Facebook အကောင့် ဟက်ခံထားရတာကြောင့် သရုပ်ဆောင် ဇဏ်ခီ၏ အလှူခံသည့် Page ကို ခေတ္တ ယာယီ ပိတ်ထား
သရုပ်ေ ဆာင် ဇဏ်ခီ အသုံးပြုေ နသည့် လူမှုကွန်ရက် Facebook အကောင့် အပါအဝင်၊ Follower ၉ သိန်း ၇ သောင်းကျော်ရှိ ၎င်း၏ Facebook စာမျက်နှာနှင့် Instagram အကော င့်တို့ကို လွန်ခဲ့သည့် နာရီပိုင်း အတွင်းက အဟက်ခံလိုက်ကြောင်း သိရသည်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ဇဏ်ခီ၏ ဇနီး ဒါရိုက် တာ ခရစ္စတီးနားခီက “ကိုဇဏ်ရဲ့ Facebook အကောင့် ဟက်ခံလိုက်ရပါတယ်။ သူ့ Page ကနေ သူ့ကို ထုတ်လိုက် သလို၊ Instagram ကိုလည်း ယူလိုက် ပါတယ်။ ဒါကြောင့်မို့ လို့ အခုချိန်မှစပြီး သူ့အကောင့်၊ သူ့ရဲ့ Page နဲ့အတူ Instagram မှ လာရောက် စကားေြ ပာတာ၊ မက်ဆေ့ချ်ပို့ တာပဲဖြစ်ဖြစ်၊ ပို့စ်တ င်တာပဲဖြစ်ဖြစ် ကိုဇဏ် မဟုတ်ဘူးဆိုတာ ကြိုအသိပေးပါတယ်။ အလှူ Page ကိုတော့ လုံခြုံမှုရှိအောင် Unpublished ခဏ လုပ်ထားပါတယ်” ဟု အသိပေးထားသည်။
သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီး နားခီတို့သည် ယခု ကာလအတွင်း မြန်မာနိုင်ငံရှိ ခက်ခဲနေသော ဒေသများထံသို့ လိုအပ်သည့် အရာများ လှူဒါန်းပေး နိုင်ရန် ရည်ရွယ်ကာ အပတ်စဉ် ရန်ပုံငွေ ရှာဖွေခြင်းဖြင့် ၎င်းတို့ တန်ဖိုးထားသော အမှတ်တရ ပစ္စည်း များကို နိုင်ငံတ ကာက မြန်မာပရိသတ်များထံ ရောင်းချပေးလျက်ရှိသည်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ဇဏ်ခီသည် အကောင့် မဟက်ခံရ မီ ပြီးခဲ့သည့် နာရီ ၂၀ အတွ င်းကပင် ၎င်းတို့ ဇနီး မောင်နှံ၏ တတိယအကြိမ်မြောက် ကမ်ပိန်း လှူဒါန်းမှု အတွက် ပါဝင်လှူဒါန်းကြရန် တိုက်တွန်း နှိုးဆော် ထားသေးသည်။
ဒါရိုက်တာ ခရစ္စတီးနားခီက အဆိုပါ အကော င့်ဟက်ခံရမှုကြောင့် အလှူခံသည့် Page ကို ခေတ္တ ယာယီ ပိတ်ထားကြောင်း အသိပေးထားသည်။
ခီမောင်နှံ ၏ Charity Program သည် ပထမဆုံးအကြိမ်၌ ငွေကျပ် သိန်း ၁၃၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်တွင် ငွေကျပ် သိန်း ၉၃၀ ကျော် ရရှိခဲ့ကာ တတိယအ ကြိမ်အတွက် ရန်ပုံငွေ ရောင်းချမှုအား မတ်လ ၁၅ ရက်နေ့တွင် နောက်ဆုံးဖြစ်ကြောင်း ကြေညာ ထားသည်။ Credit ဧရာဝတီ
Zawgyi Version
Add a Comment
Your email address will not be published.