သူမသွားရောက် လှူဒါန်းပြီးနောက် ကင်းမရွာ တစ်ရွာလုံး ထွက်ပြေးနေရပြီ ဆိုတဲ့ သတင်းတွေ ကိုပြန်ရှင်းလာတဲ့ ဖြူဖြူထွေး

သူမကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကင်းမရွာ တစ်ရွာလုံးကို တင်းကြပ်မှုတွေ လုပ်တဲ့အပြင် တစ်ရွာလုံး ထွက်ပြေးနေရတယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဖြူဖြူထွေးက ညတွင်းချင်း ကင်းမရွာနေ ဦးလေးကြီးတစ်ယောက်ကို ဖုန်းဆက်လှမ်းမေးကာ ပြန်လည်ဖြေရှင်း ခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၂၁ ရက် နံနက်ပိုင်း က ဖြူဖြူထွေး ဟာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာရှိ မီးဘေးသင့်ရွာသူ၊ ရွာသားများအတွက် စောင်များ၊ အစားအသောက်များကို သွားရောက်လှူဒါန်းခဲ့ပြီး သူမ လှူဒါန်းမှုမြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် ပြန်လည် ဖော်ပြခဲ့ပြီးနောက် အခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။


ဖြူဖြူထွေး ကတော့ သူမကြောင့် တစ်ရွာလုံး ဒုက္ခရောက်ရပြီဆိုတဲ့ သတင်းအပေါ် ကင်းမရွာနေ ဦးလေးကြီးတစ်ဦးကို အခုလို တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့ပြီး စကားပြောထားတဲ့ ဖုန်းအသံဖိုင်ကိုပြန်တင်ခဲ့ပါတယ်။

သတင်းအမှန် ဆိုတာ နယ်ခံတွေကို ကိုယ်တိုင်မေးထားတာပါ အားလုံးအေးချမ်းကြပါတယ် သတင်းအမှားတွေကြောင့် နောက်ထပ် အလှူရှင်တွေ ပိတ်ပင်တားတာမျိုး မဖြစ်သင့်ပါ လှူလားတာချင်အတူတူ ဗျာ ကျွန်တော်ကနောက်ထပ်လှူနိုင်မဲ့အလှူရှင်ကို အကျိုးဆောင်ပေးတဲ့ အနေနဲ့ ပိုစ့်တင်လိုက်တာပါ


ဒီအချိန် လူတိုင်းခက်ခဲနေတာ ဖြစ်တဲ့အတွက် ဘယ်သူမှ အလှူမခံချင်းပါဘူး အခုလို တင်လိုက်တာကလဲ သဒ္ဓါတရား နည်းများမဆို လှူချင်တဲ့သူက လှူချင်းတယ်ဆို ကျွန်တော်နယ်ခံဖုန်းပေးလိုက်တယ် သတင်း အမှားတွေက အမှန်းတရားကိုဖုံပီး မလှူရဲအောင်မလုပ်ကြပါနဲ့ဗျာ ကိုယ်ချင်းစာတက်ကြပါစေ🙏🙏🙏


ကျွန်တော်ကြိုက်သလောက်ဆဲ ပီးရင် တက်နိုင်သလောက်လှူ ကူညီပေးစေချင်းပါတယ် အားလုံးကို 🙏🙏🙏❤️❤️❤️

ဖြူဖြူထွေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူအများစုရဲ့ စိတ်ဆန္ဒအတိုင်း အင်တိုက်အားတိုက်ပါဝင်ခဲ့ခြင်းမရှိတာကြောင့် တပ်ထောက်ခံသူအဖြစ် စွပ်စွဲ ဝေဖန်ပြောဆိုခံခဲ့ရပြီး လက်ရှိအချိန်ထိ ဝေဖန်ခံနေရဆဲဖြစ်ပါတယ်။

Zawgyi Version










Add a Comment

Your email address will not be published. Required fields are marked *