အင်းစိန်ထောင်အတွင်း ဦးတီ၊ ပိုင်တံခွန်၊ ပိုပိုတို့နဲ့ အတူနေရတဲ့ ကလေးတွေ ဆီကနေ ပြန်ကြားသိရတဲ့ စိတ်အေးစရာသတင်းတွေကို ပြောပြလာတဲ့ ရှေ့နေတစ်ဦး

လတ်တလော မတည်ငြိမ်သေးတဲ့ အချိန်ကာလတွေ အတွင်းမှာတော့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ ရသလို တစ်ချို့ပြည်သူတွေရဲ့ မိသားစုတွေလည်း တကွဲ တပြား ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပြည်သူ(၆၃၈၀)ခန့် ရှိခဲ့ပြီး လက်ရှိအချိန် အထိ ချုပ်နှောင်ခံထား ရသူဦးရေမှာ (၅၁၈၃)ခန့်ရှိကြောင်း AAPP က ထုတ်ပြန်ကြေညာ ထားပါတယ်။ အဖမ်းခံ ထားရတဲ့သူတွေထဲ မှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

အခုလည်း ရှေ့နေ အမျိုးသမီး တစ်ယောက်က သူ့ရဲ့ အမှုသည်ကလေးတွေ ဆီကနေ ကြားသိရတဲ့ သတင်း အချို့ကို ပြောပြထားတာ ဖြစ်ပါတယ် ။

ကလေးတွေက ထောင်ထဲမှာ သူတို့ချစ်တဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး ပျော်နေကြတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။

အနုပညာရှင်တွေနဲ့ အဆောင်တူတဲ့ သူတွေက သူတို့ကြိုက်ခဲ့ရတဲ့ Idol တွေနဲ့ခင်နေရတော့ ပျော်နေကြသလို တစ်ချို့တွေ ကလည်း သူတို့ အဆင်ပြေသလို ကြိုးစားနေထိုင်နေကြတာ ဖြစ်ပါတယ် ။

ဒီ အကြောင်း ကို “ငါ့ အမှုသည်တွေများ ပိုင်တံခွန်နဲ့တွေ့ရလို့ ပျော်နေတဲ့သူ နဲ့ ပိုပိုက သီချင်းတွေဆိုပြလို့ မပျင်းရဘူးဆိုသူနဲ့….အစ်မ ဝင်းမင်းသန်းက အရမ်းရယ်ရတယ် ဆိုသူနဲ့ ဦးတီနဲ့ စကားပြောရင် ပညာရတယ်ဆိုသူနဲ့ ဪ ခင်ရာဆွေမျိုး ပါလား…

ဘယ်နေရာရောက်ရောက် စိတ်ချမ်းသာအောင်နေ တတ်ကြတယ်….” ဆိုပြီး ကလေးတွေ ဆီကနေ ကြားရတဲ့ သတင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။

အထဲမှာနေနေ ရပေမယ့်လည်း ရှိတာလေးပဲဝတ် ၊ကျွေးတာလေးပဲ စားပြီး စည်းစည်းလုံးလုံးနေကြတဲ့ ကလေးတွေရဲ့ အကြောင်းကို အဲ့ဒီ ရှေ့နေအမျိုးသမီးက ပြန်ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။

လတ္တေလာ မတည္ၿငိမ္ေသးတဲ့ အခ်ိန္ကာလေတြ အတြင္းမွာေတာ့ အျပစ္မဲ့တဲ့ ျပည္သူေတြရဲ႕ အသက္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့ ရသလို တစ္ခ်ိဳ႕ျပည္သူေတြရဲ႕ မိသားစုေတြလည္း တကြဲ တျပား ျဖစ္ခဲ့ရၿပီ ျဖစ္ပါတယ္ ။

ဒါ့အျပင္ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ ျပည္သူ(၆၃၈၀)ခန့္ ရွိခဲ့ၿပီး လက္ရွိအခ်ိန္ အထိ ခ်ဳပ္ေႏွာင္ခံထား ရသူဦးေရမွာ (၅၁၈၃)ခန့္ရွိေၾကာင္း AAPP က ထုတ္ျပန္ေၾကညာ ထားပါတယ္။ အဖမ္းခံ ထားရတဲ့သူေတြထဲ မွာ အႏုပညာရွင္ေတြလည္း ပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။

အခုလည္း ေရွ႕ေန အမ်ိဳးသမီး တစ္ေယာက္က သူ႕ရဲ႕ အမႈသည္ကေလးေတြ ဆီကေန ၾကားသိရတဲ့ သတင္း အခ်ိဳ႕ကို ေျပာျပထားတာ ျဖစ္ပါတယ္ ။

ကေလးေတြက ေထာင္ထဲမွာ သူတို႔ခ်စ္တဲ့ အႏုပညာရွင္ေတြနဲ႕ ေတြ႕ဆုံၿပီး ေပ်ာ္ေနၾကတဲ့အေၾကာင္း ေရးသားထားတာ ျဖစ္ပါတယ္ ။

အႏုပညာရွင္ေတြနဲ႕ အေဆာင္တူတဲ့ သူေတြက သူတို႔ႀကိဳက္ခဲ့ရတဲ့ Idol ေတြနဲ႕ခင္ေနရေတာ့ ေပ်ာ္ေနၾကသလို တစ္ခ်ိဳ႕ေတြ ကလည္း သူတို႔ အဆင္ေျပသလို ႀကိဳးစားေနထိုင္ေနၾကတာ ျဖစ္ပါတယ္ ။

ဒီ အေၾကာင္း ကို “ငါ့ အမႈသည္ေတြမ်ား ပိုင္တံခြန္နဲ႕ေတြ႕ရလို႔ ေပ်ာ္ေနတဲ့သူ နဲ႕ ပိုပိုက သီခ်င္းေတြဆိုျပလို႔ မပ်င္းရဘူးဆိုသူနဲ႕….အစ္မ ၀င္းမင္းသန္းက အရမ္းရယ္ရတယ္ ဆိုသူနဲ႕ ဦးတီနဲ႕ စကားေျပာရင္ ပညာရတယ္ဆိုသူနဲ႕ ဪ ခင္ရာေဆြမ်ိဳး ပါလား…

ဘယ္ေနရာေရာက္ေရာက္ စိတ္ခ်မ္းသာေအာင္ေန တတ္ၾကတယ္….” ဆိုၿပီး ကေလးေတြ ဆီကေန ၾကားရတဲ့ သတင္းေတြကို ေျပာျပထားတာ ျဖစ္ပါတယ္ ။

အထဲမွာေနေန ရေပမယ့္လည္း ရွိတာေလးပဲဝတ္ ၊ေကြၽးတာေလးပဲ စားၿပီး စည္းစည္းလုံးလုံးေနၾကတဲ့ ကေလးေတြရဲ႕ အေၾကာင္းကို အဲ့ဒီ ေရွ႕ေနအမ်ိဳးသမီးက ျပန္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္ ။

Add a Comment

Your email address will not be published. Required fields are marked *