မဖြစ် မနေ …. “သင် ကိုယ်တိုင် အောက်ဆီဂျင်ဗူး တပ်ဆင်ရန်လိုအပ်လာခဲ့ပါက..”

(1) အောက်ဆီဂျင်မီတာဗူးကိုဖွင့်ဖောက်ပါ။အထဲတွင်အောက်ပါပစ္စည်းသုံးခုပါဝင်ပါမည်။(မီတာပါအပိုင်း+ရေထည့်ဗူး+လေရှုပိုက်)

(2) ရေထည့်ဗူးကို မီတာပါအပိုင်းနှင့်တပ်ဆင်ရာတွင် မီတာဒိုင်ခွက်ပါသည့်အပိုင်းရှိရာဘက်သို့ရစ်၍အရစ်ဆုံး သည်အထိသေချာကြပ်ရမည်။

(3) အောက်ဆီဂျင် ဗူး၏ ပိုက်ခေါင်းတွင် မီတာအား ဂွရှင်ကိုအသုံးပြု၍ အောက်ဘက်သို့ရစ်၍ အရစ်ဆုံးထိသေချာတပ်ဆင်ပါ။

(4) ရေထည့်ဗူးအား မီတာဒိုင်ခွက်၏ဝေးရာဘက်သို့ အရစ်လှည့်ဖွင့်ပြီးရေသန့် တစ်ဝက်ခန့်ဖြည့်ပြီးပြန်လည်တပ်ဆင်ပါ။

(5) အောက်ဆီဂျင်ဗူးတွင်ပါသော အဖွင့်အပိတ်ဘားအား မီတာဒိုင်ခွက်ရှိရာဘက်သို့ သုံးပတ်ခန့်လှည့်ဖွင့်ပါ။(ဒိုင်ခွက်ရှိမျှားတံသည် အောက်ဆီဂျင်လက်ကျန်အားပြသပြီဆိုပါက

မီတာရှိ(Shut & Open)စာတန်းပါ အရှိန်နှုန်းထိန်းသည့်ခလုတ်အဝိုင်းအား မီတာဒိုင်ခွက်၏ဝေးရာဘက်သို့ဖြေးညှင်းစွာလှည့်ဖွင့်၍ဆရာဝန်ညွှန်ကြားထားသည့် မိမိလိုအပ်သောပမာဏကိုချိန်ညှိပါ။

(6) မီတာဒိုင်ခွက်ဘေးရှိအရှိန်နှုန်းပြဖန်ပြွန်ချောင်းထဲတွင် ဘောလုံးအသေးလေးသည် သင်ချိန်ညှိသည့်အတိုင်း ထက်အောက် တက်လိုက်ကျလိုက်ဖြင့်ပြသနေလိမ့်မည်။

ဆရာဝန်၏သီးခြားအကြံပြုချက်မရှိပါက ပုံမှန် 2/3 လောက်သာထားရှိ၍အသုံးပြုရန်အကြံပြုလိုပါသည်။

ဆရာဝန်ညွှန်ကြားမှုမပါလျှင် 5နှုန်းထက်ကျော်လွန်၍ အသုံးမပြုပါနှင့်။

(7) ရေထည့်ခွက်ရှိရေများပလုံစီထ၍မီတာ၏ လေထွက် ပေါက်မှ လေထွက်သံစကြားရပြီဆိုသင်အောင်မြင်ပါပြီ။

ထိုအချိန်မှမီတာရေထည့်ဗူး လေထွက်ပေါက်တွင် လေရှူပိုက်တပ်ဆင်၍အသုံးပြုပါ။

Source -သုညသုခ ပရဟိတ လူငယ် အသင်း

Add a Comment

Your email address will not be published. Required fields are marked *