ကိုဗစ်ဖြစ်နေတာ ဆယ်ရက်လောက်ရှိပီး စိတ်အားတင်းတွန်းလှန်နေတဲ့ သူမရဲ့အဖြစ်တွေကို ရင်ဖွင့်ပြောပြလာတဲ့ အလှမယ် ဟန်လေး

အလှမယ် သရုပ်ေ ဆာင်မင်း သမီးချော ဟန်လေးကေ တာ့ အနံ့အရ သာပျော က်ကာ ပြီးခဲ့တဲ့ရက် ပိုင်းတွေ ကတည်းက Covid 19 ရောဂါကူးစ က်ခံစားနေရတယ် လို့ သိရပါတယ်..။

မိသား စုတွေနဲ့ အဝေးမှာ တစ်ယောက်တည်းေ နရင်း ရောဂါခံစားေ နတာမို့ စဖြစ်ဖြစ် ချင်းမှာ အရမ်းကြော က်ခဲ့ရသလို အရမ်းလည်း အားငယ်ဝ မ်းနည်းမိတဲ့ အကြောင်းတွေနဲ့ သူမရဲ့လက်ရှိ အခြေအေ နတွေကို ရင်ဖွင့်ပြောပြလာပါတယ်..။

စိတ်အား တင်းကာ ဆရာဝန်နဲ့သေ ချာတိုင်ပင်ပြီး ကျန်းမာရေးကို အစစ အရာရာဂရု စိုက်ပေမယ့် အနံ့အရသာ မရတဲ့အချိ န်တွေမှာ ဝမ်းနည်းလွန်းလို့ တယောက်တည်းငိုရင်း ကြိတ်မှိ တ်စားရတဲ့ အကြောင်းတွေ ကိုလည်း စိတ်မကောင်းစွာ ပြောပြ ထားပါတယ်..။

“COVID-19 ၁၀ ရက် ခရီး”

ဟန်လေး ဒီလ ၅ ရက်နေ့ကစပြီး COVID positive ဖြစ်ပါတယ်။ အခုဆို ၁၀ရက် ရှိပါပြီ။ အနံ့၊ အရသာပျောက်သွားတာတော့ ၄ရက်ရှိပါပြီ။ ဖြစ်ဖြစ်ချင်းတုန်းက အရမ်းလဲ ကြောက်တယ်။

မိသားစု ရဲ့အဝေးမှာ တယောက်ထဲ နေတာ ဆိုတော့ အားလဲ ငယ်တယ်။ စိုးရိမ် စိတ်တွေလဲ ဖိစီးတာပေါ့နော်။ 😥

ဒါပေမယ့် ကြောက်နေ ရုံနဲ့ မပြီးဘူးလေ။ အသက်ဆက်ရှင်ဖို့ ကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေရပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးတွေ သောက်တယ်။ အားရှိအောင် အစားတွေ စားတယ်။ ညကို ပုံမှန်အိပ်တယ်။ အောက်စီဂျင် နဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတယ်။

အနံ့ အရသာမရေ တာ့တဲ့ အချိန်မှာဆို ဝမ်းနည်း လွန်းလို့ တယောက်ထဲ ငိုရင်းနဲ့ ကြိတ်မှိတ်ပြီး မရမက စားတယ်။ 😥😥😥.. ဆိုကာ ကိုဗစ်ရောဂါကို တွန်းလှန်နေတဲ့ သူမရဲ့အကြော င်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

ထပ်မံပြီးေ တာ့လည်း သူမလို Covid ကူးစက်ခံထား ရသူတွေအတွ က်လည်း “ဟန်လေးလို Covid positive ခံစားနေရသူတွေကို အကြံပေးချင်တာလေ ….

– စိတ်ဓာတ်မကျပါနဲ့။ 🙅🏻‍♀️🙅🏻‍♀️🙅🏻‍♀️

– ဆေးတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်ပါ။ မလိုအပ်ပဲ တခြားဆေးတွေ သောက်မိရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရနိုင်ပါတယ်။ 💊 💊💊

– အနံ့ အရသာ မပျောက်ခင် အားရှိမယ့်အစာတွေ စားပါ။ တကယ်လို့ အနံ့ အရသာမရတော့ရင်လဲ အစားဝင်မှ ငါအသက်ရှင်မှာဆိုတဲ့ စိတ်ကို မွေးပါ။ 💪🏻

– အမြဲထိုင်စိ တ်ညစ်နေမ ယ့်အစား သူငယ်ချင်းတွေနဲ့ စကားပြောပါ။ သာမန် ကိုယ်နေနေ ကျပုံစံအတို င်းပဲနေပါ။😉

-တကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ပါ။ 💁🏻‍♂️💁🏻‍♀️

ကိုယ်ကျန်းမာဖို့ ကိုယ့်မှာပဲ တာဝန်ရှိတာဖြစ်လို့ ကိုယ့် ကိုကိုယ် ချစ်ပါ။ ဂရုစိုက်ပါ။

အပေါ်က အချက်တွေကို လိုက်နာရင်း

ဟန်လေးနဲ့ အတူ ဒီရောဂါကြီးကို တွန်းလှန်ကြစို့နော် ❤️❤️❤️

လုပ်နိုင်မှာပါ။ ယုံကြည်ပါတယ်။ 💪🏻💪🏻💪🏻..” ဆိုပြီးတော့လည်း ဝေမျှကာ အကြံပေးထားပါသေးတယ်..။

လက်ရှိ အခြေအနေတွေအရ ပြည်သူတွေ အားလုံး စိတ်ပျော်အော င်နေဖို့နဲ့ အားရှိအောင် အစားများ များစားပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Add a Comment

Your email address will not be published. Required fields are marked *