ပြန်လည် လွတ်မြောက် လာပြီးတဲ့ နောက် ဦးတီနဲ့ အူဝဲ တို့ရဲ့ လက်ရှိအခြေအနေကို ပြောပြလာတဲ့ မေတိုးခိုင်

မတရား ဖမ်းဆီး ထိန်းသိမ်း ထားခံရတာကနေ လွတ်မြောက်လာပြီး ပြေတီဦးနှင့် အိနြာကျော်ဇင် တို့ အကြောင်းကို ပြောပြလာခဲ့တဲ့ မေတိုးခိုင်

ပရိတ်သတ်ကြီးရေ အနုပညာရှင်တွေ အများစုက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေနဲ့ အတူ အပြည့်အဝ ရပ်တည်ခဲ့ကြပါတယ် ။

သူတို့ရဲ့ အောင်မြင် ကျော်ကြားမှုတွေကို ခနထားပြီး ပြည်သူတွေနဲ့ တစ်သားတည်း လမ်းမပေါ် အထိ ထွက်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ ။

ထို့အပြင် သူတို့ရဲ့အကောင့်တွေကနေလည်း အစွမ်း ကုန် နေ့ ရောည ပါ speak out တွေလည်း လုပ် ခဲ့ ကြ ပါ တယ် ။

ဒါ့ကြာင့် လည်း ပုဒ်မ (၅၀၅-က) နဲ့ တရား စွဲဆိုခံရသူတွေ ရှိသလို တစ်ချို့ နာမည်ကြီး အနုပညာရှင်တွေဆို ကံမကောင်းစွာနဲ့ပဲ ဖမ်းဆီး ခံခဲ့ကြပါတယ် ။

ဇွန်လ (၃၀) ရက်နေ့ မနက် အစောပိုင်းလောက်မှာတော့ ထိန်းသိမ်း ခံထားရတဲ့ အနုပညာရှင်တွေအပြင် အခြား နိုင်ငံရေးသမားများကို လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ် ။

အားလုံးကလည်း ရင်ခုန်စွာ နဲ့ စောင့်နေခဲ့ကြသလို တစ်ချို့ ဆို လွှတ်ပေးမယ့် နာမည် စာရင်းတွေပါ ကြို သိ နေ ကြ သ လို ပို တောင် ရင်ခုန် နေကြ တာ တွေ ရှိ နေပါ တယ် ။

အခုလည်း တစ်မနက်လုံး အားလုံး မျှော်လင့် စောင့် စားနေကြတဲ့အတိုင်း မေတိုးခိုင် တော့ ပြန်လည် လွှတ်မြောက်လာပြီး အိမ်ပြန် ရောက်နေပြီ ဖြစ်ကြောင်း သိ ရှိ ရ ပါ တယ် ။

ဒါပေမယ့် ဦးတီ နဲ့ အူဝဲ တို့ နှ စ်ယောက် ပြန်လည် လွတ်လာ ခဲ့ခြင်းမရှိပေမယ့်လည်း အထဲရောက်နေတဲ့ ဦးတီနဲ့ အူဝဲ တို့ရဲ့ အခြေအနေကို အခုလို ပြောပြထားပါတယ်။

ပရိတ်သတ်ကြီး အားလုံး ကြားထားဖူးတဲ့ အတိုင်း နစ်ယောက်လုံး ကျန်းကျန်းမာမာ ရှိပါတယ် ။ တူလေးနဲ့ တူမလေးကို လည်းစိတ်မချ ပဲ စိတ်ပူပြီး သတိရနေကြပါတယ်

အနည်းငယ် တင်းကျပ် ပေမယ့် လည်းစိတ်ပူရလောက်တဲ့ အထိအခြေအနေ မဆိုးတာမို့ အားလုံး စိတ်အေးအေးနဲ့ ဦးတီနဲ့ အူဝဲတို့ရဲ့ ပြန်လာတာကိုစောင့် ပေးကြပါနော် ဆိုပီး ပြောပြထားတာပဲ ဖြစ်ပါတယ်

မိသားစုနဲ့ ထပ်တူ ဝမ်းသာ ပျော်ရွှင်မိတာကြောင့် ပရိတ်သတ်ကြီးအတွက် သတင်း ကောင်းလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

အခုလို ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *