ကျနော်ဟာ PDF စစ်သား တစ်ယောက်ပါ ဆိုတဲ့ မိုင်းမိုင်ဆိုင်း

ဒီပုံတွေ တင်တာနဲ့ပတ်သက်ပြီး မိတ်ဆွေ တစ်ယောက်က

မေး- ဘာလို့ပုံတွေ တဇွတ် ထိုးတင်နေတာလဲ နင့်ရှေ့ရေး ဘယ်လို လုပ်မလဲ၊ သီချင်းဘယ်လိုဆို စားတော့မလဲ???😁

ဖြေ- ကျနော်ဘာမှ မဖြစ်ချင်တော့လို့တင်တာပါ

❤️ကျနော်ဟာ PDF စစ်သား တစ်ယောက်ပါ ❤️

ကျနော်လိုဘဲ အားလုံးစွန့်လွတ်ပြီး PDF ထဲ ဝင်လာသူညီအစ်ကိုမောင်နှမ များစွာရှိပါတယ်။ ကျနော့ထက်တောင် အရင်းအနှီး ကြီးတဲ့သူတွေ

ဒုနဲ့ဒေးပါ။မိဘတွေ covidကြောင့် ဆုံးသွားတဲ့မောင်နှမတွေအများကြီးပါ။ထပ်တူကြေကွဲရပါတယ်။😥

ကျနော်က ဒိတ်ဒိတ်ကျဲ နာမည်ကြီး မဟုတ်ပေမယ့် ကျနော့်အရှိန် အဝါက ဘာမှမရှိ ပေမယ့် အတူတူစွန့်လွ တ်စွန့်စားနေတဲ့ ရဲဘော်ရဲဖက် သူငယ်ချင်းများအားလုံးနည်းနည်းလေး ဖြစ်ဖြစ် အားတက် သွားစေချင်လို့တင်တာပါ။

ခင်များတို့ဘဲ မဟုတ်ပါဘူး ကျနော်လည်း ခင်များတို့နဲ့အတူတူပါ ဆိုတာ သိစေချင်တာပါ။❤️ PDF မောင်နှတွေ စိတ်ဓာတ်မကျကြေး💪💪

ဒီလိုတွေတင်လို့ ဘာတွေထိခိုက်ဆုံးရှုံးရမယ် ကျနော်သိပါတယ်။ အိမ်ပြန်လို့မရ၊ အရင်လို လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ရ မရတော့ ဘုရားဘဲသိတော့မယ်။

ဒါပေမဲ့ ကိုယ့်ဖာကို ဖြေသိမ့်ထားပြီးသား ဆုံးဖြတ်ပြီးသားပါ။

ကျနော်ဟာ အရမ်းနာမည်ကြီး အနုပညာသမားမဟုတ်ပေမယ့် မြန်မာနိုင်ငံ တော်တော်နံ့ နံ့ သီချင်းဆိုဖူးသွားပြီ။ရောက်ဖူးပြီးသွားပြီ။ ကမ်းခြေ တွေလည်း မရောက်ဖူးတဲ့ ကမ်းခြေမရှိသလောက် ရောက်ဖူး ပျော်ဖူးသွားပြီ။

နိုင်ငံခြားခရီးစဉ်တွေ လည်း သူများထက် ပိုသွားဖူးရောက်ဖူး ဆိုဖူးပြီ။ အစားကောင်းတွေ လည်း ကောင်းပေ့ဆိုတာတွေ ကျနော် စားဖူးပြီ။

ကျနော့်အတွက် လုံလောက်ပါပြီ ကျေလည်းကျေနပ်သင့်ပါပြီ သွားဖူး၊ လာဖူး၊ စားဖူး တဲ့အရသာတွေသိနေတော့ ပြန်တမ်းတ မိရုံကလွဲလို့ ရောင့်ရဲနိုင်ပါပြီ။

ကျနော်ကဘဲ အရမ်းဆုံးရှုံးသူကြီးလို ကြောက်နေ ဝမ်းနည်းနေရင် ကျနော့်ထက်ပို နာမည်ကြီးတဲ့

ကိုမင်းမော်ကွန်းတို့၊ကိုကျားပေါက်တို့၊ မိတ်ကပ်မေဦးတို့၊ထားထက်ထက်တို့ နိုဗန်ထူး တို့က ရီနေပါဦးမယ်😁😁

ဒီတော့အေးချမ်းသွားတဲ့တစ်နေ့ ပြန်လာလို့ရရင်လည်းလာမယ်။ မရ ရင် လည်း ပိုကောင်းတဲ့နေရာမှာ ပိုကောင်းတဲ့အနေအထားနဲ့ ရှိရင်ရှိနေမယ်။🍀

မဟုတ်ရင်လည်း တောင်ပေါ်‌ ဒေသမှာ အိမ်လေးဆောက် စိုက်ခင်းတွေလုပ်ပြီး အေးအေးချမ်းချမ်းနေသွားမယ်🌿 အဝေးကနေသီချင်းတွေဖန်တီးပြီး

ကျနော့ရဲ့ UTube channel နဲ့ Page တွေကနေ တင်ပေးသွားမယ်။

အဲဒီ အခြေနေ‌ တွေအထိမရောက်ဘဲ သေသွားမယ် ဆိုလည်း လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီမို့ ကျေကျေနပ်နပ် သေသွားပါမယ်🥰

Add a Comment

Your email address will not be published. Required fields are marked *