(၁၀) နှစ်လုံးလုံး မွေးနေ့အမှန်ကို မပြောခဲ့တဲ့ အကြောင်းလေးကိုပြောပြရင်း ခင်ပွန်းဖြစ်သူအပေါ် နားလည်ခွင့် လွှတ်ကြောင်းပြော လာတဲ့ ငွေတီဦး

သရုပ်ဆောင် ပြေတီဦး ရဲ့ညီမဖြ စ်သူ ငွေတီဦး ကတော့ (၁၀)နှစ်ြ ကာပေါင်း သင်းခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွား ခဲ့တာကြောင့် နေ့စဉ်နေ့တိုင်း ခံစားဝ မ်းနည်းနေရ တာပဲဖြစ် ပါတယ်။ မနေ့က ဒီဇင် ဘာလ (၃၁) ရက်နေ့ကတော့ ငွေတီဦးရဲ့ ခင်ပွန်း ဒေါက်တာ ဉာ ဏ်လင်းဦးရဲ့ မွေးနေ့ေ လးပဲဖြစ်ပါတယ်။

ငွေတီဦးက ဒီဇင်ဘာလ (၃၁) ရက်နေ့မှာကျေ ရာက်တဲ့ မွေးနေ့ရှင်အတွက် အခုလိုပဲ သတိရတမ်းတကြောင်းရေးသားလာတာကို တွေ့ရပါတယ်။

“December 31.. Happy Birthday ကိုကွီးရေ။ ဒီနေ့က ကိုကို့ မွေးနေ့မဟုတ်တဲ့ ကိုကို့မွေးနေ့ပေါ့။ နှစ်တိုင်း ဒီနေ့ဆို New Year နဲ့ အတူတွဲပြီး Birthday ပါတီလုပ်ကြ ပျော်ကြနဲ့ နှစ်များစွာပေါ့။ ရည်းစားဘဝတုန်းက မေမေက အင်္ဂါသားနဲ့ သဘောမတူဘူးလို့ အမှတ်တမဲ့ ပြောခဲ့ဘူးတယ်။ ဗုဒ္ဓဟူးသားက ကိုယ့်အတွက်ကောင်းတယ်လို့လဲ ပြောမိဘူးတယ်။

ကို့မွေးနေ့က ဘာနေ့လဲလို့ မေးတော့ Dec 31 တဲ့။ ယုံအောင် ဇာတ်လမ်းကို အတိအကျဆင်ပြီး လိမ်ခဲ့တယ်။ “ကို့ကိုမွေးတာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက် ည ၁၁နာရီ ၄၅မိနစ်လေ.. အဲဒီ့နှစ်ရဲ့ အမှောင်ဆုံးည..အမှောင်ဆုံးအချိန်၊ ကို့အမတုန်းက ဗေဒင်က သေချာတွက်ပြီး မွေးခိုင်းတဲ့ရက်ထက်စောမွေးခဲ့လို့ အမက လူကောင်းအတိုင်း မဖြစ်ခဲ့ဘူး။

ကို့အလှည့်ကျတော့လဲ အဲလိုဘဲ မွေးရမယ့်ရက်မှာ မမွေးတော့ ကို့မေမေက ကို့အမလိုဖြစ်မှာစိုးလို့ ဗေဒင်အရ ယတြာချေပြီး မွေးနေ့ကို ပြောင်းခဲ့တာ။ မှတ်ပုံတင်ထဲက Oct 14 က မွေးနေ့ အစစ်မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ့ကိစ္စ ကို့အိမ်ကို လုံးဝသွားမမေးနဲ့နော်။ အိမ်က လုံးဝမကြိုက်ဘူး” ကိုယ့်မှာ ဇဝေဇဝါနဲ့ သူပြောတာယုံပြီး Dec 31 တိုင်း သူ့မွေးနေ့ကို ကျင်းပပေးခဲ့တယ်။

သူကလဲ ခပ်တည်တည်ဘဲ သူ့ကိုသူ ဗုဒ္ဓဟူး(ရာဟု)သားဆိုပီး မွေးနေ့အစစ်မှာ ဘယ်လိုမှမနေဘဲ Dec 31 တိုင်း သူ့မွေးနေ့လို့ ခံယူပြီး ၁၀ နှစ်လုံးလုံးဖြတ်သန်းခဲ့တယ်။ မွေးနေ့မှမဟုတ်ပါဘူး။ ဖြစ်တည်မှု တော်တော်များများကို ကိုယ့်အတွက်ပဲစဉ်းစားပြီး ကိုယ်ကြိုက်ရင်ပြီးရောဆိုပြီး နေပေးခဲ့တယ်။”

“ICU ထဲရောက်တော့ ဘုန်းဘုန်းတွေကို ဆေးဝါးတွေလှူဒါန်းပေးတော့ ဆရာတော်က ဖုန်းထဲကနေ Speaker ဖွင့်ပီးလှမ်းပြီး မေတ္တာပို့ ဆုတောင်းပေးတယ်။ ဒကာကြီး ဘာနေ့သားလဲ ဆိုတော့ အင်္ဂါသားပါဘုရားတဲ့။ ကိုယ်က သူ့ကို ICU ထဲမှာ မနက်နိုးလာတိုင်း ငါးပါးသီလခံယူဖို့ ညအိပ်ယာဝင်ရင် သီလကိုပြန်ဆင်ခြင်ပြီး ဆုတောင်းဖို့ ပြောတော့ သူကလဲ လိုက်နာပြီး လုပ်ရှာပါတယ်။

နောက်နေ့ကျတော့ ကိုကို ဒီနေ့ သီလယူဖြစ်လား ဟင်လို့မေးတော့ ယူြ ဖစ်တယ်တဲ့။ ဒါဆို ကို လိမ်ပြောလို့ မရဘူးပေါ့ဆိုတော့ အင်း တဲ့။ အဲဒါဆို ကို့မွေးနေ့က ဘယ်နေ့က အမှန်လဲဆိုမှ Oct 14 တဲ့။ ၁၀ နှစ်လုံးလုံး လိမ်နိုင်သူကြီးကို စိတ်တောင်မဆိုးရက်ခဲ့ပါဘူး။ စိတ်မကော င်းပဲ ဖြစ်ခဲ့ရတယ်။

ဗုဒ္ဓဟူး(ရာဟု) သား Drဉာဏ်လင်းဦးအတွက်ဆိုပြီး ဆုတွေတောင်း ယတြာတွေချေပေးကြတဲ့ သူတွေကလဲ စိတ်မကောင်းဘူးပေါ့.. “ချစ်ရယ် အရင်က သီလငါးပါးလုံး မလုံခဲ့ရင်တောင် တစ်ပါးတော့ သေချာလုံခဲ့ပါတယ်တဲ့။ ချစ်ကိုယူပြီးကတည်းက ကိုဘယ်သူ့ကိုမှ စိတ်နဲ့တော င်မဖောက်ပြန်ခဲ့ပါဘူးတဲ့။ ကို သစ္စာဆိုရဲပါတယ်တဲ့..””

“သစ္စာမဆိုလည်း ယုံပါတ ယ်ကိုရယ်။ ကိုယ့်ယောက်ျား အကြောင်း ကိုယ်သိတာပေါ့။ ကိုကိုဟာ အားလုံးအေ ပါ်တာဝန်ကျေခဲ့တယ်။ ဆေးရုံပေါ်မှာ ဖုန်းစသုံးနို င်တော့ ပျင်းတဲ့အချိ န်သုံးလို့ရအောင် ဖုန်းလေးလက်ထဲထည့်ပေးကတည်းက အားတဲ့အချိန် ရရင်ရသလို Donate ဖို့ Click တာ မပျက်ကွက်ခဲ့ဘူး။ အရမ်းတာဝန်ကျေပါတယ်။

ဒီဘဝမှာ ကောင်းမှုကု သိုလ်တွေတူတူြ ပုကြ ရေစက်တွေ အကြိမ်ကြိမ် အတူတူချခဲ့ကြတော့ သံသရာခရီးမှာ ပြန်ဆုံကြဦးမယ်ဆိုတာ ယုံပါတယ်။ နောက်ဘဝတွေ ကြရင်လည်း ဒီဘဝမှာလိုပဲ တစ်ဦးအပေါ်တစ်ဦး ကျေးဇူးပြုနိုင်သော ကောင်းသောဆုံတွေ့ခြင်းမျိုး၊ရေစက်ကော င်းမျိုးနဲ့ ပြန်ဆုံကြရပြီး တစ်ဦးကိုတစ်ဦး ပါရမီဖြည့်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်။”

“ချစ်ကို ယူခဲ့မိတာ ကို့ဘဝအတွက် အမှန်ဆုံး ဆုံးြ ဖတ်ချက် လို့ ကိုပြောခဲ့တဲ့အချိန်က ကို့ကိုယူခဲ့မိလို့လဲ သေးသေးလေးတောင် နောင်တမရခဲ့ဘူးဆိုတာ ကို့ကို ပြန်မပြောလိုက်ရလို့ အဲဒါလေးလဲသိစေချင်မိတယ်။ ကိုယ့်အပေါ်ဒီလောက်ကောင်းတဲ့ ယောက်ျားကို အင်္ဂါ သားဆိုလည်း ယူမှာပါ လို့ ပြန်မပြောဖြစ် ခဲ့တာလေးလည်း စိတ်မကောင်းဘူး။ ရောက်တဲ့အရပ်ကနေ ခံစားသိရှိနိုင်ပါစေ။ ကိုချစ်တဲ့ ကို့ရဲ့အကိုြ ကီးအတွက်လည်း စိတ်မကောင်းမဖြစ်ဘဲ ဂုဏ်ယူနိုင်ပါစေ…” ဆိုပြီး ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ Source: Ngwe Ou’s fb

Zawgyi Version

သ႐ုပ္ေဆာင္ ေျပတီဦး ရဲ့ညီမၿဖ စ္သူ ေငြတီဦး ကေတာ့ (၁၀)ႏွစ္ျ ကာေပါင္း သင္းခဲ့တဲ့ ခင္ပြန္းျဖစ္သူ ကြယ္လြန္သြား ခဲ့တာေၾကာင့္ ေန႔စဥ္ေန႔တိုင္း ခံစားဝ မ္းနည္းေနရ တာပဲျဖစ္ ပါတယ္။ မေန႔က ဒီဇင္ ဘာလ (၃၁) ရက္ေန႔ကေတာ့ ေငြတီဦးရဲ့ ခင္ပြန္း ေဒါက္တာ ဉာ ဏ္လင္းဦးရဲ့ ေမြးေန႔ေ လးပဲျဖစ္ပါတယ္။

ေငြတီဦးက ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာေက် ရာက္တဲ့ ေမြးေန႔ရွင္အတြက္ အခုလိုပဲ သတိရတမ္းတေၾကာင္းေရးသားလာတာကို ေတြ႕ရပါတယ္။

“December 31.. Happy Birthday ကိုကြီးေရ။ ဒီေန႔က ကိုကို႔ ေမြးေန႔မဟုတ္တဲ့ ကိုကို႔ေမြးေန႔ေပါ့။ ႏွစ္တိုင္း ဒီေန႔ဆို New Year နဲ႔ အတူတြဲၿပီး Birthday ပါတီလုပ္ၾက ေပ်ာ္ၾကနဲ႔ ႏွစ္မ်ားစြာေပါ့။ ရည္းစားဘဝတုန္းက ေမေမက အဂၤါသားနဲ႔ သေဘာမတူဘူးလို႔ အမွတ္တမဲ့ ေျပာခဲ့ဘူးတယ္။ ဗုဒၶဟူးသားက ကိုယ့္အတြက္ေကာင္းတယ္လို႔လဲ ေျပာမိဘူးတယ္။

ကို႔ေမြးေန႔က ဘာေန႔လဲလို႔ ေမးေတာ့ Dec 31 တဲ့။ ယုံေအာင္ ဇာတ္လမ္းကို အတိအက်ဆင္ၿပီး လိမ္ခဲ့တယ္။ “ကို႔ကိုေမြးတာ ႏွစ္တစ္ႏွစ္ရဲ့ ေနာက္ဆုံးရက္ ည ၁၁နာရီ ၄၅မိနစ္ေလ.. အဲဒီ့ႏွစ္ရဲ့ အေမွာင္ဆုံးည..အေမွာင္ဆုံးအခ်ိန္၊ ကို႔အမတုန္းက ေဗဒင္က ေသခ်ာတြက္ၿပီး ေမြးခိုင္းတဲ့ရက္ထက္ေစာေမြးခဲ့လို႔ အမက လူေကာင္းအတိုင္း မျဖစ္ခဲ့ဘူး။

ကို႔အလွည့္က်ေတာ့လဲ အဲလိုဘဲ ေမြးရမယ့္ရက္မွာ မေမြးေတာ့ ကို႔ေမေမက ကို႔အမလိုျဖစ္မွာစိုးလို႔ ေဗဒင္အရ ယၾတာေခ်ၿပီး ေမြးေန႔ကို ေျပာင္းခဲ့တာ။ မွတ္ပုံတင္ထဲက Oct 14 က ေမြးေန႔ အစစ္မဟုတ္ဘူး။ ဒါေပမယ့္ အဲဒီ့ကိစၥ ကို႔အိမ္ကို လုံးဝသြားမေမးနဲ႔ေနာ္။ အိမ္က လုံးဝမႀကိဳက္ဘူး” ကိုယ့္မွာ ဇေဝဇဝါနဲ႔ သူေျပာတာယုံၿပီး Dec 31 တိုင္း သူ႔ေမြးေန႔ကို က်င္းပေပးခဲ့တယ္။

သူကလဲ ခပ္တည္တည္ဘဲ သူ႔ကိုသူ ဗုဒၶဟူး(ရာဟု)သားဆိုပီး ေမြးေန႔အစစ္မွာ ဘယ္လိုမွမေနဘဲ Dec 31 တိုင္း သူ႔ေမြးေန႔လို႔ ခံယူၿပီး ၁၀ ႏွစ္လုံးလုံးျဖတ္သန္းခဲ့တယ္။ ေမြးေန႔မွမဟုတ္ပါဘူး။ ျဖစ္တည္မႈ ေတာ္ေတာ္မ်ားမ်ားကို ကိုယ့္အတြက္ပဲစဥ္းစားၿပီး ကိုယ္ႀကိဳက္ရင္ၿပီးေရာဆိုၿပီး ေနေပးခဲ့တယ္။”

“ICU ထဲေရာက္ေတာ့ ဘုန္းဘုန္းေတြကို ေဆးဝါးေတြလႉဒါန္းေပးေတာ့ ဆရာေတာ္က ဖုန္းထဲကေန Speaker ဖြင့္ပီးလွမ္းၿပီး ေမတၱာပို႔ ဆုေတာင္းေပးတယ္။ ဒကာႀကီး ဘာေန႔သားလဲ ဆိုေတာ့ အဂၤါသားပါဘုရားတဲ့။ ကိုယ္က သူ႔ကို ICU ထဲမွာ မနက္နိုးလာတိုင္း ငါးပါးသီလခံယူဖို႔ ညအိပ္ယာဝင္ရင္ သီလကိုျပန္ဆင္ျခင္ၿပီး ဆုေတာင္းဖို႔ ေျပာေတာ့ သူကလဲ လိုက္နာၿပီး လုပ္ရွာပါတယ္။

ေနာက္ေန႔က်ေတာ့ ကိုကို ဒီေန႔ သီလယူျဖစ္လား ဟင္လို႔ေမးေတာ့ ယူျ ဖစ္တယ္တဲ့။ ဒါဆို ကို လိမ္ေျပာလို႔ မရဘူးေပါ့ဆိုေတာ့ အင္း တဲ့။ အဲဒါဆို ကို႔ေမြးေန႔က ဘယ္ေန႔က အမွန္လဲဆိုမွ Oct 14 တဲ့။ ၁၀ ႏွစ္လုံးလုံး လိမ္နိုင္သူႀကီးကို စိတ္ေတာင္မဆိုးရက္ခဲ့ပါဘူး။ စိတ္မေကာ င္းပဲ ျဖစ္ခဲ့ရတယ္။

ဗုဒၶဟူး(ရာဟု) သား Drဉာဏ္လင္းဦးအတြက္ဆိုၿပီး ဆုေတြေတာင္း ယၾတာေတြေခ်ေပးၾကတဲ့ သူေတြကလဲ စိတ္မေကာင္းဘူးေပါ့.. “ခ်စ္ရယ္ အရင္က သီလငါးပါးလုံး မလုံခဲ့ရင္ေတာင္ တစ္ပါးေတာ့ ေသခ်ာလုံခဲ့ပါတယ္တဲ့။ ခ်စ္ကိုယူၿပီးကတည္းက ကိုဘယ္သူ႔ကိုမွ စိတ္နဲ႔ေတာ င္မေဖာက္ျပန္ခဲ့ပါဘူးတဲ့။ ကို သစၥာဆိုရဲပါတယ္တဲ့..””

“သစၥာမဆိုလည္း ယုံပါတ ယ္ကိုရယ္။ ကိုယ့္ေယာက္်ား အေၾကာင္း ကိုယ္သိတာေပါ့။ ကိုကိုဟာ အားလုံးေအ ပၚတာဝန္ေက်ခဲ့တယ္။ ေဆး႐ုံေပၚမွာ ဖုန္းစသုံးနို င္ေတာ့ ပ်င္းတဲ့အခ်ိ န္သုံးလို႔ရေအာင္ ဖုန္းေလးလက္ထဲထည့္ေပးကတည္းက အားတဲ့အခ်ိန္ ရရင္ရသလို Donate ဖို႔ Click တာ မပ်က္ကြက္ခဲ့ဘူး။ အရမ္းတာဝန္ေက်ပါတယ္။

ဒီဘဝမွာ ေကာင္းမႈကု သိုလ္ေတြတူတူျ ပုၾက ေရစက္ေတြ အႀကိမ္ႀကိမ္ အတူတူခ်ခဲ့ၾကေတာ့ သံသရာခရီးမွာ ျပန္ဆုံၾကဦးမယ္ဆိုတာ ယုံပါတယ္။ ေနာက္ဘဝေတြ ၾကရင္လည္း ဒီဘဝမွာလိုပဲ တစ္ဦးအေပၚတစ္ဦး ေက်းဇူးျပဳနိုင္ေသာ ေကာင္းေသာဆုံေတြ႕ျခင္းမ်ိဳး၊ေရစက္ေကာ င္းမ်ိဳးနဲ႔ ျပန္ဆုံၾကရၿပီး တစ္ဦးကိုတစ္ဦး ပါရမီျဖည့္ခြင့္ရပါေစလို႔ ဆုေတာင္းပါတယ္။”

“ခ်စ္ကို ယူခဲ့မိတာ ကို႔ဘဝအတြက္ အမွန္ဆုံး ဆုံးျ ဖတ္ခ်က္ လို႔ ကိုေျပာခဲ့တဲ့အခ်ိန္က ကို႔ကိုယူခဲ့မိလို႔လဲ ေသးေသးေလးေတာင္ ေနာင္တမရခဲ့ဘူးဆိုတာ ကို႔ကို ျပန္မေျပာလိုက္ရလို႔ အဲဒါေလးလဲသိေစခ်င္မိတယ္။ ကိုယ့္အေပၚဒီေလာက္ေကာင္းတဲ့ ေယာက္်ားကို အဂၤါ သားဆိုလည္း ယူမွာပါ လို႔ ျပန္မေျပာျဖစ္ ခဲ့တာေလးလည္း စိတ္မေကာင္းဘူး။ ေရာက္တဲ့အရပ္ကေန ခံစားသိရွိနိုင္ပါေစ။ ကိုခ်စ္တဲ့ ကို႔ရဲ့အကိုျ ကီးအတြက္လည္း စိတ္မေကာင္းမျဖစ္ဘဲ ဂုဏ္ယူနိုင္ပါေစ…” ဆိုၿပီး ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။ Source: Ngwe Ou’s fb

Add a Comment

Your email address will not be published. Required fields are marked *