သေနတ် ပစ်သင်နေတယ် ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီတို့ရဲ့ ဗီဒီယိုလေး

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ အနုပညာရှင်တွေ တော်တော်များများ ကလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ကာ အမှန်တရားဘက် မားမားမတ်မတ်ရပ်တည်နေကြတာ တွေ့ရပါတယ်..။

၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင် တချို့ဟာ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံနေရသလို တချို့ကတော့ GZ လူငယ်တွေနဲ့အတူ တောထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ စစ်ပညာ သင်နေကြပြီး အန္တရာယ် အခက်အခဲတွေကြားက ရှောင်တိမ်းနေကြရတဲ့ အနုပညာရှင်တွေ ကလည်း အများအပြားပါပဲ..။

သေနတ်ပစ်သင်နေတယ် ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီ

တော်လှန်ရေး အတွက် အမှန်တကယ် လုပ်ဆောင်နေကြသူတွေရှိသလို သတင်း အမှားတွေလည်း တွေ့မြင်နေရပြီး ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီတို့ဟာ KNU တပ်မဟာ ၅ ကိုရောက်ရှိနေကာ သေနတ်ပစ်သင်နေတယ်ဆိုပြီး လူမှုကွန်ယက်ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဗီဒီယိုဖိုင်တွေပြန့်နှံ့နေတာ တွေ့ရပါတယ်..။

ဒီဗီဒီယိုဖိုင် ကို လက်ရှိမှာတော့ ပြန်လည် ဖြန့်ဝေသူတွေများစွာ ရှိနေပေမယ့်လည်း တကယ်တော့ ဒီဗီဒီယိုဟာ အရင်တုန်းက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် တစ်ခုပဲ ဖြစ်ပါတယ်။

သေနတ်ပစ်သင်နေတယ် ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီ

လက်ရှိမှာတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ မေပန်းချီတို့ဟာ အခြေအနေ အမျိုးမျိုးကြောင့် အခက်အခဲတွေ ရှိပေမယ့် စားဝတ်နေရေး အတွက် ကြိုးစားရုန်းကန်နေကြတာကိုလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ တစ်ဆင့် တွေ့မြင်နေရပါတယ်။

၅၀၅ က ဖြင့် အမှုဖွင့်ခြင်း ခံထားရတဲ့ သရုပ်ဆောင်ညီထွဋ်ခေါင်ကတော့ လတ်တလောမှာ ဘေးလွတ်ရာကို ရှောင်တိမ်းနေတာ ဖြစ်ပါတယ်..။ အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုအဟောင်းလေးသာဖြစ်ပေမယ့် အွန်လိုင်းပေါ်ပြန့်နှံ့နေကြတဲ့ အနုပညာရှင်သုံးယောက်ရဲ့ တောထဲသေနတ်ပစ်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။

Zawgyi Version



သေနတ်ပစ်သင်နေတယ် ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီ



သေနတ်ပစ်သင်နေတယ် ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီ



Add a Comment

Your email address will not be published. Required fields are marked *