ခုလိုချိန်မှာ လိုင်းပေါ်တင်ပြီး ချပြလို့မရခဲ့တဲ့ အလှူတွေ အားလုံးကို တနေ့ တို့တွေ အောင်မြင်သွားတဲ့ အခါကျမှ ဂုဏ်ယူပြီး ဖော်ပြပါမယ်” လို့ ဆိုလိုက်တဲ့ ပိုးကြာဖြူခင်

ပရိသတ်တွေ နဲ့ အလုပ် အပေါ်မှာလည်း လေးစားတဲ့ သူမက မိဘကို ရှာဖွေ ကျွေးမွေးပြုစုနေတဲ့ သမီး အလိမ္မာလေး တစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်တွေ ရဲ့ အချစ်တော် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး ပိုးကြာဖြူခင် ကတော့ MRTV-4 ဇာတ် လမ်းတွဲတွေ ရိုက်ကူး ရာကနေ အောင်မြင် ကျော်ကြားလာတဲ့ အနုပညာရှင် တစ်ယောက် ပဲဖြစ်ပါတယ်။

သူမကို လူသိများ လာစေတာကတော့ ဆိုင်းမိုင် ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ် အချစ်တွေ အခိုင်အမာ ရရှိကာ တစ်ခဲနက် အောင်မြင်မှုတွေ ရရှိ ခဲ့တာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင် ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်နေတာကို ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။

နည်းသည်များသည် ဖြစ်စေ ခုလိုအချိန်မှာ ပေးကမ်းဝေမျှခြင်းကလည်း မွန်မြတ်လှပါတယ်။

ဆိုင်းမိုင် ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်အချစ်တွေ အခိုင်အမာ ရရှိကာ တစ်ခဲနက် အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချော ပိုးကြာဖြူခင်ကတော့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။

ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး လှူဒါန်းမှုတွေကိုလည်း အများအပြားပြုလုပ်ကာ အားလုံး နဲ့ တစ်သားတည်း ပါဝင်နေ သူလည်း ဖြစ်ပါတယ်..။





Add a Comment

Your email address will not be published. Required fields are marked *