အနုပညာရှင်(၂၄)ဦး ကို ပုဒ်မ (၅၀၅-က) အမှုတွေ တရားဝင်ပြန်လည် ရုပ်သိမ်းပေးလိုက်ပီဟု ကြေငြာ

ပီးခဲ့တဲ့ ဧပြီလ ကနေ စတင်ပြီး လူမှုကွန်ယက်ပေါ်မှာ နိုင်ငံ့ ဝန်ထမ်းများကို CDM လှုပ်ရှားမှုများ နဲ့ လူထုလှု ပ်ရှားမှုြ ပုလုပ်ဖို့ လှုံဆော်ေ ရးသား မှုများကြောင့် ပြည်သူချစ် အနုပညာ ရှင် တချို့ကို ပုဒ်မ(၅၀၅-က) ဖြင့် အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။

ဇွန်လ (၂၉)ရက်နေ့မှာတော့ ပုဒ်မ (၅၀၅-က) ဖြင့် အမှုဖွင့် ထားခြင်း ခံရတဲ့ အနုပညာရှင် (၂၄)ဦးကို ၎င်းတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ အမှုရုပ်သိမ်းပေး လိုက်ပြီး ဖြစ်ကြောင်း ဖော်ပြလာခဲ့ပါတယ်။

အဆိုပါ အနုပညာ ရှင်များ ကတော့ ဝါဆိုမိုးဦး ၊ ကျော်ကျော်နန္ဒ၊ ဟန်နေတာ ၊ သက်မွန်မြင့် ၊ G Fatt ၊ အောင်သူလွင် ၊ မယ်ရီ ၊ နော်ဖောအယ်ထား၊ ခါရာ ၊ စူးရှနိုင် ၊ ချစ်သုဝေ ၊ J fire ၊ အေးဝတ်ရည်သောင်း ၊ အေးမြတ်သူ ၊ ညီနန္ဒ ၊ မထက် ၊ မေဦးမောင် ၊သီဟထွန်း၊ ခြူးပန်းနွယ် ၊ သားငယ် ၊ အောင်ထက် ၊ နန်းသူဇာ ၊ သွင်ပပနိုင် ၊ သဇင်နွယ်ဝင်း တို့ကို အမှုရုပ်သိမ်းပေး လိုက်တာ ဖြစ်ကြပါတယ်။

၎င်း တို့ရဲ့ ထုတ်ပြန်ချက် မှာလည်း ယင်းအနုပ ညာရှင်များဟာ ပယောဂတစ်စုံ တရာကြောင့် လှုံဆော်ရေး သားမှုတွေ လုပ်ေ ဆာင်ခဲ့တယ်လို့ ယူဆ ရတာကြောင့် ပုဒ်မ(၅၀၅-က)ဖြင့် တရားစွဲဆိုထားြ ခင်းကို ပြန်လည်ရုပ် သိမ်းပေးလိုက် တာဖြစ်တယ်လို့ ဖော်ပြချက် မှာ တွေ့ရပါတယ်။

ဒါ့အပြင် အထက်ပါ အမှုရုပ် သိမ်းပေးလိုက်တဲ့ အနုပညာရှင်များ ဟာ တည်ဆဲဥပဒေများရ ထပ်မံ လုပ်ဆောင်လာပါက အရေးယူခံရမယ် အပြင် တရားရုံးမှာ လက်ရှိ စစ်ဆေးနေတဲ့ အနုပညာရှင်များ ကိုလည်း ပြန်လွှတ်ပေးသင့် သူအား ထပ်မံပြန်လွှတ်ပေးရန် စီစဉ်နေကြောင်း ဖော်ပြချက် မှာ တွေ့ရပါတယ်။

Credit;

Add a Comment

Your email address will not be published. Required fields are marked *