ဒီကနေ့အကြီးအကျယ် ဂယက်ထနေတဲ မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှ စကားသံများ

မြန်မာ့ ရုပ် ရှင် သက်ြ ကီးပူဇော်ပွဲ ကို နှစ်စဉ် အောက် တိုဘာလ ၁၃ ရက် ၌ ကျင်းပလေ့ရှိ ပြီး ယခုနှစ်တွင်လည်း ရန်ကုန်မြို့ ဝင်္ကပါ လမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးနေရာ၌ ပြုလုပ်ရာ အခမ်းအ နားကို စစ်ကောင်စီအဖွဲ့ဝင် များ တက်ရောက်ပြီး ငွေကျပ် သိန်း ၁၀၀ ကို လှူဒါန်း ခဲ့ကြောင်း စစ်ကောင်စီ ၏ သတင်းစာများ တွင် ဖော်ပြ ထား သည် ။

သက်ကြီး အနုပညာရှင် တဦးဖြစ် သည့် ဒေါ်နွဲ့နွဲ့စန်းက “ကျမတို့ သက်ကြီးအနုပညာရှင်တွေကို နိုင်ငံတော် ဝန်ကြီးချုပ်က လည်း ကြည့် တယ်။ ပြန်ကြားရေးဝန်ကြီးကလည်း ကြည့်တယ်ဆိုတော့ ကျမတို့အတွက် အားလည်း ရှိ တယ် ။ မူလက တည်းက ကျမတို့က အဖြူရောင် အနု ပညာရှင်တွေပါ ။ အနုပညာရှင်ဟာ အနုပညာရှင်နေရာ မှာပဲ နေရမှာ ပါ ။ ဒီနေ့ မှာ ဝန်ကြီးချုပ်ကြီးနဲ့ မမကြူတို့က ငွေကျပ်သိန်း ၁၀၀ လှူတဲ့အတွက် အထူး ကို ကျေးဇူးလည်း တင်တယ် ။ ကြည်နူး တယ် ။ ကျမ ဝမ်းသာခြင်း သုံးမျိုး ကို ခံစားရတာကို ဝန်ကြီးချု ပ်ကြီး နဲ့ တွေ့တဲ့အခါမှာ ပြောပါမယ်။ အခုလို အနုပညာရှင် သက်ကြီး ပူဇော်ပွဲကို ထောက်ပံ့မှုပေး တဲ့အပေါ် အတိုင်း မသိ ကျေးဇူးတင် ရပါတယ် ” ဟု ပြော သည် ။ ထို့ပြင် သက်ကြီးအနု ပညာရှင်များ အား ငွေကျပ် ၁၀ သိန်း ဆန်တအိတ်၊ ဆီနှင့် ကြက်ဥ အလုံး ၅၀ တို့ကိုလည်း လှူဒါန်းခဲ့ ကြောင်း သိရ သည် ။

ရုပ်ရှင် သရုပ်ေ ဆာင် ဒေါ်ပုလဲက “ အခုချိန်မှာ အမေတို့လို အနုပညာရှင်တွေ အခက်အခဲရှိ သလို ကျန်တဲ့သူတွေ လည်း အခက်အခဲ ရှိနေကြတာလေ ။ အမေတို့ ရုပ်ရှင်လောကကို မရောက်မီ ကတည်းက မြန်မာ့ရုပ်ရှင် ဟာ စည်းစည်း လုံးလုံး နဲ့ နေထိုင်ခဲ့ကြတာ ။ အခု ဆိုရင် မြန်မာ့ရုပ်ရှင်ရဲ့ အသိုက်ကြီးဟာ ပျက်နေ သလို ခံစားရ တယ် ။ အားလုံး စည်းစည်းလုံးလုံး နဲ့ အနုပညာ တာဝန်ကို ထမ်းရမှာဟာ အမေတို့ လောကသားတွေရဲ့ တာဝန်ပါ ။ အမေဆိုရင် နှစ် ၅၀ ရွှေရတု လည်း မီ ခဲ့တယ် ။ အခုဆိုရင် မြန်မာ့ရုပ် ရှင် နှစ် ၁၀၀ တောင် ကျော်သွားပြီ” ဟု ပြောသည်။

နှစ်စဉ် ကျင်းပခဲ့ သည့် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲ သည် ယခုနှစ်တွင် ၄၄ ကြိမ် ရှိခဲ့ပြီဖြစ်သည် ။ ယခင်က မြန်မာ့ ရုပ်ရှင် သက်ကြီး ပူဇော်ပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်၍ ရုပ်ရှင်အနုပညာရှင်များစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော် လည်း ယခုနှစ်တွင် စစ်ကောင်စီ မှ ခန့်အပ်သည့် ပြန်ကြားရေးဝန်ကြီးနှင့် သက်ကြီး အနု ပညာရှင်တချို့သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည် ။

အာဏာသိ မ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် အနုပညာရှင်များ ကို ဖမ်းဆီး အကျဉ်းချထားသလို ဖမ်းဝရမ်းထုတ်၍ လိုက်လံ ဖမ်းဆီး လျက်ရှိပြီး တဖက်တွင် ပြည်သူများကို ဖျော်ဖြေရေးဖြင့် ပြန်လည် စိတ်လည်လာအောင် ဆွဲဆောင်မှုများ ရှိနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၌ ပြန်ကြားေ ရးဝန်ကြီး ဦးမောင်မောင်အုန်းက တနိုင်ငံလုံးတွင် ရှိသည့် ရုပ်ရှင်ရုံများအား ပြန်လည် ဖွင့်လှစ်ရန်နှင့် ရုပ်ရှင်ရိုက်ကူးရေးများ ရိုက်ကူးခွင့် ပြုမည့်အကြောင်း ပြော ဆို သည် ။

ယခုပြုလုပ်ခဲ့သည့် သက်ကြီးပူဇော် ပွဲနှင့် ပတ်သက် ၍ လွတ်မြောက်နယ်မြေ သို့ ရောက်ရှိနေ သည့် ဒါရိုက်တာ သည်ခေတ် နေက “အသုံးချတဲ့ သူတွေရှိလို့ အသုံးချခံရတဲ့ ပြဿနာတွေ ရှိလာတာပါ။ ငြင်းပယ်ခြင်းကလည်း အလှတမျိုးပဲလေ။ သူ့ ပရိသတ်နဲ့ သူပါပဲ။ သမိုင်းက လူကို အဆုံးအဖြတ်ေ ပးပါလိမ့်မယ်” သုံးသပ်ပြောဆို သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က) ဖြင့် ဖမ်းဆီးထားသည့် အနုပညာ ရှင် ၂၀ ဦးထက်မနည်း ရှိနေပြီး ဖမ်းဝရမ်း ထုတ်ခံရသူ ၁၀၀ ကျော်ရှိနေဆဲ ဖြစ်သည် ။

မြန်မာနိုင်ငံ တွင် စစ်တပ်က အာဏာသိမ်းမှု သုံးကြိမ်လုပ်ခဲ့ရာ အနုပညာနယ်ပယ်မှာ သူများကို ငွေကြေးနှင့် မြေကွက် စသည့် အခွင့်အလမ်းများ ပေးကာ ပုံစံ အမျိုးမျိုးဖြင့် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး အကျိုးပြုဟု ဆိုကာ မိမိတို့နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများ ကို မကောင်းသော သူများအဖြစ် ပုံဖော်ကာ ရုပ်ရှင်များ ရိုက်စေခြင်း၊ တေးသီချင်းများ သီဆိုစေခြင်းစသည်တို့ ပြုလုပ်ခဲ့သည်ကို တွေ့ရ သည်။

Zawgyi Version

ျမန္မာ့ ႐ုပ္ ရွင္ သက္ျ ကီးပူေဇာ္ပြဲ ကို ႏွစ္စဥ္ ေအာက္ တိုဘာလ ၁၃ ရက္ ၌ က်င္းပေလ့ရွိ ၿပီး ယခုႏွစ္တြင္လည္း ရန္ကုန္ၿမိဳ႕ ဝကၤပါ လမ္းရွိ ျမန္မာနိုင္ငံ ႐ုပ္ရွင္ အစည္း အ႐ုံးေနရာ၌ ျပဳလုပ္ရာ အခမ္းအ နားကို စစ္ေကာင္စီအဖြဲ႕ဝင္ မ်ား တက္ေရာက္ၿပီး ေငြက်ပ္ သိန္း ၁၀၀ ကို လႉဒါန္း ခဲ့ေၾကာင္း စစ္ေကာင္စီ ၏ သတင္းစာမ်ား တြင္ ေဖာ္ၿပ ထား သည္ ။

သက္ႀကီး အႏုပညာရွင္ တဦးျဖစ္ သည့္ ေဒၚႏြဲ႕ႏြဲ႕စန္းက “က်မတို႔ သက္ႀကီးအႏုပညာရွင္ေတြကို နိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က လည္း ၾကည့္ တယ္။ ျပန္ၾကားေရးဝန္ႀကီးကလည္း ၾကည့္တယ္ဆိုေတာ့ က်မတို႔အတြက္ အားလည္း ရွိ တယ္ ။ မူလက တည္းက က်မတို႔က အျဖဴေရာင္ အႏု ပညာရွင္ေတြပါ ။ အႏုပညာရွင္ဟာ အႏုပညာရွင္ေနရာ မွာပဲ ေနရမွာ ပါ ။ ဒီေန႔ မွာ ဝန္ႀကီးခ်ဳပ္ႀကီးနဲ႔ မမၾကဴတို႔က ေငြက်ပ္သိန္း ၁၀၀ လႉတဲ့အတြက္ အထူး ကို ေက်းဇူးလည္း တင္တယ္ ။ ၾကည္ႏူး တယ္ ။ က်မ ဝမ္းသာျခင္း သုံးမ်ိဳး ကို ခံစားရတာကို ဝန္ႀကီးခ်ဳ ပ္ႀကီး နဲ႔ ေတြ႕တဲ့အခါမွာ ေျပာပါမယ္။ အခုလို အႏုပညာရွင္ သက္ႀကီး ပူေဇာ္ပြဲကို ေထာက္ပံ့မႈေပး တဲ့အေပၚ အတိုင္း မသိ ေက်းဇူးတင္ ရပါတယ္ ” ဟု ေျပာ သည္ ။ ထို႔ျပင္ သက္ႀကီးအႏု ပညာရွင္မ်ား အား ေငြက်ပ္ ၁၀ သိန္း ဆန္တအိတ္၊ ဆီႏွင့္ ၾကက္ဥ အလုံး ၅၀ တို႔ကိုလည္း လႉဒါန္းခဲ့ ေၾကာင္း သိရ သည္ ။

႐ုပ္ရွင္ သ႐ုပ္ေ ဆာင္ ေဒၚပုလဲက “ အခုခ်ိန္မွာ အေမတို႔လို အႏုပညာရွင္ေတြ အခက္အခဲရွိ သလို က်န္တဲ့သူေတြ လည္း အခက္အခဲ ရွိေနၾကတာေလ ။ အေမတို႔ ႐ုပ္ရွင္ေလာကကို မေရာက္မီ ကတည္းက ျမန္မာ့႐ုပ္ရွင္ ဟာ စည္းစည္း လုံးလုံး နဲ႔ ေနထိုင္ခဲ့ၾကတာ ။ အခု ဆိုရင္ ျမန္မာ့႐ုပ္ရွင္ရဲ့ အသိုက္ႀကီးဟာ ပ်က္ေန သလို ခံစားရ တယ္ ။ အားလုံး စည္းစည္းလုံးလုံး နဲ႔ အႏုပညာ တာဝန္ကို ထမ္းရမွာဟာ အေမတို႔ ေလာကသားေတြရဲ့ တာဝန္ပါ ။ အေမဆိုရင္ ႏွစ္ ၅၀ ေရႊရတု လည္း မီ ခဲ့တယ္ ။ အခုဆိုရင္ ျမန္မာ့႐ုပ္ ရွင္ ႏွစ္ ၁၀၀ ေတာင္ ေက်ာ္သြားၿပီ” ဟု ေျပာသည္။

ႏွစ္စဥ္ က်င္းပခဲ့ သည့္ ျမန္မာ့႐ုပ္ရွင္ သက္ႀကီးပူေဇာ္ပြဲ သည္ ယခုႏွစ္တြင္ ၄၄ ႀကိမ္ ရွိခဲ့ၿပီျဖစ္သည္ ။ ယခင္က ျမန္မာ့ ႐ုပ္ရွင္ သက္ႀကီး ပူေဇာ္ပြဲကို ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွ ဦးေဆာင္၍ ႐ုပ္ရွင္အႏုပညာရွင္မ်ားစြာႏွင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့ေသာ္ လည္း ယခုႏွစ္တြင္ စစ္ေကာင္စီ မွ ခန႔္အပ္သည့္ ျပန္ၾကားေရးဝန္ႀကီးႏွင့္ သက္ႀကီး အႏု ပညာရွင္တခ်ိဳ႕သာ တက္ေရာက္ခဲ့သည္ကို ေတြ႕ရသည္ ။

အာဏာသိ မ္းစစ္ေကာင္စီက ၎တို႔ကို ဆန႔္က်င္သည့္ အႏုပညာရွင္မ်ား ကို ဖမ္းဆီး အက်ဥ္းခ်ထားသလို ဖမ္းဝရမ္းထုတ္၍ လိုက္လံ ဖမ္းဆီး လ်က္ရွိၿပီး တဖက္တြင္ ျပည္သူမ်ားကို ေဖ်ာ္ေျဖေရးျဖင့္ ျပန္လည္ စိတ္လည္လာေအာင္ ဆြဲေဆာင္မႈမ်ား ရွိေနသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ၌ ျပန္ၾကားေ ရးဝန္ႀကီး ဦးေမာင္ေမာင္အုန္းက တနိုင္ငံလုံးတြင္ ရွိသည့္ ႐ုပ္ရွင္႐ုံမ်ားအား ျပန္လည္ ဖြင့္လွစ္ရန္ႏွင့္ ႐ုပ္ရွင္ရိုက္ကူးေရးမ်ား ရိုက္ကူးခြင့္ ျပဳမည့္အေၾကာင္း ေျပာ ဆို သည္ ။

ယခုျပဳလုပ္ခဲ့သည့္ သက္ႀကီးပူေဇာ္ ပြဲႏွင့္ ပတ္သက္ ၍ လြတ္ေျမာက္နယ္ေၿမ သို႔ ေရာက္ရွိေန သည့္ ဒါရိုက္တာ သည္ေခတ္ ေနက “အသုံးခ်တဲ့ သူေတြရွိလို႔ အသုံးခ်ခံရတဲ့ ျပႆနာေတြ ရွိလာတာပါ။ ျငင္းပယ္ျခင္းကလည္း အလွတမ်ိဳးပဲေလ။ သူ႔ ပရိသတ္နဲ႔ သူပါပဲ။ သမိုင္းက လူကို အဆုံးအျဖတ္ေ ပးပါလိမ့္မယ္” သုံးသပ္ေျပာဆို သည္။

စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္း နိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ၅၀၅ (က) ျဖင့္ ဖမ္းဆီးထားသည့္ အႏုပညာ ရွင္ ၂၀ ဦးထက္မနည္း ရွိေနၿပီး ဖမ္းဝရမ္း ထုတ္ခံရသူ ၁၀၀ ေက်ာ္ရွိေနဆဲ ျဖစ္သည္ ။

ျမန္မာနိုင္ငံ တြင္ စစ္တပ္က အာဏာသိမ္းမႈ သုံးႀကိမ္လုပ္ခဲ့ရာ အႏုပညာနယ္ပယ္မွာ သူမ်ားကို ေငြေၾကးႏွင့္ ေျမကြက္ စသည့္ အခြင့္အလမ္းမ်ား ေပးကာ ပုံစံ အမ်ိဳးမ်ိဳးျဖင့္ စည္း႐ုံးေရး လုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့ၿပီး အက်ိဳးျပဳဟု ဆိုကာ မိမိတို႔ႏွင့္ ဆန႔္က်င္ဘက္ အဖြဲ႕အစည္းမ်ား ကို မေကာင္းေသာ သူမ်ားအျဖစ္ ပုံေဖာ္ကာ ႐ုပ္ရွင္မ်ား ရိုက္ေစျခင္း၊ ေတးသီခ်င္းမ်ား သီဆိုေစျခင္းစသည္တို႔ ျပဳလုပ္ခဲ့သည္ကို ေတြ႕ရ သည္။

Add a Comment

Your email address will not be published. Required fields are marked *