ကျောချမ်းစရာ သေဘေးစက်ကွင်း မှ မသေဘဲ လွတ်မြောက်လာတဲ့ အကြောင်းလေးကို ပြန်ပြောပြခဲ့တဲ့ သေရွာပြန် ဟိန်းထက်

ကျ​နော် ရန်ကုန် မှာရှိ​နေစဉ်တုန်းက ကျ​နော် ​ဖေ​ဖော်ဝါရီ ၆ရက် ရန်ကုန်လှည်းတုန်း သပိတ်စလုပ်ကတည်းက ​ကျ​နော်​ရော က်သွားတယ်။ ​ရေကပ် ​တွေဝယ်ပြီးကား​ပေ ါ်က​နေလိုက်​ဝေတယ်။ ​နောက်ပိုင်းလည်း ဆန္ဒထုတ်​ဖော်တာထပ် ဆန္ဒထုတ် ​ဖော်တဲ့သူ​တွေရဲ့ လုံခြုံ​ရေးအတွ က်ပဲပိုလုပ်ဖြ စ်တယ်။ အဲ့ဒီမှာ PSTဆိုပြီးအဖွဲ့​လေးစ​ထောင်ကာ မြို့နယ်အလိုက် ဆန္ဒထုတ်​ဖော်စဉ် ​ဆောင်ရန်​ရှောင်ရန်​လေးတွေ လိုက်ပြီးမျှ​ဝေ​ပေးတယ်။

ဒီလိုနဲ့ ကျ​နော်တို့အဖွဲ​လေး လှိုင်သာယာ မြို့နယ်ကို​ရောက်သွားတယ်။ဖြစ်ချင်​တော့ ​ရောက်သွားတဲ့​နေ့က လှိုင်သာယာမှာ အလံနက် စ​ထောင်တဲ့ ​နေ့​ပေါ့။​ရောက်တဲ့အချိန် ​ပညာ​ပေး​လေး​တွေ ​ပြော​နေရင်း စကစရဲ့ဖြိုခွင်းမှုကိုကြုံရတယ်။ ​တော်​တော်အ​ခြေ​ေ နဆိုးဆိုးဖြစ် ​နေတဲ့အချိန်ပါ။

တစ်မြို့လုံးနီးပါ လမ်း​တွေပိတ် သဲအိတ်​တွေကာပြီး နယ်ခံမဟုတ်တဲ့သူဆို ဒလန်ဆိုပြီး အခုတ်ခံရမယ့် အ​ခြေ​နေပါ။ ဖုန်း​တောင်မထုတ်ရဲပါဘူး။ဖုန်းထုတ်ရင် ဓါတ်ပုံရိုက်တယ်ဆိုပြီး ဓါးကြိမ်းကြိမ်း​နေကြတာ​ပေါ့။ ကျ​နော်တို့ ဆက်​နေဖို့အဆင်မ​ပြေ​တော့ နယ်ခံအကိုကကူညီ​ပေးလို့ ပြန်ဖို့လမ်းကို လမ်းကြိုလမ်းကြားက​နေဖြတ်ပြီးသွားလိုက်ရတယ်။ သူတို့အချင်းချင်း​တော့ သိ​တော့ ပြသနာ​တော့မဖြစ်ပါဘူး။

ဒီလိုနဲ့ လမ်းမတန်း​ရောက်​တော့အကိုက ဒီက​တည့်တည့်သွားရင် တံတား​ရောက်ပြီး ရန်ကုန်ပြန်တဲ့လမ်းမကြီး​ပေါ့။ လမ်းမတန်းဆို​တော့ လမ်းပိတ်ထားတာ​တွေသိပ်မရှိဘူး။ဒီလိုနဲ့ပြန်လာခဲ့တာ ဒီလမ်းလည်းတံတားထိပ်မှာ စကစကပိတ်ပြီး လမ်းစရှင်း​နေပြီဆို​တော့ ကျ​နော်တို့ပြန်လှည့် ပြီး လမ်းကြားထဲဝင်လိုက်​တော့ ကားကိုနယ်ခံ​တွေတားစစ်တယ်။ လူ​တွေက ဓါးထမ်းပြီး ​ဒေါသ​တွေထွက်ပြီး သတ်မယ် ဖြတ်မယ်ဆိုတာ​ကြီးပဲ။ ကျ​နော်လည်းမတတ်နိုင်တဲ့အဆုံး တပ်ထားတဲ့ mask ကိုချွတ်ပြမှပဲ သရုပ်​ဆောင်မှန်းသူတို့သိပြီး အဆင်​ပြေသွားတာ။ ကျ​နော်က လုပ်သာလုပ်​နေတာ လူသိသိပ်မခံဘူး။ဒါ​ကြောင့်လည်း ကျ​နော့်ကို မှားပြီး Boycottလုပ်ကြတာ​ပေါ့။

ဒီလိုနဲ့ သူတို့အကူညီနဲ့ အိမ်​လေးတစ်အိမ်မှာဝင်ခို​နေတယ်။ အဲ့ဒီအချိန်မှာ စကစက လမ်းမတန်းတ​လျှောက်ရှင်းနေပြီး ကျည်အစစ်​တွေနဲ့ပစ်​နေပြီ။ ကျ​နော့်လူ​တွေလည်း ကျ​နော်စကား​ပြောစက်က​နေအကုန်ပြန်လိုက်စုရတယ်။ အဲ့ထဲမှာ ကျ​နော်အဖွဲ့က ဆရာသမားနှစ်​ယောက်က လမ်းမတန်းကစကစကို ​ပေ၂၀​လောက်အကွာအ​​ဝေးက​နေ သဲအိတ်ကာပြီး ​လောက်​လေးခွနဲ့ပြန်ပစ်​နေတယ်။

ကျ​နော်​တော်​တော်စိတ်ပူသွားတယ်။ ကျ​နော်က​ခေါင်း​ဆောင်ကိုး။သူတို့တစ်ခုခုဖြစ်သွားရင် ကျ​နော့်မှာတာဝန်ပြည့်ရှိတယ်။ ဘာလို့ဆို ဟိုက ကျည်အစစ်နဲ့ပစ်​နေတာ ပြီး​တော့ ​ကျည်ကာ​တွေ ဒိုင်း​တွေနဲ့ လောက်​လေးခွ​လောက်ကမတိုးဘူး။ဒါ​ကြောင့် ကျ​နော်သူတို့ကိုသွား​ခေါ်တယ်။ ကျ​နော့်ဘဝမှာပထမဦးဆုံး ကျည်ဆံကြားထဲ​ရောက်ခဲ့ဖူးတာပဲ။ ကံ​ကောင်းလို့မ​သေခဲ့တာပါ။

ကံ​ကောင်းချင်​တော့ လမ်းမတန်းပဲရှင်းပြီး ​ကျော်သွား​တော့ ခါးကျည်မှန်တဲ့သူ​တွေ လက်ညှိးပျက်သွားတဲ့သူ​တွေ ကျ​နော်တို့ပြန်ကယ်ထုတ်နိုင်ခဲ့တယ်။ ကျ​နော်လည်း ​စကစကျော်သွားပြီးပြီးချင်း အကုန်ပြန်စု ကား​တွေအ​ပေါ်ပြန်တက်ခိုင်းပြီးလမ်းရှင်းတုန်း ကျ​နော်ရန်ကုန်ကို အမြန်ပြန်​မောင်းတယ်။

ဒီမှာဆက်​နေရင် လုံခြုံမှုလည်းမရှိ။ တစိမ်း​နေရာဆို​တော့ ကျ​နော်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့​မောင်းလာရင်းကံ​ကောင်းစွာနဲ့ လှိုင်သာယာတံတားဖြတ်ပြီး အဆင်းနားထိ​ရောက်လာခဲ့တယ် လမ်း​တောက်​​​ေ လျှာက်လည်းလူ​တွေ က ​သွေး​ေ တွဆူပြီး ​တော်​တော် ရိုင်း​နေကြပြီ။ ဒီလိုနဲ့ တံတားအဆင်း​ရောက်​တော့ လူတစ်စုက လမ်းမကြီးကို တာရာ​တွေနဲ့ပြန်ပိတ်ပြီး ဓါတ်ဆီ​လောင်းပြီး မီးရှို့ဖို့လုပ်​နေကြတယ်။

ကားတန်းကလည်းအရှည်ကြီး ကျ​နော့်လို လမ်းရှင်းတုန်းအိမ်ပြ န်​ရောက်​အောင် ​မောင်းကြတဲ့သူ​တွေကြီးပဲ။ ကျနော်လည်း မ​နေနိုင်တာနဲ့ အဲ့အဖွဲ့ကို သွားရှင်းပြတယ်။ -ကံဆိုးခြင်း​တော့ အဲ့မှာ​ခေါင်း​​ဆောင်မရှိဘူး။ ​သွေးဆူလို့သာလုပ်ပြီး လုပ်​​နေတာမှန်လားမှားလားမသိကြ​တော့ဘူး။

ကျ​နော်​သေချာရှင်းပြတယ်။”စကစ​တွေပြန်ဆင်းလာတဲ့အခါ လမ်း​ပေါ်က ကားသမား​တွေ​​ကော အကိုတို့​ကော ဒုက္ခ​ရောက်လိ မ့်မယ်။သူတို့ဆီမှာ ​သေနတ်​တွေနဲ့ ပြန်​ရောက်လာရင် ​ပြေးရမှာပဲ။ ထိ​ရောက်မှုမရှိဘူးလို့​”ရှင်းပြတယ်။ ဒါဆိုကျ​နော့်ကိုသိ​တော့ ကျ​နော်ကား​တွေ​ပဲ​ပေးသွားမယ်​​ပြောတယ်။ ကျ​နော်လက်မခံဘူးထပ်​ပြောပြရှင်းပြ​နေတဲ့အချိန်မှာပဲ တာရာကိုမီးရှို့ချလိုက်တယ် ဘာမှလုပ်လို့မရ​တော့ဘူး။ တာရာ​ေ တွကလည်း အကြီးပြီး​တွေဆို​တော့​ရွေ့ဖို့လည်းမဖြစ်နိုင်ဘူး။

ကျ​နော်လက်​လေ ျှာ့ပြီးပြန်လာခဲ့တယ်။ ကျ​နော့်အဖွဲ့​တွေအကုန် ကား​​ပေါ်ကမဆင်ခိုင်းဘူး။ သူတို့တာယာမီးရှို့ပြီး လမ်းပိတ်နိုင်လို့ ​​အောင်ပွဲခံ​နေကြတယ်။ သူတို့ ဒုက္ခ​ရောက်​စေချင်တာ စကစ တကယ်ဒုက္ခ​ရောက်သွားတာလမ်း​ပေါ်က ပြည်သူ​တွေ။ လုပ်​ဆောင်ချက်မှား​တော့ ထိ​ရောက်မှုလွဲသွားတယ်။

ထင်တဲ့အတိုင်းပဲ စကစက စစ်ကား​တွေ ရန်ကုန်ကိုပြန်ဆင်းလာတယ်။ လမ်းမ​ပေါ်ကကား​တွေ ​ဘေးကပ်ခိုင်းတယ်။ ကား​ပေါ်ကမဆင်းဖို့​​ပြောတယ်။ စကစလည်း​ရောက်လာ​ရော ​သေနတ်သံကြားတာနဲ့ ခုနက လူတစ်စု အကုန်​ပြေးကြတယ်။အ​ဝေးက​နေ ​အော်ဆဲကြတယ်။​သေနတ်​တွေနဲ့စကစ ကပြန်ပစ်တယ်။ စကစ က လမ်းမ​ပေါ်က ကားသမား​တွေ ကို ဘာမှမလုပ်ဖူး။ ကား​တွေလည်းမစစ်​တော့ ကျ​နော်တို့ကံ​ကောင်းသွားတယ်။

အဲ့အချိန် စကစဘက်ကနေ ကျ​နော်ခံစားကြည့်​တော့ သူတို့လုပ်​နေတာမှန်​နေပြီလားလို့​တောင်အ​တွေးဝင်တယ်။ ဒီလိုနဲ့ တာရာမီးကုန်သွား​တော့ စစ်ကား​တွေ အရင်ဖြတ်သွားပြီး ခရီးသည်ကား​တွေ​နောက်က တ​ဖြေး​ဖြေးလိုက်သွားတယ်။

စကစ​တွေ အ​ဝေးတစ်​နေရာ​ရောက်​တော့ ခုနက လူတစ်စု ဓါး​တွေ လှန်​တွေ တုတ်​တွေကိုင်ပြီးပြန်ထွက်လာတယ်။ သူတို့အပစ်ခံရ​တော့ ​​ဒေါသအရမ်းကြီးပြီး အသိစိတ်​တွေမကပ်ကြ​တော့ဘူး။ သတ်မယ် ဖြတ်မယ်ဆိုပြီး တချို့ဆို ​နတ်ဆိုး​တွေဝင်ပူးထားသလို အရက်​သောက်ထားသလို မျက်​ထောက်နီကြီး​တွေနဲ့ ဝင်ချလာတယ်။ ကား​တွေ အကုန်မှန်ချခိုင်းတယ် ကား မီး​တွေအကုန်ပိတ်ခိုင်းတယ်။ ကျ​နော့်ကားက ​ရှေ့မီး ​အော်​တိုလင်း​တော့ ပိတ်မရဘူး ကျ​နော်မှန်ချပြီးရှင်းပြတယ်။ အဲ့အချိန် ကျ​နော်​ရှေ့ကိုဓါး​တွေဝင်လာတယ် ​သေပြီလို့​တောင်ထင်တာ။

ဒါ​ပေမယ့် တချို့ အသိစိတ်မလွတ်ဘဲ ​ကောင်း​နေတဲ့သူ​တွေလည်းရှိ​တော့ ကျ​နော်ရှင်းပြတာလက်ခံတယ်။ ကျ​နော် maskထပ်ချွတ်ပြီး အကုန်ရှင်းပြ​တော့ သွားခွင့်​ပေးတယ်။ ကျ​နော်တို့လည်းလွှတ်​ရော ​နောက်က ကား​တွေလိုက်မလာဘူး။ ကျ​နော်လည်း ကား​ပေါ်ကဆင် ပြီး ​ပြေးကြည့်​တော့ ထင်တဲ့အတိုင်း အကုန်ဓါးကြိမ်းကြိမ်းခံ​နေရတာ။ ကျ​နော်လည်း လူအုပ်ကြားထဲဝင် အဖွဲ့ဝင်ကား​တွေအမြန်ဆွဲထုတ် ​နောက်ဆုံးတစ်စီးမှာ​တော်​တော် ​ပြောယူပြီး အသားကုန်ဆွဲထုတ်ရတယ်။

တစ်ချို့က ကျ​နော်ကို မျက်​ထောက်နီနဲ့ကြည့်ပြီး သတ်​တော့မယ့် ပုံ​တွေပါ။ ကံ​ကောင်းတာ ​ကောင်းတဲ့သူ​တွေက သူ့လူသူပြန်ထိန်းသွား​တော့ ကျ​နော်ကံ​ကောင်းပြီး ​သေ​ဘေးကလွတ်သွားတယ်။ ​နောက်ဆုံးအဖွဲ့ဝင်ကားတစ်စီးလည်းပြီး​ရော လမ်းကိုလုံးဝပိတ်ချလိုက်တယ်။ ကျ​နော်တို့​တော်​တော်ကံ​ကောင်းတယ်။ ပိတ်မိပြီး ကျ​န်​နေခဲ့တဲ့ သူ​တွေအတွက်​တော့ ကျ​နော်​တော်​တော်စိတ်မ​ကောင်းဖြစ်တယ်။ကျ​နော့်အဖွဲ့​တောင်မနည်းဆွဲထုတ်ရတဲ့အ​ခြေ​နေမို့ ကျ​နော် ကျန်တဲ့သူ​တွေကိုမကယ်နိုင်ခဲ့ဘူး။ ဘယ်လို ရှင်းပြရှင်းပြ နားဝင်မှာမဟုတ်ကြ​တော့ဘူး။ ဘာလို့လည်းဆို သူတို့ကို လုပ်သွား​တော့ ​ဒေါသဟာ အထွတ်အထိပ်​ရောက်ပြီး အမှားအမှန်မသိ ​ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိကြ​တော့ဘဲ ပြည်သူအချင်းချင်း ဒုက္ခ​ပေးကြ​တော့တာပဲ။

-ဒါကို သုံးသပ်ကြည့်ရင် ကျ​နော်တို့ဟာတစ်ခါတစ်​လေ မှန်တယ်ထင်ပြီးလုပ်​နေကြတာ​တွေက ဓမ္မမဖြစ်ပဲ အဓမ္မဖြစ်သွားတယ်။ အချင်းချင်း မှားယွင်းသတ်ဖြတ်ကုန်ကြတယ်။ ​ဒေါသဖုံးပြီး အမှားကို အမှန်ထင်ပြီး အမှန်ကို အမှားထင်ကြတယ်။ ရည်ရွယ်ချက်​ကောင်းပြီး လုပ်​ဆောင်ချက်မှားယွင်းတဲ့အခါ ကြားလူက သူ့လူဖြစ်ပြီး အဓမ္မတရားက အားသာသွားတယ်။

ဒါ​ကြောင့် ကျ​နော်ဖြစ်သလို မှားယွင်းသတ်ဖြတ်ခံရတဲ့ သူ​တွေခုချိန် ရှိ​နေပြီလို့ကျ​နော်ထင်တယ်။ ကျ​နော်သာအဲ့​နေ့က ​အဲ့​နေရာမှာသေရင် ကျ​နော်အဖွဲ့က တစ်​ယောက်​ယောက် အသတ်ခံရရင် ကျ​နော် ဒီစာကို ခုချိန်​ရေးနိုင်မှာမဟုတ်ပါဘူး။ဒါ​ကြောင့် ကျ​နော်တစ်ခု သတိ​ပေးချင်တာက

ဓမ္မ ဘက်ရပ်တည်ရင်း အဓမ္မ မလုပ်မိကြ​စေဖို့ပါ။ ရန်ကို ရန်နဲ့တုန့်ပြန်တဲ့အခါ မငြိမ်းသွားပဲ ၁​ယောက်က​နေ ၁၀​ယောက်၊ ၁၀​ယောက်​နေ ၁၀၀ ဒီလိုနဲ့တ ​ဖြေး​ဖြေး အမုန်းတရား​ေ တွများပြီး ​ပြည်သူအချင်းချင်းသတ်ပွဲ​တွေကို ဦးတည်ကာ အေးချမ်းမှု နဲ့​ဝေးသထက်​ဝေး သွားကြအုန်းမှာပါပဲ။

အဓမ္မကိုဓမ္မ နဲ့တွန်းလှန်မယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာရေး သားဖော်ပြထား ပါတယ်၊ စာဖတ်ပရိတ်သတ် ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါ Credit;

Zawgyi Version

က်​ေနာ္ ရန္ကုန္ မွာရွိ​ေနစဥ္တုန္းက က်​ေနာ္ ​ေဖ​ေဖာ္ဝါရီ ၆ရက္ ရန္ကုန္လွည္းတုန္း သပိတ္စလုပ္ကတည္းက ​က်​ေနာ္​ေရာ က္သြားတယ္။ ​ေရကပ္ ​ေတြဝယ္ၿပီးကား​ေပ ၚက​ေနလိုက္​ေဝတယ္။ ​ေနာက္ပိုင္းလည္း ဆႏၵထုတ္​ေဖာ္တာထပ္ ဆႏၵထုတ္ ​ေဖာ္တဲ့သူ​ေတြရဲ့ လုံျခဳံ​ေရးအတြ က္ပဲပိုလုပ္ၿဖ စ္တယ္။ အဲ့ဒီမွာ PSTဆိုၿပီးအဖြဲ႕​ေလးစ​ေထာင္ကာ ၿမိဳ႕နယ္အလိုက္ ဆႏၵထုတ္​ေဖာ္စဥ္ ​ေဆာင္ရန္​ေရွာင္ရန္​ေလးေတြ လိုက္ၿပီးမၽွ​ေဝ​ေပးတယ္။

ဒီလိုနဲ႔ က်​ေနာ္တို႔အဖြဲ​ေလး လွိုင္သာယာ ၿမိဳ႕နယ္ကို​ေရာက္သြားတယ္။ျဖစ္ခ်င္​ေတာ့ ​ေရာက္သြားတဲ့​ေန႔က လွိုင္သာယာမွာ အလံနက္ စ​ေထာင္တဲ့ ​ေန႔​ေပါ့။​ေရာက္တဲ့အခ်ိန္ ​ပညာ​ေပး​ေလး​ေတြ ​ေျပာ​ေနရင္း စကစရဲ့ၿဖိဳခြင္းမႈကိုၾကဳံရတယ္။ ​ေတာ္​ေတာ္အ​ေျခ​ေ နဆိုးဆိုးျဖစ္ ​ေနတဲ့အခ်ိန္ပါ။

တစ္ၿမိဳ႕လုံးနီးပါ လမ္း​ေတြပိတ္ သဲအိတ္​ေတြကာၿပီး နယ္ခံမဟုတ္တဲ့သူဆို ဒလန္ဆိုၿပီး အခုတ္ခံရမယ့္ အ​ေျခ​ေနပါ။ ဖုန္း​ေတာင္မထုတ္ရဲပါဘူး။ဖုန္းထုတ္ရင္ ဓါတ္ပုံရိုက္တယ္ဆိုၿပီး ဓါးႀကိမ္းႀကိမ္း​ေနၾကတာ​ေပါ့။ က်​ေနာ္တို႔ ဆက္​ေနဖို႔အဆင္မ​ေျပ​ေတာ့ နယ္ခံအကိုကကူညီ​ေပးလို႔ ျပန္ဖို႔လမ္းကို လမ္းႀကိဳလမ္းၾကားက​ေနျဖတ္ၿပီးသြားလိုက္ရတယ္။ သူတို႔အခ်င္းခ်င္း​ေတာ့ သိ​ေတာ့ ျပသနာ​ေတာ့မျဖစ္ပါဘူး။

ဒီလိုနဲ႔ လမ္းမတန္း​ေရာက္​ေတာ့အကိုက ဒီက​တည့္တည့္သြားရင္ တံတား​ေရာက္ၿပီး ရန္ကုန္ျပန္တဲ့လမ္းမႀကီး​ေပါ့။ လမ္းမတန္းဆို​ေတာ့ လမ္းပိတ္ထားတာ​ေတြသိပ္မရွိဘူး။ဒီလိုနဲ႔ျပန္လာခဲ့တာ ဒီလမ္းလည္းတံတားထိပ္မွာ စကစကပိတ္ၿပီး လမ္းစရွင္း​ေနၿပီဆို​ေတာ့ က်​ေနာ္တို႔ျပန္လွည့္ ၿပီး လမ္းၾကားထဲဝင္လိုက္​ေတာ့ ကားကိုနယ္ခံ​ေတြတားစစ္တယ္။ လူ​ေတြက ဓါးထမ္းၿပီး ​ေဒါသ​ေတြထြက္ၿပီး သတ္မယ္ ျဖတ္မယ္ဆိုတာ​ႀကီးပဲ။ က်​ေနာ္လည္းမတတ္နိုင္တဲ့အဆုံး တပ္ထားတဲ့ maskကိုခၽြတ္ျပမွပဲ သ႐ုပ္​ေဆာင္မွန္းသူတို႔သိၿပီး အဆင္​ေျပသြားတာ။ က်​ေနာ္က လုပ္သာလုပ္​ေနတာ လူသိသိပ္မခံဘူး။ဒါ​ေၾကာင့္လည္း က်​ေနာ့္ကို မွားၿပီး Boycottလုပ္ၾကတာ​ေပါ့။

ဒီလိုနဲ႔ သူတို႔အကူညီနဲ႔ အိမ္​ေလးတစ္အိမ္မွာဝင္ခို​ေနတယ္။ အဲ့ဒီအခ်ိန္မွာ စကစက လမ္းမတန္းတ​ေလၽွာက္ရွင္းေနၿပီး က်ည္အစစ္​ေတြနဲ႔ပစ္​ေနၿပီ။ က်​ေနာ့္လူ​ေတြလည္း က်​ေနာ္စကား​ေျပာစက္က​ေနအကုန္ျပန္လိုက္စုရတယ္။ အဲ့ထဲမွာ က်​ေနာ္အဖြဲ႕က ဆရာသမားႏွစ္​ေယာက္က လမ္းမတန္းကစကစကို ​ေပ၂၀​ေလာက္အကြာအ​​ေဝးက​ေန သဲအိတ္ကာၿပီး ​ေလာက္​ေလးခြနဲ႔ျပန္ပစ္​ေနတယ္။

က်​ေနာ္​ေတာ္​ေတာ္စိတ္ပူသြားတယ္။ က်​ေနာ္က​ေခါင္း​ေဆာင္ကိုး။သူတို႔တစ္ခုခုျဖစ္သြားရင္ က်​ေနာ့္မွာတာဝန္ျပည့္ရွိတယ္။ ဘာလို႔ဆို ဟိုက က်ည္အစစ္နဲ႔ပစ္​ေနတာ ၿပီး​ေတာ့ ​က်ည္ကာ​ေတြ ဒိုင္း​ေတြနဲ႔ ေလာက္​ေလးခြ​ေလာက္ကမတိုးဘူး။ဒါ​ေၾကာင့္ က်​ေနာ္သူတို႔ကိုသြား​ေခၚတယ္။ က်​ေနာ့္ဘဝမွာပထမဦးဆုံး က်ည္ဆံၾကားထဲ​ေရာက္ခဲ့ဖူးတာပဲ။ ကံ​ေကာင္းလို႔မ​ေသခဲ့တာပါ။

ကံ​ေကာင္းခ်င္​ေတာ့ လမ္းမတန္းပဲရွင္းၿပီး ​ေက်ာ္သြား​ေတာ့ ခါးက်ည္မွန္တဲ့သူ​ေတြ လက္ညႇိးပ်က္သြားတဲ့သူ​ေတြ က်​ေနာ္တို႔ျပန္ကယ္ထုတ္နိုင္ခဲ့တယ္။ က်​ေနာ္လည္း ​စကစေက်ာ္သြားၿပီးၿပီးခ်င္း အကုန္ျပန္စု ကား​ေတြအ​ေပၚျပန္တက္ခိုင္းၿပီးလမ္းရွင္းတုန္း က်​ေနာ္ရန္ကုန္ကို အျမန္ျပန္​ေမာင္းတယ္။

ဒီမွာဆက္​ေနရင္ လုံျခဳံမႈလည္းမရွိ။ တစိမ္း​ေနရာဆို​ေတာ့ က်​ေနာ္ျပန္ဖို႔ဆုံးျဖတ္လိုက္တယ္။ ဒီလိုနဲ႔​ေမာင္းလာရင္းကံ​ေကာင္းစြာနဲ႔ လွိုင္သာယာတံတားျဖတ္ၿပီး အဆင္းနားထိ​ေရာက္လာခဲ့တယ္ လမ္း​ေတာက္​​​ေ လၽွာက္လည္းလူ​ေတြ က ​ေသြး​ေ တြဆူၿပီး ​ေတာ္​ေတာ္ ရိုင္း​ေနၾကၿပီ။ ဒီလိုနဲ႔ တံတားအဆင္း​ေရာက္​ေတာ့ လူတစ္စုက လမ္းမႀကီးကို တာရာ​ေတြနဲ႔ျပန္ပိတ္ၿပီး ဓါတ္ဆီ​ေလာင္းၿပီး မီးရွို႔ဖို႔လုပ္​ေနၾကတယ္။

ကားတန္းကလည္းအရွည္ႀကီး က်​ေနာ့္လို လမ္းရွင္းတုန္းအိမ္ၿပ န္​ေရာက္​ေအာင္ ​ေမာင္းၾကတဲ့သူ​ေတြႀကီးပဲ။ က်ေနာ္လည္း မ​ေနနိုင္တာနဲ႔ အဲ့အဖြဲ႕ကို သြားရွင္းျပတယ္။ -ကံဆိုးျခင္း​ေတာ့ အဲ့မွာ​ေခါင္း​​ေဆာင္မရွိဘူး။ ​ေသြးဆူလို႔သာလုပ္ၿပီး လုပ္​​ေနတာမွန္လားမွားလားမသိၾက​ေတာ့ဘူး။

က်​ေနာ္​ေသခ်ာရွင္းျပတယ္။”စကစ​ေတြျပန္ဆင္းလာတဲ့အခါ လမ္း​ေပၚက ကားသမား​ေတြ​​ေကာ အကိုတို႔​ေကာ ဒုကၡ​ေရာက္လိ မ့္မယ္။သူတို႔ဆီမွာ ​ေသနတ္​ေတြနဲ႔ ျပန္​ေရာက္လာရင္ ​ေျပးရမွာပဲ။ ထိ​ေရာက္မႈမရွိဘူးလို႔​”ရွင္းျပတယ္။ ဒါဆိုက်​ေနာ့္ကိုသိ​ေတာ့ က်​ေနာ္ကား​ေတြ​ပဲ​ေပးသြားမယ္​​ေျပာတယ္။ က်​ေနာ္လက္မခံဘူးထပ္​ေျပာျပရွင္းျပ​ေနတဲ့အခ်ိန္မွာပဲ တာရာကိုမီးရွို႔ခ်လိုက္တယ္ ဘာမွလုပ္လို႔မရ​ေတာ့ဘူး။ တာရာ​ေ တြကလည္း အႀကီးၿပီး​ေတြဆို​ေတာ့​ေရြ႕ဖို႔လည္းမျဖစ္နိုင္ဘူး။

က်​ေနာ္လက္​ေလ ၽွာ့ၿပီးျပန္လာခဲ့တယ္။ က်​ေနာ့္အဖြဲ႕​ေတြအကုန္ ကား​​ေပၚကမဆင္ခိုင္းဘူး။ သူတို႔တာယာမီးရွို႔ၿပီး လမ္းပိတ္နိုင္လို႔ ​​ေအာင္ပြဲခံ​ေနၾကတယ္။ သူတို႔ ဒုကၡ​ေရာက္​ေစခ်င္တာ စကစ တကယ္ဒုကၡ​ေရာက္သြားတာလမ္း​ေပၚက ျပည္သူ​ေတြ။ လုပ္​ေဆာင္ခ်က္မွား​ေတာ့ ထိ​ေရာက္မႈလြဲသြားတယ္။

ထင္တဲ့အတိုင္းပဲ စကစက စစ္ကား​ေတြ ရန္ကုန္ကိုျပန္ဆင္းလာတယ္။ လမ္းမ​ေပၚကကား​ေတြ ​ေဘးကပ္ခိုင္းတယ္။ ကား​ေပၚကမဆင္းဖို႔​​ေျပာတယ္။ စကစလည္း​ေရာက္လာ​ေရာ ​ေသနတ္သံၾကားတာနဲ႔ ခုနက လူတစ္စု အကုန္​ေျပးၾကတယ္။အ​ေဝးက​ေန ​ေအာ္ဆဲၾကတယ္။​ေသနတ္​ေတြနဲ႔စကစ ကျပန္ပစ္တယ္။ စကစ က လမ္းမ​ေပၚက ကားသမား​ေတြ ကို ဘာမွမလုပ္ဖူး။ ကား​ေတြလည္းမစစ္​ေတာ့ က်​ေနာ္တို႔ကံ​ေကာင္းသြားတယ္။

အဲ့အခ်ိန္ စကစဘက္ကေန က်​ေနာ္ခံစားၾကည့္​ေတာ့ သူတို႔လုပ္​ေနတာမွန္​ေနၿပီလားလို႔​ေတာင္အ​ေတြးဝင္တယ္။ ဒီလိုနဲ႔ တာရာမီးကုန္သြား​ေတာ့ စစ္ကား​ေတြ အရင္ျဖတ္သြားၿပီး ခရီးသည္ကား​ေတြ​ေနာက္က တ​ေျဖး​ေျဖးလိုက္သြားတယ္။

စကစ​ေတြ အ​ေဝးတစ္​ေနရာ​ေရာက္​ေတာ့ ခုနက လူတစ္စု ဓါး​ေတြ လွန္​ေတြ တုတ္​ေတြကိုင္ၿပီးျပန္ထြက္လာတယ္။ သူတို႔အပစ္ခံရ​ေတာ့ ​​ေဒါသအရမ္းႀကီးၿပီး အသိစိတ္​ေတြမကပ္ၾက​ေတာ့ဘူး။ သတ္မယ္ ျဖတ္မယ္ဆိုၿပီး တခ်ိဳ႕ဆို ​နတ္ဆိုး​ေတြဝင္ပူးထားသလို အရက္​ေသာက္ထားသလို မ်က္​ေထာက္နီႀကီး​ေတြနဲ႔ ဝင္ခ်လာတယ္။ ကား​ေတြ အကုန္မွန္ခ်ခိုင္းတယ္ ကား မီး​ေတြအကုန္ပိတ္ခိုင္းတယ္။ က်​ေနာ့္ကားက ​ေရွ႕မီး ​ေအာ္​တိုလင္း​ေတာ့ ပိတ္မရဘူး က်​ေနာ္မွန္ခ်ၿပီးရွင္းျပတယ္။ အဲ့အခ်ိန္ က်​ေနာ္​ေရွ႕ကိုဓါး​ေတြဝင္လာတယ္ ​ေသၿပီလို႔​ေတာင္ထင္တာ။

ဒါ​ေပမယ့္ တခ်ိဳ႕ အသိစိတ္မလြတ္ဘဲ ​ေကာင္း​ေနတဲ့သူ​ေတြလည္းရွိ​ေတာ့ က်​ေနာ္ရွင္းျပတာလက္ခံတယ္။ က်​ေနာ္ maskထပ္ခၽြတ္ၿပီး အကုန္ရွင္းျပ​ေတာ့ သြားခြင့္​ေပးတယ္။ က်​ေနာ္တို႔လည္းလႊတ္​ေရာ ​ေနာက္က ကား​ေတြလိုက္မလာဘူး။ က်​ေနာ္လည္း ကား​ေပၚကဆင္ ၿပီး ​ေျပးၾကည့္​ေတာ့ ထင္တဲ့အတိုင္း အကုန္ဓါးႀကိမ္းႀကိမ္းခံ​ေနရတာ။ က်​ေနာ္လည္း လူအုပ္ၾကားထဲဝင္ အဖြဲ႕ဝင္ကား​ေတြအျမန္ဆြဲထုတ္ ​ေနာက္ဆုံးတစ္စီးမွာ​ေတာ္​ေတာ္ ​ေျပာယူၿပီး အသားကုန္ဆြဲထုတ္ရတယ္။

တစ္ခ်ိဳ႕က က်​ေနာ္ကို မ်က္​ေထာက္နီနဲ႔ၾကည့္ၿပီး သတ္​ေတာ့မယ့္ ပုံ​ေတြပါ။ ကံ​ေကာင္းတာ ​ေကာင္းတဲ့သူ​ေတြက သူ႔လူသူျပန္ထိန္းသြား​ေတာ့ က်​ေနာ္ကံ​ေကာင္းၿပီး ​ေသ​ေဘးကလြတ္သြားတယ္။ ​ေနာက္ဆုံးအဖြဲ႕ဝင္ကားတစ္စီးလည္းၿပီး​ေရာ လမ္းကိုလုံးဝပိတ္ခ်လိုက္တယ္။ က်​ေနာ္တို႔​ေတာ္​ေတာ္ကံ​ေကာင္းတယ္။ ပိတ္မိၿပီး က်​န္​ေနခဲ့တဲ့ သူ​ေတြအတြက္​ေတာ့ က်​ေနာ္​ေတာ္​ေတာ္စိတ္မ​ေကာင္းျဖစ္တယ္။က်​ေနာ့္အဖြဲ႕​ေတာင္မနည္းဆြဲထုတ္ရတဲ့အ​ေျခ​ေနမို႔ က်​ေနာ္ က်န္တဲ့သူ​ေတြကိုမကယ္နိုင္ခဲ့ဘူး။ ဘယ္လို ရွင္းျပရွင္းၿပ နားဝင္မွာမဟုတ္ၾက​ေတာ့ဘူး။ ဘာလို႔လည္းဆို သူတို႔ကို လုပ္သြား​ေတာ့ ​ေဒါသဟာ အထြတ္အထိပ္​ေရာက္ၿပီး အမွားအမွန္မသိ ​ေဝဖန္ပိုင္းျခားနိုင္စြမ္းမရွိၾက​ေတာ့ဘဲ ျပည္သူအခ်င္းခ်င္း ဒုကၡ​ေပးၾက​ေတာ့တာပဲ။

-ဒါကို သုံးသပ္ၾကည့္ရင္ က်​ေနာ္တို႔ဟာတစ္ခါတစ္​ေလ မွန္တယ္ထင္ၿပီးလုပ္​ေနၾကတာ​ေတြက ဓမၼမျဖစ္ပဲ အဓမၼျဖစ္သြားတယ္။ အခ်င္းခ်င္း မွားယြင္းသတ္ျဖတ္ကုန္ၾကတယ္။ ​ေဒါသဖုံးၿပီး အမွားကို အမွန္ထင္ၿပီး အမွန္ကို အမွားထင္ၾကတယ္။ ရည္ရြယ္ခ်က္​ေကာင္းၿပီး လုပ္​ေဆာင္ခ်က္မွားယြင္းတဲ့အခါ ၾကားလူက သူ႔လူျဖစ္ၿပီး အဓမၼတရားက အားသာသြားတယ္။

ဒါ​ေၾကာင့္ က်​ေနာ္ျဖစ္သလို မွားယြင္းသတ္ျဖတ္ခံရတဲ့ သူ​ေတြခုခ်ိန္ ရွိ​ေနၿပီလို႔က်​ေနာ္ထင္တယ္။ က်​ေနာ္သာအဲ့​ေန႔က ​အဲ့​ေနရာမွာေသရင္ က်​ေနာ္အဖြဲ႕က တစ္​ေယာက္​ေယာက္ အသတ္ခံရရင္ က်​ေနာ္ ဒီစာကို ခုခ်ိန္​ေရးနိုင္မွာမဟုတ္ပါဘူး။ဒါ​ေၾကာင့္ က်​ေနာ္တစ္ခု သတိ​ေပးခ်င္တာက

ဓမၼ ဘက္ရပ္တည္ရင္း အဓမၼ မလုပ္မိၾက​ေစဖို႔ပါ။ ရန္ကို ရန္နဲ႔တုန႔္ျပန္တဲ့အခါ မၿငိမ္းသြားပဲ ၁​ေယာက္က​ေန ၁၀​ေယာက္၊ ၁၀​ေယာက္​ေန ၁၀၀ ဒီလိုနဲ႔တ ​ေျဖး​ေျဖး အမုန္းတရား​ေ တြမ်ားၿပီး ​ျပည္သူအခ်င္းခ်င္းသတ္ပြဲ​ေတြကို ဦးတည္ကာ ေအးခ်မ္းမႈ နဲ႔​ေဝးသထက္​ေဝး သြားၾကအုန္းမွာပါပဲ။

အဓမၼကိုဓမၼ နဲ႔တြန္းလွန္မယ္ဆိုၿပီး သူ႔ရဲ့လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာေရး သားေဖာ္ျပထား ပါတယ္၊ စာဖတ္ပရိတ္သတ္ ႀကီးမ်ားအတြက္ျပန္လည္တင္ဆက္ေပးလိုက္ပါ Credit;

Add a Comment

Your email address will not be published.