အဆင်ပြေချင်ယောင် ဟန်ဆောင်နေရတာ အဆင်မပြေတော့ဘူး ဆိုပီး အကောင့်လေး ပြန် အသက်သွင်းလာတဲ့ သင်ဇာဝင့်ကျော်

လတ်တလော နိုင်ငံရေး အခြေအနေတွေကြောင့် အနုပညာရှင်တွေ အနေနဲ့ အနုပညာ လုပ်ငန်းတွေကို ရပ်နားထားရပြီး စားဝတ်နေရေးအခက်အခဲများအတွက် ဈေးရောင်းကာ ဖြေရှင်းနေကြရတာလည်းဖြစ်ပါတယ်။

ရုပ်ရှင် သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ သူမ အဆင်ပြေချင်ယောင် ဟန်ဆောင်နေ ရပေမယ့် တကယ်တမ်းမှာ အဆင်မပြေတော့ဘူး လို့ သူမအသုံးပြုတဲ့ လူမှုကွန်ရက် မှာ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေးသားဖော်ပြခဲ့ပါတယ်။

အကောင့်လေး ပြန် အသက်သွင်းလာတဲ့ သင်ဇာဝင့်ကျော်

“အရင် အချိန်လေးတွေကို လွမ်းတယ်။ အရင်လို အလုပ်တွေလုပ်ပြီး ခရီးတွေလည်း ပြန်ထွက်ချင်တယ်။ အဆင်ပြေသယောင် ဟန်ဆောင်နေရတာလဲ အဆင်ပြေမနေတော့ဘူး။ အားလုံး ဘေးအန္တရာယ်ကင်းပြီး အဆင်ပြေပါစေ” လို့ သင်ဇာဝင့်ကျော် ကတော့ ငြီးတွား လာခဲ့ပါတယ်။

အကောင့်လေး ပြန် အသက်သွင်းလာတဲ့ သင်ဇာဝင့်ကျော်
အကောင့်လေး ပြန် အသက်သွင်းလာတဲ့ သင်ဇာဝင့်ကျော်

သူမအနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု့တွေမှာ ပြည်သူနဲ့အတူ ပါဝင်ခဲ့သလို ဖမ်းဆီးခံထားရတဲ့ နိုင်ငံ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေးကို အဓိကထားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ရှေ့မှာ ပရိတ် ရွတ်ဖတ်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ဖူးပါတယ်။ ဆန္ဒပြပွဲတွေမှာ အဓိက ပါဝင်လှုပ်ရှားခဲ့ကြတဲ့ အနုပညာရှင်တွေ ကို စစ်ကောင်စီဘက်က ပုဒ်မ ၅ဝ၅(က) နဲ့ အမှုဖွင့်ခဲ့ပြီး အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တွေ ကတော့ ထွက်ပြေးတိမ်းရှောင်နေရသလို တချို့ဆိုရင် ဖမ်းဆီး ထိန်းသိမ်းခံထား ရပါတယ်။

Zawgyi Version


အကောင့်လေး ပြန် အသက်သွင်းလာတဲ့ သင်ဇာဝင့်ကျော်



အကောင့်လေး ပြန် အသက်သွင်းလာတဲ့ သင်ဇာဝင့်ကျော်


Add a Comment

Your email address will not be published. Required fields are marked *