စိုးမြတ်သူဇာ ပိုင်တဲ့ Page မှာ စိုးမြတ်သူဇာကို Boycott လုပ်ရန် လာပြောမိသူရဲ့ အဖြစ်

ယခုဆိုရင် ပရိတ်သတ်တွေက ပြည်သူ့ဖတ် ကနေ မရပ်တည်သော သရုပ်ဆောင်များ ကို သပိတ်မှောက် တော်လှန်နေကြပါတယ် သူတို့နှင့် ကြေညာ ရိုက်ထားသော ကြေညာ Page တွေ အောက်မှာ ပုံတွေကို ဖျက်ပေးဖို့ နဲ့ နောက်ထပ် လက်တွဲမလုပ်ကြဖို့

တောင်းဆိုနေကြသော ကြောင့် Page တော် တော်များများ ကတော့ ပရိတ်သတ် မကြိုက်သော ဘယ်အနုပညာရှင်နဲ့မှ လက်တွဲမလုပ်တော့ပါဘူး လို့ပြောလာ ခဲ့တာပဲဖြစ်ပါတယ်။

“ Customer များ မကြိုက်နှစ်သက်သည့် အနုပညာရှင်များနှင့် အတူတကွ လက်တွဲ လုပ်ကိုင်ခဲ့သည့် အရာများအားလုံးကို လက်တွဲဖြုတ်လိုက်ပြီး ဖြစ်ပါသည်။ ယခုအချိန် တွင်လည်း မည်သည့်အနုပညာရှင်နှင့်မှ လက်တွဲ လုပ်ကိုင်ထားခြင်း မရှိတော့ပါ။

“Customer များကို လေးစားသောအားဖြင့် နောက်နောင်တွင်လည်း အများပြည်သူ လက်ခံခြင်းမရှိသော မည်သည့် အနုပညာရှင်နှင့်မဆို အတူတကွ လက်တွဲလုပ်ကိုင်သွားမည် မဟုတ်ကြောင်းလေးစားစွာဖြင့် အကြောင်းကြား အပ်ပါတယ်” ဆိုပြီး အပြိုင်အဆိုင် တင်လာကြတာ ပဲဖြစ်ပါတယ်နော်။

ဒါပေမဲ့ လည်း မင်းသမီး စိုးမြတ်သူဇာ နဲ့ ..သူ့ညီမတွေ ပိုင်ဆိုင်ပါတဲ့ ပိုးထည်ဆိုင် Page ကိုပရိသတ် တွေက မသိပဲ စိုးမြတ်သူဇာပုံနှင့် ကြေညာထားသော ပုံများကို ဖျက်ပေးဖို့ Boycott လုပ်ဖို့ သွားတိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ Page ပိုင်ရှင် ဖြစ်သူ မကြီးစိုးမှ “စိုးမြတ်သူဇာ ပိုင်ဆိုင် တဲ့ ဆိုင်ပါရှင့်” ဆိုပြီး ခပ်ချေချ ပြန်ချေပလာခဲ့ပါတယ်

ထို့ကြောင့် ပရိသတ်မှ “အော် ဟုတ်သားပဲ ထာဝရ Boycott လုပ်ရမဲ့ ဆိုင်ကြီးကို မှားလာပြောမိတာပါနော် ဆော်လီး” ဟု ပြန်လည်ပြောလိုက်တဲ့ အခါ Page ကိုင်သူ မကြီးစိုးမှ Ban သွားပါတယ်တဲ့နော်။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီး အားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ။ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *