သတိထားဖို့ လိုအပ်နေတဲ့ ကလေးကိုဗစ်…(ဘယ်လိုကာကွယ်မလဲ/ဘယ်လိုပြုစုမလဲ)

Credit :ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ။ ကလေးမှာ ကိုဗစ် ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်

( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

➡️ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ

ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️၁နှစ်အောက် ( အစက်ချဆေး Drop )

Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ် 100 mg / ml ပါပါတယ် ၆ နာရီ တခါလိုရင် တိုက်နိုင်ပါတယ်

➡️ ၁နှစ်က ၅ နှစ်

အရည် (Syrup or suspension) တွေရှိပါတယ်

120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ် ၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်

Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

➡️၅ နှစ် အထက်

ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ် တပြား ၅၀၀ မီလီဂရမ်ပါတယ် တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ

ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ

ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်

Cetrizine syrup ( Cetrine/ Adezio/ Ormist / အလားတူတွေရှိပါတယ် 5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်

၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

➡️မိမိအနေနဲ့ ပေးလေ့ရှိတာကတော့

၆ လအေါက် – 1 ml ၂ ကြိမ်

၆ လ နဲ့ ၁နှစ်ကြား – 1.5 ml ၂ ကြိမ်

၁နှစ် နဲ့ ၅ နှစ် ကြား – 2.5 ml ၂ ကြိမ်

ဆေးပြား 10 mg /tab ဆိုရင်

၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်

၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်

၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်

ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် – ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

🩺ဝမ်းသွားရင်

အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ

ရိုးရိုး အရသာမပါ – MPF

လိမ္မော်အရသာ – Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်

အညွှန်းအတိုင်းဖျော်ပါ

ဆေးလိုမသေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်

ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

🤮အံရင်

Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်

အစက်ချဆေးဆိုရင်

ဝ.၀၂ -ဝ.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်

( Voneta/ Deflux / စသည်ဖြင့် )

အရည် ဆိုရင်

ဝ.၀၂ -ဝ.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်

( Motilium syrup/ Cosy စသည်ဖြင့် )

ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

👩🏻‍🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကေ လးငယ်ကို မိခင်နို့ ဆက်တိုက်လို့ရပါတယ်

ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ် ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

Add a Comment

Your email address will not be published. Required fields are marked *