မွေးရာပါ သရက်ရွက်ကြီးပြီး ဗိုက်တွေဖောင်းကားနေတဲ့ လူငယ်လေး အတွက် အကူအညီ တောင်းခံလာတဲ့ ဆောင်းယွန်းစံ

မကြာခဏ ဆိုသလို လှူဒါန်းနေတဲ့ ဆောင်းယွန်းစံ ကတော့ အခု တစ်ခါမှာလည်း မိဘတွေ အနားမှာ မရှိဘဲ မွေးရာပါ သရက်ရွက်ကြီးပြီး ဗိုက်တွေ ဖောင်းကားနေတဲ့ အသက်(၁၈)နှစ် အရွယ် လူငယ်လေး အတွက် လှူဒါန်းမှုတွေ ပြုလုပ်ရင်း တတ်နိုင်တဲ့ ပြည်သူတွေ ကိုလည်း အကူအညီတောင်းခံ လာပါတယ်..။

သရုပ်ဆောင် မင်းသမီးချော ဆောင်းယွန်းစံ ကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှူဒါန်းမှုေ တွပြုလုပ်ရင်း အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

လတ်တလောြ ဖစ်ပေါ်နေတဲ့ အခြေအနေအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူေ တွအတွက် ဖေးမကူညီ မှုတွေ ပြုလုပ်ပြီး အများအကျိုး အတွက် အားဖြည့်လုပ်ဆောင်ေ နသူလည်း ဖြစ်ပါတယ်..။

အသက်(၁၈)နှစ် ဆိုပေမယ့် ရောဂါရဲ့ ဖိစီးနှိပ်စက်မှုေ ကြာင့် ခန္ဓာကိုယ် အရွယ်က ဖွံ့ဖြိုးမှုမရှိဘဲ ကလေးသာ သာအရွယ်မှာပဲ ရပ်တန့်နေရှာပြီး မိဘနှစ်ပါး လုံးကလည်း ရှောင်တိမ်းပြေးေ နရတာေ ကြာင့် ဆေးဝါးကု သဖို့အတွက် အခက်အခဲတွေ ဖြစ်နေတာမို့ တတ်နိုင် သလောက် ကူညီလှူ ဒါန်းကြဖို့ကို ဆောင်းယွန်းစံက တိုက်တွန်းေြ ပာပြထားတာပါ..။

“မွေးရာပါ သရက်ရွက်ကြီးတာပါ လက်ပွန်းတတီး နေခဲ့တဲ့ ကလေးမို့ ဗိုက်ကတော်တော်ဖောင်းနေမှန်းသိပါတယ်

အသက်က 18 နှစ်ပေမယ် ဒီခန္ဓာ က ကို တက်မလာပါဘူး လိုအပ်နေတာက ဆေးဝါးထောက်ပံ့မှုပါ….

မိဘနှစ်ပါးလုံးက လက်ရှိအခြေအနေကြောင့် ပြေးနေရပါတယ်….

ကျွန်တော်လည်း ကိုယ့်မိသားစုအရေးနဲ့မို့ အများကြီး မထောက်ပံ့နိုင်ပါဘူးခင်ဗျာ

တခုခုဆို အကူအညီတောင်းနေမိလို့လည်း အားနာပါတယ်ဗျ နိုင်သလောက်လေး ကူပေးကြပါဦးခင်ဗျ 🙏

Ps ဆောင်းနဲ့ခင်တဲ့ သူတယောက်က အကူအညီတောင်း လို့ပါ… ကလေးအတွက် တတ်နိုင်သလောက်လေး ကူပေးကြပါဦးနော်..

ဆောင်းလဲလှူရင်း ကိုယ်တိုင်သွားလှူပေးပါ့မယ်..ပါဝင် လှုဒါန်းပေးကြပါဦးနော် 🙏🙏🙏..” ဆိုပြီး ဆောင်းယွန်းစံက ပြောပြဝေမျှထားတာ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ ဝေဒနာရှင် ကလေးငယ်လေးအတွက် ပြည်သူပရိသတ်တွေက စာနာစိတ်လေးတွေနဲ့ စိတ်မကောင်းဖြစ်နေကြပြီး အားပေးရင်း လှူဒါန်းမှုတွေမှာ ပါဝင်ကြတာလည်း တွေ့ရပါတယ်..။

Add a Comment

Your email address will not be published. Required fields are marked *