ဒါရိုက်တာ ဝိုင်း ဖမ်းဆီးခံလိုက်ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ
နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်ပြီး အကယ်ဒမီဆုရှင်လည်းဖြစ်တဲ့ ဒါရိုက် တာဝိုင်း ဒီနေ့မနက်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
“ဒီမနက်မှာ အဖမ်းခံရတယ်။ သူ့အိမ်မှာ ဖမ်းသွားတ ယ်လို့ ကြားတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက PVTV ကို ပြောပါတယ်။
ဒါရိုက်တာဝို င်းမှာ တိန်းရှော င်နေတဲ့ နေရာကနေ ပုဇွန်တော င်မှာရှိတဲ့ သူ့နေအိမ်ကို ခေတ္တပြန်လာချိန်မှာပဲ နာရီဝက်အတွင်း ရဲကားန စ်စီးရောက် လာပြီးတော့ ဖမ်း ဆီးသွားတယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ဖမ်းဆီးခံ ရချိန်မှာ ဒါရိုက် တာဝိုင်းရဲ့ မျက်နှာက နွမ်းနေဟန်ရှိပြီးတော့ အိမ်နေရင်းအဝတ်အစားတွေနဲ့ လိုက်ပါသွားတယ်လို့လည်း စာရေးဆရာ ဒါရိုက် တာ တစ်ဦးဖြစ်သူ သွန်းနေစိုးက သူ့ဖေ့စ် ဘွတ်ခ်အေ ကာင့်မှာ ရေးထားတာ တွေ့ရပါတယ်။
ဒါရိုက်တာ ဝိုင်းက ပြီးခဲ့တဲ့နှစ် အနည်း ငယ်ကမှ လေဖြန်းထားသူ တစ်ယော က်ဖြစ်တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာတော့ နာမည်ကျော် သရုပ် ဆောင်တွေ၊ အဆိုတော်ေ တွ၊ ဒါရိုက်တာတွေ၊ စာရေးဆရာတွေနဲ့ နိုင်ငံရေးသမားတွေအများအပြားကို ဖမ်းဆီးထားသလို ဖမ်းဝရမ်း တွေလည်း ထုတ်ထားခဲ့ပါတယ်။ Credit;PVTV
Zawgyi Version