တာဝန်ယူမှု တာဝန်ခံမှု ဘာတခုမှမရှိတဲ့ တိရစ္ဆာန်ဆေးခန်းကြောင့် သေရာပါမျက်လုံး ကန်းသွားခဲ့တဲ့ သူမရဲ့ခွေးလေး အကြောင်းပြောလာတဲ့ ပိုးမီ
Myanmar Idol သီချင်းဆိုြ ပိုင်ပွဲက အဆိုတော် ပိုးမှီကတော့ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော် ခဲ့ရပေမယ့် အခုဆိုရင် အောင်ြ မင်တဲ့ဂီ တလမ်းေြ ကာင်းပေါ်ကို လျှောက်လှမ်းေ နတာပြဲ ဖစ်ပါတယ်။ ဒီကနေ့ မှာတော့ ပိုးမှီက တာဝန်ယူမှုမရှိတဲ့ တိရစ္ဆာန်ဆေး ခန်းကြောင့် သေရာပါမျက်လုံးက န်းသွားတဲ့ သူမရဲ့ေ ခွးလေးအေ ကြာင်းကို ဝမ်းနည်း စွာနဲ့ပြောလာပါတယ်။
“ကျွန်မေ ခွးလေး ြ ဖစ်ခဲ့ရတဲ့ အကြောင်းလေး ပြောပြချင်လို့ပါ 😢🥺စိတ်ဝင် စားစရာ သတင်းမဟုတ်ခဲ့ရင် ကျေးဇူးပြုပြီး ကျော်သွားပေးပါရှင်။ လွန်ခဲ့တဲ့ ၂လကျော်လောက်က ကျမသမီးလေး ဘယ်ဖ က်မျက်လုံးမှာ အပေါက်ကြီးလိုမျိုးပေါ်လာလို့ တောင်ဥက္ကလာ သံသုမာလ မ်းမပေါ်က #Royal_Asia ဆေးခန်းမှာ သွားပြတော့ ထိခိုက်မိတာ ဖြစ်လိမ့်မယ် မျက်စဉ်းခပ်ရမယ် ဆိုပြီး ပြောခဲ့ပါ တယ်။ နောက်နေ့ အထိ မျက်စဉ်းခပ်တာမသက်သာပဲ မျက်လုံးက နီရဲ ရောင်ကိုင်းနေလို့ထပ်သွားတော့ မျက်လုံးကိုပိတ် ရမယ်ဆို ပြီးပြောပါတယ်။ ဘာမှသေချာရှင်းပြတာလဲမရှိဘူး။ ခနနေတော့မှ မေ့ဆေးပေးရမယ်။ operation လုပ်ရမှာမို့ဆိုပြီး လက်မှတ်လာထိုးခိုင်းတယ်။ ဘာကြောင့်လဲ ဘာလို့လဲ အတင်းမေးမှ ပိုးဝင်တာမို့ အပေါ်မျက်ခွံ နဲ့အောက်မျက်ခွံကို ချုပ်ထားရမှာ ဆိုပြီးပြောတယ် ချုပ်ရမယ်ဆိုတော့ ကျမစိတ်ပူပြီလေ။ သေချာထပ်မေးတော့မှ ၅ရက်တစ်ခါ ပြရမယ်။ ၁၅ရက်နေရင်ချုပ်ရိုးဖြည်ပြီးရင် ကောင်းသွားလိမ့်မယ်ဆိုလို့ စိတ်အေးခဲ့ရတယ်။ ၁၅ရက်ပြည့်လို ချုပ်ရိုးဖြည်တော့ နီတာမရှိ ရောင်ရမ်းတာမရှိတော့ ကောင်းသွားပြီပဲထင်ပြီး အမှုမဲ့အမှတ်မဲ့ပဲနေခဲ့ပါတယ်။”
“ချုပ်ရိုးဖြည်ပြီးပေမဲ့ စိတ်ချ ရအောင်ဆိုပြီး မျက်စဉ်းဆက်ခပ်ခဲ့တာပါ။ ကိုယ့်ဖာသာ မျက်စဉ်းခပ်ရင် ရတယ်ပြောပေမယ့် အဆင်မေြ ပတာ ဖြစ်မှာစိုးလို့ နေ့တိုင်းနီးပါး ဆေးခန်းကိုသွားပြီးတောင် ခပ်ခဲ့တာပါ။ မခပ်ရတော့တာတောင်ရက်ပိုင်းပဲ ရှိသေးတာပါ။ ခုပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက်နေ့ ညမှာ ညာဖက်မျက်လုံးလေးက နီပြီး ဖွင့်မရသလိုဖြစ်လာပြန်တယ်။ အရင်ဘယ်ဖက်ဖြစ် ထားဖူးပြီမို့ စိုးရိမ်ပြီး ၃ရက်နေ့မှာ ဆေးခန်းကို ချက်ချင်းတန်းပြေးပြီး ပြခဲ့ပါတယ်။ မျက်လုံးကိုအစိ မ်းရောင်ဆေးရည်တွေ ခ ပ်ပြီး စမ်းသပ်ကြည့်တော့ အရင်ဘယ်ဖက်မျက်လုံးဖြစ်သလိုပဲ အပေါက်လေးထပ်တွေ့တော့ ထပ်ချုပ်ခဲ့ရတယ်။ စိတ်ထဲတော့ စိုးရိမ် စိတ်မဖြစ်မိတော့ဘူး။ အရင်တစ်လုံးလဲ ပြန်ကောင်းသွားတာပဲဆိုပြီးပဲ စိတ်ပေါ့နေခဲ့တာ။ စိုးရိမ်စိတ်ဖြစ်လာတာက ၃ရက်နေ့ည မေ့ေ ဆးပျယ်လို့ သမီးလေး နိုးလာတဲ့အချိန်မှာပါ။ အရမ်းဆော့ အရမ်းစားတဲ့ကလေးက တနေရာထဲမှာ မလှုပ်တော့ပဲ မျက်နှာကြီးမော့မော့ပြီး အသံကြားရာနေရာကို လိုက်နားစွင့်ပြီး ငြိမ်နေတာတွေ့လိုက်တော့တာ။”
“မသင်္ကာလို့ ချော့မြှူပြီး လမ်းအတင်းလျှောက်ခိုင်းတော့ ဒယိမ်းဒယိုင်နဲ့ နံရံတွေ ဝင်တိုက် စားပွဲတွေဝင်တိုက် ဖြစ်နေပါပြီ။ အရင်ကုပြီးသား ဘယ်ဖက်မျက်လုံးက မမြင်ရပဲ ကန်းနေပြီမှန်း အဲ့ကျမှ ကျမသိခဲ့ရတယ်။ ၄ရက်နေ့ ဆေးခန်းကို ဖုန်းဆက်အ ကျိုးကြော င်းပြောပြပီး ရောက်သွားတော့ ဆရာအငယ်တစ်ယောက်က ကြည့်ပေးနေတဲ့ချိန် အဲ့ဆရာဝန်ကြီးဆိုတဲ့တစ်ယောက်က အနားလာပြီး ဘယ် မျက်လုံးဖြစ်တာလဲဆိုပြီး သမီးလေးကို ငုံ့ကြည့်တယ်။ ပြီးတော့ သူ့မျက်လုံးက ကန်းသွားပြီ လို့ပြောတယ်။ ကျမရင်ထဲဆို့တက်သွားတယ်။ “ဆေးတွေသေ ချာကုခဲ့တာလေ..ဆရာက ကောင်းပြီဆိုတော့ တကယ်ကောင်းပြီပဲ ထင်ခဲ့တာ ခုမှဘယ်လိုဖြစ်တာလဲ ဆရာ” လို့မေးတာကို “သူ့မျက်လုံးကန်းနေတာ နင်လဲမသိဘူး ငါလဲ မသိနိုင်ဘူးလေ” ဆိုပြီး လေသံမာမာနဲ့ပြောတယ်။ ”
““မျက်ခွံချုပ်ပေးတယ်ဆိုတာ အပေါ်ယံကောင်းအောင်ပဲ ငါလုပ်ပေးတာ ဆေးခန်းလာပြကတည်းက သူ့မျက်လုံးကန်းနေလို့ပါ ဆိုပြီး နင်တို့လာပြ တာမှမဟုတ်တာ ခုသူကန်းတာ ငါ့ကြောင့်မဟုတ်ဘူး ငါနဲ့မဆိုင်ဘူး “ဆိုပြီး ထပ်ပြောတယ်။ အံ့ဩလို့ ဘာပြန်ပြောရမှ န်းတောင် မသိတော့ဘူး။ (အပေါ်ယံမျက်ခွံကောင်းအောင်ပဲ ချုပ်ပေးတာဆိုတော့ ကုန်ခဲ့ရတဲ့ အချိန်တွေ ငွေတွေ နေ့တိုင်းဆေးခန်းသွားရလို့ ကလေးပင်ပန်းခဲ့ရတာတွေက ဘာအတွက်လဲ? ဆေးခန်းလာကတည်းက မျက်လုံးထိခိုက်လို့လာ တာလေ။ မျက်လုံးပြ န်ကောင်းချင်လို့လာပြတာလေ။ မျက်လုံးကိုပြန်ကောင်းဖို့ မဟုတ်ပဲ အပေါ်ယံကောင်း ဖ်ု့အတွက်ပဲဆိုတာသိခဲ့ရင် ဘယ်သူက လုပ်ချင်ခဲ့မှာလဲရှင်။ ”
“ကျမ ပြသနာရှာေ နတာလဲမဟုတ်ဘူး။ အားကိုးတကြီးနဲ့ မေးတဲ့ သူကို ဘာလို့ အဲ့လိုပြောတာလဲ နားမလည်နိုင်ဘူး။ ဒေါသထွက်ချင်ေ နတဲ့ ကျမစိတ်ကို အတတ်နိုင်ဆုံးလျှော့ပြီး “အဲ့ဒါဆို အခု ဖြစ်တဲ့မျက်လုံးကရော ဘယ်လိုဖြစ်နိုင်လဲ” ဆိုတော့ “အဲ့မျက်လုံးလဲ ဖြစ်မှာပဲကန်းမှာပဲ “လို့ ပြတ်ပြတ်ကြီး ပြောတယ်။ ကျမ ထိန်းမရတော့ဘူး ငိုမိရော။ ကျမ ကလေး မျက်လုံးကန်းတာ သူ့ကိုအပြစ်တင်နေတာလဲမဟုတ်ဘူး .. ပြသနာရှာတာလဲမဟုတ်ဘူးလေ။ ကောင်းသွားလိမ့်မယ် ပြောပြီး ကန်းသွားတဲ့ ကျမသမီးလေးကို သနားလို့ shock ရသွားတာလေ။ ကျမကလေးကောင်းလာဖို့ အားကိုးလို့ ယုံကြည်လို့ လာပြတာလေ။ ဆရာဝန်ဖြစ်ပြီး ဘာကြောင့် စကားတွေကို လက်လွှတ်စပါယ် ပြောထွက်နိုင်ရတာလဲ။ ဘယ်ဖက်စဖြစ်ကတည်းက ..မချုပ်ရသေးခင်ကတည်းက အပေါ်ယံပဲကောင်းနိုင်တယ်ဆိုတာ ကန်းသွားနိုင်ခြေရှိတယ်ဆိုတာ သူသေချာ ရှင်းမပြသင့်ဘူးလား? မျက်လုံးချုပ်ထားလို့ ကန်းနေလား မကန်းလား မသိဘူးဆိုရင်တောင် ချုပ်ရိုးဖြည်တဲ့အချိန်မှာတော့ မျက်လုံးအခြေအနေကို သေချာကြည့်ပေးသင့်တယ်မဟုတ်ဘူးလား? ဒါမှမဟုတ် သူကိုယ်တိုင် မသိခဲ့လို့ ကောင်းသွားလိမ့်မယ်ဆိုတဲ့စကားကိုပြောခဲ့တာလား? သေချာမစမ်းသပ်ခဲ့တာလား ဆိုတာကိုတော့ သူကိုယ်တိုင်ပဲ သိနိုင်မယ်ထင်ပါတယ်။ အခု ညာဖက်ထပ်ဖြစ်တော့လည်း ဘာဆိုဘာမှ မရှင်းပြတဲ့ အပြင် ထပ်ချုပ်လိုက်ရတယ်။ အပေါ်ယံပဲ ကောင်းမယ်ဆိုတာ ကြိုသိထားခဲ့ရင် တစ်ခြားနည်းလမ်းရှာရင်လဲရှာမိမယ်။ မရှာဖြစ်ခဲ့ရင်တောင်မှ ကျမစိတ်ကို ကျမပြင်ဆင်ထားပြီးတော့ သမီးလေးကို အခုထက်ပိုဂရုစိုက်ပေးမိမှာပါ။ ပြီးတော့ သူပြောတဲ့စကား … “နင်တို့ဆေးခန်းလာပြတာ မျက်လုံးကန်းနေလို့ဆိုပြီး လာပြတာမှမဟုတ်တာ” ဆိုတာကြီးက professional မဆန်ပဲတော်တော် လက်လွတ်စပါယ်ပြောထွက်တဲ့စကားလို့ပဲ မြင်မိတယ်။ ကျမကလေး ကန်းတာသိနေရအောင် ကျမ ဆရာဝန်မှမဟုတ်တာ။ အဲ့လောက်သိနေလဲ ကျမဖာသာပဲကုလိုက်တော့မယ်။ သူ့တို့ကိုအားကိုးမနေတော့ဘူး။ “
“ဆရာဝန်ဖြစ်တဲ့ သူက ဘာဖြစ်လဲ စမ်းသပ်စစ်ေ ဆးပေးရမှာ ရှင်းပြ ပြောပြရမှာမဟုတ်ဘူးလားရှင့်။ အခုတော့ မရှင်းပြ မပြောပြတဲ့အပြင် အားကိုးလို့ လာပြတဲ့သူကို အော်ငေါက်ရုံတင်မကဘူး ဖြစ်သမျှ သူတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ ဆက်ဆံခံလိုက်ရတယ်။ ကျမဖြစ်စေချင်တာ ပြန်ကောင်းမလာတော့ဘူးဆိုရင်တောင်မှ ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေကို သေချာ ညှိနှိုင်းပြီး အဖြေရှာပေးစေချင်တာပါ။ မျက်နှာလွဲခဲပစ်လုပ်ခံရတဲ့အကြောင်းသိရဖို့ကျမကလေးမျက်လုံး ရင်းလိုက်ရတာ။ ငွေတွေ အချိန်တွေကုန်ခဲ့ရတာတွေအတွက် ကျေးဇူးတင်ပါတယ်။ နောင်တလဲရပါတယ်။ အခုတော့ အရမ်းပြေးလွှားဆော့နေတဲ့ ကျမသမီးလေးက တစ်နေရာထဲမှာ ငြိမ်ပြီး မလှုပ်ရဲရှာတော့ဘူး။ ချက်ချင်းကြီး မှောင်သွားရှာတဲ့ သူ့ကမ္ဘာကို သူနားမလည်ပဲ ကြောက်နေရှာမှာပဲ လို့တွေးမိတိုင်း ကျမရင်ကွဲရပါတယ်။”
“အခု ပြောပြရေးပြတာဟာ နောက်နောင် တိရိစ္ဆာန်လေးတွေ တခုခုဖြစ်တဲ့အခါ စိုးရိမ်ဇောနဲ့ သွားပြမိရင် ကျမကလေးလေးလို ဖြစ်မှာစိုးရိမ်လို့ ပြောပြတာပါ။ ဘယ်သူ့ကိုမှ ပြသနာရှာလိုစိတ် ထိခိုက်လိုစိတ်နဲ့ ရေးတာမဟုတ်ပါဘူး။ ဖြစ်ခဲ့သမျှ ကျမကလေးရဲ့ ကံလို့ပဲ မှတ်လိုက်ပါတယ်။ အားတင်းထားပါအုန်းသမီးလေးရေ မရရတဲ့နည်းလမ်းနဲ့ ကျန်နေသေးတဲ့ တစ်ဖက်ကို ကုနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါ့မယ် 😭နောက်ဆိုရင် Royal Asia ဆေးခန်း ကိုယောင်လို့တောင် ထပ်မသွားတော့ဘူး။ 😭” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။ Source: Poe Mi’s fb
Zawgyi Version
Add a Comment
Your email address will not be published.