သမိုင်း အစဉ်အလာ ကြီးမားသည့် “မဟာရန်ကုန်စံပြသဘင်” ကို ရပ်နား လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ ဟန်ဇာမိုးဝင်း
သမိုင်း အစဉ်အလာ ကြီးမားသည့် “မဟာရန်ကုန်စံပြသဘင်” ကို ရပ်နား လိုက်ပြီဖြစ်ကြောင်း စံပြသဘင်၏ မျိုးဆက်ဖြစ်သူ ဇာတ်မင်းသား ဟန်ဇာမိုးဝင်း က ၎င်း၏ လူမှုကွန်ရက် Facebook တွင် ဧပြီလ ၉ ရက်က ကြေ ညာခဲ့သည်။
မည်သည့် အကြောင်းရင်းေ ကြာင့် ရပ်နားရသည်ကို ဟန်ဇာမိုးဝင်းထံ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ လတ် တလော မဖြေချင်သေးေ ကြာင်းသာ ပြန်လည် ဖြေကြားခဲ့သည်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ရန်ကုန်မြို့မှ ဝါရင့် ဇာတ်သ ဘင်ပညာရှင် တဦးက “တကယ်တမ်းကျတော့ ဆက်လုပ်လို့ရှိရင် အများကြီး လုပ်လို့ ရသေးတယ်။ မျိုးဆက် အနေနဲ့ အငယ်ဆုံး သားလေး နေမိုးဝင်းလည်း ရှိသေးတယ်။ ဒီအရာက မဖြစ်စေချင်တဲ့ အရာတခုပဲ” ဟု ဧရာဝတီကို မှတ်ချက်ပြု ပြော သည်။
၎င်းက ဆက်ပြီး “တိုင်းပြည် အခြေအနေအရပေါ့။ သူတို့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ဒါပေမယ့် ယတိ ပြတ်ကြီး ဆုံးဖြတ်တာ မျိုး မဟုတ်ဘဲ အခြေအေ နတခု ပေးလာရင် ပရိသတ်ရင်ခွင်ကို ပြန်ရောက်လာစေချင်တယ်” ဟု ဆိုသည်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
အဆိုပါ ဇာတ်သဘ င်တွင် ဇာတ်မင်းသားကြီး မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်းတို့ ဖျော်ဖြေကပြခဲ့ကြကာ အောင်မြင်ကျော်ကြားပြီး အစဉ်အလာ ကြီးမားသည့် ဇာတ်သဘင်ကြီးတခု ဖြစ်သည်။
ယခုကဲ့သို့ မဟာရန်ကုန်စံပြသဘင် ကို ရပ်နားလိုက်ကြောင်း ဟန်ဇာမိုးဝင်း၏ ကြေညာချက်ကို ဇာတ်သဘင် လောကသား များနှင့် အနုပညာရှင်အချို့က ၎င်း၏ ဆုံးဖြ တ်ချက်ကို လေးစားမိကြောင်း ပြောဆိုထားကြပြီး၊ ဇာတ်သဘင် ပရိသတ် များကလည်း လွမ်းဆွတ်နေေ ကြာင်း လူမှုကွန်ရက်၌ ရေးသားထားကြသည်။
မဟာရန်ကုန်စြံ ပသဘင် ကို ဟန်ဇာမိုးဝ င်း၏ အဘိုးဖြစ်သူ သဘင်ပညာရှင် စိန်မာဒင်က ၁၉၃၃ ခုနှစ် ဝန်းကျင်တွင် မဟာရန်ကုန် စံပြသဘင် စိန်မာဒင် ဟု အမည်ပေးကာ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
စိန်မာဒင်သည် မြန်မာ့ဇာတ်သဘင်လောကတွင် သားနှစ်ဦးဖြ စ်သည့် မိုးဝင်း၊ မိုးမင်းနှင့် မြေးများ ဖြစ်သည့် ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း တို့ကို လက်ဆင့်ကမ်း အနု ပညာ အမွေများ ပေးနိုင်ခဲ့ပြီး၊ မြစ်ဖြစ်သူ နေမိုးဝင်းအထိ စံပြသဘင်၏ မျိုးဆက် ကျန်ရစ်ခဲ့သည်။ Credit;
Zawgyi Version
Add a Comment
Your email address will not be published.