မန္တလေး PDF သတင်း update တွေကို အနှောက်အယှက် မဖြစ်စေဖို့အတွက် Live လွှင့်ပြီးဈေးရောင်းတာကို ရပ်နားလိုက်တယ် ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

ယနေ့ ဇွန်လ (၂၂)ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဟာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက PDF ရုံးကို ဝင်စီးရင်း မန္တလေး PDF တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ မန္တလေး PDF တပ်ဖွဲ့ကတော့ အဆိုပါ တိုက်ပွဲအတွင်း လက်နက်နဲ့ ရဲဘော်တွေ ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။ တစ်ခြားနယ် မှာရှိတဲ့ PDF တပ်ဖွဲ့တွေကလည်း မန္တလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)အတွက် စစ်ရေးအရ ကူညီပေးဖို့ အဆင်သင့်ရှိနေကြောင်း အသီးသီ ထုတ်ပြန်ထားကြပါတယ်။

သဉ္ဇာနွယ်ဝင်း ကတော့ ယခုမှာ အရေးကြီးတဲ့ မန္တလေး PDF သတင်းစီးဆင်းမှု အနှောက်အယှက် မဖြစ်စေဖို့ အတွက် Live လွှင့်ပြီး ဈေးရောင်းတာကို ရပ်နားလိုက်ပါတယ်။ သူမကတော့ အခုလို အခြေအနေဆိုးကြီးဖြစ်ပွားနေချိန် ပြည်သူတွေကို သူတတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးနေတာဖြစ်ပါတယ် ။ သူမကတော့ ပြည်သူတွေရဲ့ ကုန်ပစ္စည်းတွေကို အခမဲ့ကြော်ငြာ ရောင်းချပေးတဲ့အပြင် ဈေးရောင်းလို့ ရရှိတဲ့ငွေကြေးတွေကို လည်း ခက်ခဲနေတဲ့ပြည်သူတွေဆီ ပုံမုန်လှူဒါန်းပေးနေတာဖြစ်ပါတယ်။

သူမ ကတော့ ” အရေးကြီး သတင်းစီးဆင်းမှု အနှောက်အယှက် မဖြစ်စေရန် အတွက် အလှူ live လေး ဒီညနေ မလုပ်ဖြစ်ပါဘူးရှင့်။ အလှူပြန်လုပ်မဲ့နေ့ ပြန်ပြီးပြောပေး ပါမယ်နော်။ အားလုံး အန္တရာယ် ကင်းဝေးကြပါစေလက်ခံထားတဲ့ 0000000အလှူတွေကို နောက်မှပြန် လုပ်ပေးပါမယ် ရှင့် “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

အခုလို အရေးကြီးတဲ့ အခြေအနေမှာ Live မလွှင့်တဲ့ သူမရဲ့ လုပ်ရပ်ကို ပြည်သူတွေ က ချီးကျူးနေကြပါတယ်။ ယခုလိုအချိန်အခါမျိုးမှာ အပျော်အပျက် အကြောင်းအရာတွေ၊ အလှပုံတွေ၊ကြော်ငြာတွေ မရှဲကြဖို့ ပြည်သူတွေအချင်းချင်း တိုက်တွန်းနေကြပါတယ်။

Zawgyi Version

ယေန႕ ဇြန္လ (၂၂)ရက္ေန႕ မနက္ပိုင္းက စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြ ဟာ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ထဲက PDF ႐ုံးကို ဝင္စီးရင္း မႏၲေလး PDF တပ္ဖြဲ႕ဝင္ေတြနဲ႕ အျပန္အလွန္ ပစ္ခတ္ခဲ့ၾကပါတယ္။ မႏၲေလး PDF တပ္ဖြဲ႕ကေတာ့ အဆိုပါ တိုက္ပြဲအတြင္း လက္နက္နဲ႕ ရဲေဘာ္ေတြ ဖမ္းဆီးခံခဲ့ရေၾကာင္း ထုတ္ျပန္ထားပါတယ္။ တစ္ျခားနယ္ မွာရွိတဲ့ PDF တပ္ဖြဲ႕ေတြကလည္း မႏၲေလးျပည္သူ႕ ကာကြယ္ေရးတပ္ဖြဲ႕(PDF)အတြက္ စစ္ေရးအရ ကူညီေပးဖို႔ အဆင္သင့္ရွိေနေၾကာင္း အသီးသီ ထုတ္ျပန္ထားၾကပါတယ္။

သၪၨာႏြယ္ဝင္း ကေတာ့ ယခုမွာ အေရးႀကီးတဲ့ မႏၲေလး PDF သတင္းစီးဆင္းမႈ အေႏွာက္အယွက္ မျဖစ္ေစဖို႔ အတြက္ Live လႊင့္ၿပီး ေစ်းေရာင္းတာကို ရပ္နားလိုက္ပါတယ္။ သူမကေတာ့ အခုလို အေျခအေနဆိုးႀကီးျဖစ္ပြားေနခ်ိန္ ျပည္သူေတြကို သူတတ္နိုင္တဲ့ ဘက္ကေန ကူညီေပးေနတာျဖစ္ပါတယ္ ။ သူမကေတာ့ ျပည္သူေတြရဲ႕ ကုန္ပစၥည္းေတြကို အခမဲ့ေၾကာ္ျငာ ေရာင္းခ်ေပးတဲ့အျပင္ ေစ်းေရာင္းလို႔ ရရွိတဲ့ေငြ​ေၾကးေတြကို လည္း ခက္ခဲေနတဲ့ျပည္သူေတြဆီ ပုံမုန္လႉဒါန္းေပးေနတာျဖစ္ပါတယ္။

သူမ ကေတာ့ ” အေရးႀကီး သတင္းစီးဆင္းမႈ အေႏွာက္အယွက္ မျဖစ္ေစရန္ အတြက္ အလႉ live ေလး ဒီညေန မလုပ္ျဖစ္ပါဘူးရွင့္။ အလႉျပန္လုပ္မဲ့ေန႕ ျပန္ၿပီးေျပာေပး ပါမယ္ေနာ္။ အားလုံး အႏၲရာယ္ ကင္းေဝးၾကပါေစလက္ခံထားတဲ့ 0000000အလႉေတြကို ေနာက္မွျပန္ လုပ္ေပးပါမယ္ ရွင့္ “ဆိုၿပီး ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

အခုလို အေရးႀကီးတဲ့ အေျခအေနမွာ Live မလႊင့္တဲ့ သူမရဲ႕ လုပ္ရပ္ကို ျပည္သူေတြ က ခ်ီးက်ဴးေနၾကပါတယ္။ ယခုလိုအခ်ိန္အခါမ်ိဳးမွာ အေပ်ာ္အပ်က္ အေၾကာင္းအရာေတြ၊ အလွပုံေတြ၊​ေၾကာ္ျငာေတြ မရွဲၾကဖို႔ ျပည္သူေတြအခ်င္းခ်င္း တိုက္တြန္းေနၾကပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *