မြင်တွေ့နေရတဲ့ သတင်းတွေကြောင့် သူငယ်ချင်းဖြစ်သူ ရေမွန်အတွက် စိတ်မကောင်းဖြစ်နေတဲ့ မေ

ပီးခဲ့တဲ့ ရက်ပိုင်းက ကျန်းမာရေး အခြေအနေကြောင့် ရုတ်တရက် ကွယ်လွန် သွားတဲ့ အဆိုတော် ရေမွန် အတွက် ပရိသတ်တွေ သာမကဘဲ အနုပညာ အသိုင်းအဝိုင်းက ညီအစ်ကို မောင်နှမများ အားလုံးကပါ နှမျောတသ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

လူသေသွားသော်လည်း နာမည်မသေ သွားတဲ့ ရေမွန်ရဲ့ သီချင်းတွေကို အခုထိ အားပေး နားဆင်ေ နကြတာ ဖြစ်ပါတယ်။

ရေမွန်ကို ချစ်ကြ သူများအား လုံးက သူ့အတွက် ရည်ရွယ်ပြီး ကမ္ဘာမြေကို အကျိုးပြုစေတဲ့ သစ်ပင်လေးေ တွကိုယ်စီစိုက် ပျိုးကြ ဖို့ Raymond Tree ဆိုတဲ့ campaign တစ်ခု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေမွန် ကွယ်လွန်တာ ရက်ပိုင်းပဲ ရှိေ သးပေမယ့် သူနဲ့ ပတ်သက်တဲ့ တစ်ချို့အြေ ကာင်းအ ရာတွေဟာ Facebook ပေါ်တွင် အခုထိ မငြိမ်သ က်သေးပဲ ပြောနေကြဆဲ ဖြစ်ပါတယ်။

မနေ့ညက လည်း အဆိုတော် မေရဲ့ Facebook Page တွင် သူ့သူငယ် ချင်းနဲ့ ပတ်သက်ပြီး ခံစားနေ ရတဲ့အကြောင်းလေးေ တွကို ဖွင့်ဟပြောပြ လာတာ ဖြစ်ပါတယ်။

ဒါကတော့ လူမှုကွန်ယ က်တွင် လတ်တလော မြင်နေ ရတဲ့သ တင်းတွေကြောင့် သူငယ်ချင်းြ ဖစ်သူ ရေမွန်အတွက် စိတ်မကော င်းဖြစ်နေကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

” တွတ်ပီ ရဲ့ “သဘာဝနဲ့ငါ” သီချင်းကို နားထောင်ချင်တယ်.. သူ Live မှာပြောသွားတာ ဒီ society ကြီးကို စိတ်ကုန်ပြီး သဘာဝနဲ့နီး တဲ့နေရာကို တစ်ယောက်ထဲ ဒိုးသွားတဲ့ အကြောင်းတဲ့.. အခု ဒီ society ကြီး က သူသွားတာတောင် ရက်ပိုင်းပဲ ရှိသေးတယ် ဖြစ်နေကြတဲ့ ပွဲတွေကို သူသိရင်လည်း စိတ်ကောင်းမယ် မထင်ဘူး..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

မေကလည်း အခုလိုပွဲတွေ ဖြစ်နေတာ ထက်စာရင် ရေမွန်ရဲ့ ဘယ်သီချ င်းတွေကို အကြိုက်ဆုံးြ ဖစ်ခဲ့ကြောင်းနဲ့ ဘယ် show မှာ ဘယ်လိုအားေ ပးခဲ့တာတွေ ရေးသားကြမယ်ဆိုရင် သူလည်း ပိုသဘော ကျမှာ ထင်ကြောင်း ပြောပြထားတာပါ။

ရေမွန်နဲ့ ဆုံဖြစ်လို့ သီချင်း ဆိုခိုင်းတဲ့ အခါတိုင်းလည်း ” ချန်ခဲ့ကလွဲလို့ တခြားသီချ င်းတောင်းကြ ဟာတဲ့.. သူခဏခဏဆို ရလို့ မဆိုချင်ဘူးတဲ့ သူပြောတာလေး မှတ်မိလိုက် လို့ပါ” ဆိုပြီး အမှတ် တရအချို့ကိုလည်း သတိတရနဲ့ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

ရေမွန်တစ်ယောက် ကောင်းကင်ဘုံမှာေ အးချမ်းစွာ အနားယူနိုင်ပါစေ လို့ ဆုတောင်းပေးရင်း ဒီသတင်းလေး ကို တင်ဆက်ပေးလိုက် ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *