အိမ်တိုင်းလိုလို အောက်ဆီဂျင် အိုးတွေကိုဝယ်ယူ ဆောင်ထားကြပြီဆိုတော့ သုံးပုံသုံးနည်း အချိန်အဆတွေနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပေးပါမယ်နော်

၁။အောက်ဆီဂျင်ဟာ radiation မဖြစ်ပါဘူး။ ဒါကြောင့် သူ့နားမှာ ဖုန်းပြောနိုင်ပါတယ်။

၂။အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမလောင်နိုင်ပါဘူး၊ ဒါပေမယ့် မီးလောင်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် မီးဖိုဘေး၊ မီးနဲ့ပတ်သက်တဲ့ နေရာတွေနဲ့ ဝေးဝေးထားပေးရပါမယ်။

ဒီအိုးနားမှာ ဆေးလိပ်မသောက်ရပါဘူး။ မီးပျက်လို့ သူ့ပေါ်မှာ ဖယောင်းတိုင်လေးထွန်းတာမျိုး လုံးဝလုံးဝမလုပ်ရပါဘူးနော်။

၃။လေဖြည့်ထားတဲ့ အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ လေပေါင် pressure 1800psi ရှိတာမို့ လေရှိနေတဲ့အိုးတွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ရှောင်ကြဉ်ရပါမယ်။

၄။အရေးအကြီးဆုံးကတော့ အောက်ဆီဂျင်အိုးတွေဟာ ဆီမှန်သမျှကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိအောင်ထားစေချင်ပါတယ်။

လှည့်တဲ့ ဝှီးဘားလေးကြပ်နေလို့ ဆီလေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါစေနဲ့။ filling လုပ်တဲ့အချိန်ပေါက်ကွဲစေတတ်ပါတယ်။

၅။အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်နှောင်ထားရပါမယ်။

သတိရှိနိုင်ကြပါစေ။

O2 ကြာချိန်တွက်နည်း

အခုတစ်လော ကိုဗစ်တွေစစ်လို့အတွေ့များလာတော့ အရင်လို အဆင့်ဆင့် supervisor တွေမရှိပဲ ကိုယ့်ဒူးကိုယ်ချွန် လုပ်ရမယ့် လူနာတင်ယာဉ် အဖွဲ့တွေအနေနဲ့ O2 ပေးရင် ကြာချိန် ခန့်မှန်းတတ်ဖို့ လိုလာပါပြီ

ဒါမှ မိမိသွားမယ့် လူနာလမ်းကြောင်း ကြာချိန်နဲ့ မိမိကားပေါ်ပါလာတဲ့ O2 လောက်မလောက် ခန့်မှန်းလို့ရမှာပါ

အဓိက ကိုဗစ်လူနာအတွက်ပဲသီးသန့်ပြောပါမယ်

ကိုဗစ်လူနာတွေထဲမှာလွှဲပြောင်းရမယ့်အဆင့်ဆို အနိမ့်ဆုံး O2 5L/min ကနေစပေးပါတယ်

O2 ဆလင်ဒါတွေမှာ type အမျိုးမျိုးရှိပြီး အိမ်သုံး ဆေးခန်းသုံး လူနာတင်ယာဉ်သုံးတွေက E type cylinder တွေပါ

လူနာတင်ယာဉ်တွေမှာတော့ E type ကိုမှ 10L အရွယ်အစား 15L အရွယ်အစား ဒီနှစ်မျိုးကိုသုံးပါတယ်

10L အရွယ်အစားသည် များသောအားဖြင့် လေပေါင် 900psi ဝင်ဆန့်ပြီးတော့ 15L အရွယ်အစားသည် 1100psi ဝင်ဆန့်ပါတယ်

ကြာချိန်တွက်ကြည့်ရအောင်

Formula က pressure(psi) ကို conversion factor နဲ့မြောက်ပြီး flow rate နဲ့စားရမှာပါ

E type cylinder တွေအတွက် conversion factor သည် 0.28 ဖြစ်ပါတယ်

လူနာတင်ကားပေါ်က 10L အိုးကို 5L/minနဲ့ပေးရင် 900psi × 0.28 ÷ 5L/min = 50.4min ရပါမယ်

15L အိုးကို 5L/min နဲ့ပေးရင် 1100psi × 0.28 ÷ 5L/min = 61.6min ရပါမယ်

အချုပ်ပြောရရင် ..

မိမိကားပေါ်က အောက်စီဂျင်အိုး လေပေါင်ကိုကြည့်ပြီး 0.28 နဲ့သာမြှောက်ချလိုက် ပြီးရင် ဘယ်လောက်နှုန်းနဲ့ပေးမလဲလို့မေး အဲနှုန်းနဲ့စားချလိုက် ပေးလို့ရမယ့်ကြာချိန်ရပြီ

အဆင်ပြေကြပါစေ

Add a Comment

Your email address will not be published. Required fields are marked *