မကြာခင်ဖြတ်ကျော်ရမည့် New Year ကြွေးကြော်သံ နဲ့ပတ်သတ်ပြီး အသိပေးလိုက်တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်
ပရိသတ်ကြီးရေ သရုပ်ေ ဆာင် မြနှင်းရည်လွင် ကတော့ လက်ရှိမှာ ခက်ခဲကြမ်းတ မ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးေ တာ့ တာဝန်ထ မ်းဆောင်နေတာပဲ ဖြစ်ပါတယ်။
အောင်မြင်နေတဲ့ အနုပညာရှင် မင်းသမီး တစ်လက်ဖြစ်ပေမယ့် အောင်မြင်မှု့တွေကို စွန့်ပစ်ပြီးေ တာ့ အမှန်တရားအတွက် ရဲရဲဝင့်ဝင့် ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူမကိုပရိသတ်ေ တွက အရမ်းကို ချစ်ခင်အားေ ပးကြရတာလဲ ဖြစ်ပါတယ်။
မြနှင်းရည်လွင် ကိုချစ်တဲ့ ပရိသတ်ေ တွကတော့ သူမရဲ့လုံခြုံဘေး ကင်းရေးအတွက် အမြဲတမ်း စိတ်ပူပင်နေတာပဲ ဖြစ်ပါတယ်။ မြနှင်း ဟာ New Year ကြွေးကြော်သံ နဲ့ပတ်သတ်တဲ့ အကြောင်း တစ်ခုကိုပရိသတ်တွေကို အခုလိုပဲ အသိပေးလာပါတယ်။
နှစ်သစ်ဆုေ တာင်း အား သစ်လောင်း နှင့် အတူ ဖက်ဒရယ်ဒီမိုကရေစီ New Year နှစ်သစ်ကို လည်းကြိုမယ် ဖက်ဆစ်ကိုလ ည်းဖြိုမယ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ည ၉ နာရီ 09:00 PM မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၁၂ နာရီ ၁၀ မိနစ်အထိ
00:10 AM ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စ စ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေး စတင်ခဲ့ရပြီး မြေပေါ်မြေအောက် အဖွဲ့အစည်း အသီးသီးမှ နည်းမျိုးစုံ ဘက်ပေါင်းစုံဖြင့် တော်လှန်နေကြရ သည်မှာလည်း ၁၁ လတိုင် ကြာခဲ့ပြီ ဖြစ်ပါသည်။
ထို့ကြောင့် ကျန်းမာရေး မိသားစုများမှ ဦးစီး၍ တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ကြသော ဆေးပညာရှင်များနှင့် နယ်ပယ်စုံမှ ရဲဘော်များအား လေးစားအမှတ်ရခြင်း အထိမ်းအမှတ် အပြင် ယနေ့တိုင် ယုံကြည်ချက် ကြံ့ကြံ့ခိုင်စွာဖြင့် တိုက်ပွဲဝင်လျက် ရှိကြသော
ကျန်းမာရေး CDM ဝန်ထမ်းများ CDM ထောက်ပံ့သူများ အာဇာနည်ရဲဘော်များ နှင့် တော်လှန်ရေးတွင် ကျရာနေရာမှ အားသွန်ခွန်စိုက် ပါဝင်ပေးနေကြသော ပြည်သူများအားလုံးကို
စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ် ၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည နှစ်သစ်ကူးချိန်တွင်အားသစ်လောင်း ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်မည် ဖြစ်ပါသည်။
ကြွေးကြော်တော်လှန် ည ၁၂ နာရီ တိတိတွင် Happy New Year ဟု အော်ဟစ်ကြိုဆိုမည့်အစား New Year ကြွေးကြော်သံ Federal Democracy NewYear ဟု အော်ဟစ်ရွတ်ဆို၍ နှစ်သစ်ကို ကြွေးကြော် ကြိုဆိုကြပါမည်။
မှတ်ချက် ကြွေးကြော်သံ ရွတ်ဆိုရာတွင် မိမိတို့၏ လုံခြုံဘေးကင်းရေးကို အထူး ဦးစားပေး ဂရုပြုစေလိုပါသည်
ဆုတောင်း တော်လှန် တော်လှန် နှစ်သစ်ဆုတောင်းပွဲ Prayer Strike တော်လှန်ရေး အဆက်ဆက် အသက်သွေး ချွေးများ ထည့်ဝင်ပေးဆပ်သွားကြသော အာဇာနည်များ
သူရဲကောင်းများ အကျဉ်းထောင်ထဲမှ သူရဲကောင်းရဲဘော်များ PDF တပ်သားများ တော်လှန်နေကြသော ပြည်သူများအားလုံးအတွက်လည်း December 31 ရက်နေ့ညတွင် ဝိုင်းဝန်းဆုတောင်း ကြပါမည်။ ဘာသာပေါင်းစုံ မိမိယုံကြည် ကိုးကွယ်ရာ အလိုက် တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ဆုတောင်းပေးကြပါရန်။
ဆုတောင်းသည့်အခါတွင် ဖယောင်းတိုင်ထွန်းခြင်း ဝမ်းနည်းခြင်းနှင်းဆီများ ဖြန့်ကြဲခြင်း စသည်ဖြင့်ကြိုက်နှစ်သက်သည့် ပုံစံနှင့်ဆုတောင်းမှုကို ဓါတ်ပုံမှတ်တမ်းတင်ပြီး social media တွေမှာ တင်ကြရင်း သွေးမအေးကြောင်း ပြသကြပါစို့ ခင်ဗျာ။ လို့ မြနှင်း ဟာသူမရဲ့လူမှု့ကွန်ယက်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။ Credit
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *