက ဆုံးျဖတ္ပါတယ္။

အျပန္အလွန္ တရားစြဲ တဲ့ ဒီအမႈမွာအသက္ ၅၈ ႏွစ္အ႐ြယ္ ဂြၽန္နီဒက္ပ္က ဇနီးေဟာင္း အမ္ဘာဟာ့ဒ္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာတုန္းက ဝါ႐ွင္တန္ပို႔စ္သတင္းစာမွာ ေရးသားတာဟာ အသေရဖ်က္မႈေျမာက္တဲ့ အတြက္ နစ္နာေၾကး သန္း ၅၀ ရလိုမႈနဲ႔ တရားစြဲခဲ့ပါတယ္။

ဝါ႐ွင္တန္ပို႔စ္ သတင္းစာမွာ အမ္ဘာဟာ့ဒ္က ဘယ္ သူဘယ္ဝါဆိုတာ နာမည္မေဖာ္ဘဲ (အိမ္တြင္း အၾကမ္းဖက္မႈကို ကိုယ္စားျပဳတဲ့ နာမည္ႀကီးတေယာက္) လို႔ ေရး သားခဲ့ပါတယ္။ ဂြၽန္နီဒက္ပ္က သူဟာ ဇနီးေဟာင္းကို မေျပာနဲ႔၊ ဘယ္အမ်ိဳးသမီးကိုမွ အႏိုင္က်င့္ ေစာ္တာဖူးတာ မ႐ွိခဲ့ဖူးဘူးလို႔ တရား႐ုံးမွာ ထြက္ဆိုခဲ့ပါတယ္။

တခ်ိန္က ေဟာလိဝုဒ္ မွာ နာမည္အႀကီးဆုံးထဲက တေယာက္ျဖစ္ခဲ့တဲ့ ဂြၽန္နီဒက္ပ္က ဇနီးေဟာင္းရဲ႕ မဟုတ္မမွန္ ေရးသားခ်က္ေၾကာင့္ သူ႕ဘဝမွာ အရာအားလုံး ဆုံး႐ႈံးသြားခဲ့ရတယ္လို႔ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ခဲ့ပါတယ္။

သူေျပာတဲ့ ဆုံး႐ႈံးမႈေတြထဲမွာ သူအဓိက ေနရာက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေဟာလိဝုဒ္ ႐ုပ္႐ွင္ “Pirates of the Caribbean” ဇာတ္ကားသစ္ ဆိုင္းငံ့သြားရသလို၊ သူ႕ကို “Fantastic Beasts” ဇာတ္လမ္းတြဲကေနလည္း ဖယ္႐ွားခံခဲ့ရတယ္လို႔ ဆိုပါတယ္။

သူတို႔ ႏွစ္ေယာက္ဟာ ၂၀၁၁ ခုႏွစ္က “The Rum Diary” ႐ုပ္႐ွင္မွာ ေတြ႕ဆုံခဲ့ၾကၿပီး ၂၀၁၅ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကၿပီး ေနာက္ႏွစ္ႏွစ္အၾကာမွာပဲ တရားဝင္ ကြာ႐ွင္းခဲ့ၾကျပန္ပါတယ္။ တရားခြင္မွာ အသက္ ၃၆ ႏွစ္အ႐ြယ္ သ႐ုပ္ေဆာင္ အမ္ဘာဟာ့ဒ္က သူဟာ တကယ္ၾကဳံခဲ့တာေတြကို အမွန္အတိုင္းထြက္ဆိုတာ ျဖစ္ၿပီး၊

ေရးသားခ်က္ ေတြဟာလည္း အေမရိကန္ျပ ည္ေထာင္စုရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပထမအႀကိမ္ ျပင္ဆင္ခ်က္က ေပးထားတဲ့ အခြင့္အေရးျဖစ္တယ္လို႔ ေခ်ပခဲ့ပါတယ္။ အမႈက တလခြဲၾကာျမင့္ခဲ့ၿပီး တရားသူႀကီးေတြဟာ သူတို႔ ႏွစ္ေယာက္ အတူေနစဥ္က

အသံဖမ္းထားတဲ့ မွတ္တမ္းေတြ၊ သူတို႔ စုံတြဲအေၾကာင္းကို သိခဲ့ၾကတဲ့ အသိမိတ္ေဆြ သက္ေသေတြရဲ႕ ထြက္ဆိုခ်က္ေတြကို နားေထာင္ခဲ့ၾကၿပီး အခုလို ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။ Credit;

Add a Comment

Your email address will not be published.