ချင်းပြည်နယ် အတွင်း တချို့စစ်ဆေးရေးဂိတ် တွေက ဆန်နဲ့ဆေးဝါးပစ္စည်းတွေ လုံးဝသယ်ခွင့်မပေးကြောင်း ပြောပြလာတဲ့ ထူးအယ်လင်း

တေးသံရှင် ထူးအယ်လင်း ကတော့ အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေသူ တစ်ယောက်ပဲဖြစ်ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည် သူေ တွဟာ ဘေးလွတ်ရာစ စ်ဘေးေ ရှာင်ေ နခဲ့ရပြီး စားသောက် ဖွယ်ရာေ တွ၊ဆေး ဝါးနဲ့ အမိုးအ ကာတွေလိုအ ပ်နေကြပါ တယ်။

ပြည်သူေ တွက လည်း တတ်နို င်သလောက် လှူဒါန်းကြပေမယ့် လမ်းမှာတ င်ဖမ်းဆီးခံ ရတာမျိုး၊ မီးရှို့ဖျက် ဆီးခံရတာ မျိုးတွေရှိပြီး စစ်ဘေးရှောင်ြ ပည်သူတွေ ဒုက္ခရောက်နေကြပါတယ်။

ယခုမှာေ တာ့ ထူးအယ်လင်း တစ်ယောက် ချင်းပြည်နယ် ၊မင်းတပ်မြို့က စစ်ဘေးရှောင်ပြည်သူတွေကို လှူဖို့ အတွက် သွားရင်း စစ်ဆေးရေးဂိတ် က ဆန်နဲ့ဆေးဝါး ပစ္စည်းတွေ လုံးဝသယ်ခွင့်မပေးတဲ့ အကြောင်း ပြောပြလာခဲ့ပါတယ်။

သူကတော့ မင်းတပ် စစ်ဘေးရှောင်တွေကို သွားလှူရင်း ဆရာတော် တစ်ပါးအတွက် ဆိုင်ကယ် အသေးတစ်စီးပါ လှူဒါန်းခဲ့ပါတယ်။

ထူးအယ်လင်း ကတော့ မင်းတပ်က အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ၂ ကြိမ်တိုင်တိုင် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

သူ ကတော့ ” ဆန်သယ်လို့ မရောက်တဲ့ ရွာ ဆန်နှင့်မျှင်ငပိ၊ အသင့်စား ငန်ပြာရည်ချက်၊ ငါးသေတ္တာဗူးတွေ၊ ငါးကြော်တွေ ရောက်အောင် တစ်ဆင့် ပို့ကူခဲ့တယ် ရွာကျောင်း တစ်ကျောင်းက သွားရေးလာရေး ခက်ခဲလို့ပါပြောလို့ ဆိုင်ကယ် အသေးတစ်စီးပါ ဝယ်လှူခဲ့ လိုက်တယ်(ဉူးဇင်းကိုယ်တိုင် ဆိုင်ကယ်မစီးတတ်ဘူး )…

ဒကာကြီးရယ် ဝမ်းသာ လိုက်တာ တဲ့ ကျွန်တော်တို့လည်း ဝမ်းသာတယ်ဗျာ ခုနှစ်ရက် သားသမီး ရာဟု သားသမီးအပါ အလှုရှင်များကောင်းမှုကြောင့် တကယ်ကို ကူညီရကျိုးနပ်ပါတယ် “ဆိုပြီး ရေးသားထားခဲ့ပါတယ်။

မင်းတပ် စစ်ဘေးရှောင်တွေကို သွားလှူဒါန်းနေတဲ့ ထူးအယ်လင်း ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *