ရေစက်ချ တရားနာရင်း မိခင်ဖြစ်သူရဲ့ ရုပ်ကလာပ်ဘေးမှာ ဝမ်းနည်းကြေကွဲစွာ ရှုံးပွဲချ ငိုကြွေးနေတဲ့ နဝရတ်ရဲ့ ဗီဒီယိုဖိုင်လေး

မေလ (၂၁) ရက်နေ့ က ပြင်ဦးလွင်မြို့တွင် သရုပ်ဆောင် နဝရတ် ရဲ့ မိခင်ကွယ်လွန် အနိစ္စရောက်ခဲ့တာ ဖြစ်ပါတယ်။ နဝရတ်ကတော့ ဖခင် ကွယ်လွန်ပြီးနောက်ပိုင်း မိခင်ကို လိုလေသေး မရှိအောင် ပြုစုယုယခဲ့တဲ့ သမီးအလိမ္မာလေးဖြစ်ပါတယ်။ အချစ်ရဆုံး မိခင်ပါ သူမရဲ့ဘဝထဲကနေ အပြီးတိုင် ထွက်ခွာသွားတဲ့ အတွက် အရမ်းကို ဝမ်းနည်းနေတာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူရဲ့ ရုပ်ကလာပ်ဘေးမှာ ဝမ်းနည်းကြေကွဲစွာ ရှုံးပွဲချ ငိုကြွေးနေတဲ့ နဝရတ်

မကြာသေးခင် မိနစ်ပိုင်းလောက် ကလည်း နဝရတ်ရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံများနဲ့ ဗီဒီယိုဖိုင်လေး တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မိခင်ဖြစ်သူရဲ့ ရုပ်ကလာပ်ဘေးမှာ တရားနာရင်း ရှုံးပွဲချငိုကြွေးနေတဲ့ နဝရတ်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒီနေ့ မနက်ကလည်း မိခင်ဖြစ်သူအား ရည်စူးပြီး သူမရဲ့ နေအိမ်တွင် တစ်လပြည့်ရက်လည် အလှူလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူရဲ့ ရုပ်ကလာပ်ဘေးမှာ ဝမ်းနည်းကြေကွဲစွာ ရှုံးပွဲချ ငိုကြွေးနေတဲ့ နဝရတ်
မိခင်ဖြစ်သူရဲ့ ရုပ်ကလာပ်ဘေးမှာ ဝမ်းနည်းကြေကွဲစွာ ရှုံးပွဲချ ငိုကြွေးနေတဲ့ နဝရတ်

နဝရတ် ကလည်း ” မေကြီးရေ….တစ်လပြည့်သွားပြီပေါ့ မေကြီး အတွက်ပြုခဲ့သမျှ ကုသိုလ်အားလုံးကို သာဓုခေါ်ပေးပါနော်🙏🙏🙏 ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝမ်းနည်းနေတဲ့ သူမအတွက် အားပေးနှစ်သိမ့်စကားများ ရေးသားထား ကြတာကိုလည်း မြင်တွေ့ရပါတယ်။ နဝရတ်ရဲ့ မိခင်လည်း အေးချမ်းပြီးကောင်းမွန်တဲ့ ဘုံဘဝသို့ ရောက်ရှိ ခံစားနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီဗီဒီယိုဖိုင်လေးကိုပါ တင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi Version


မိခင်ဖြစ်သူရဲ့ ရုပ်ကလာပ်ဘေးမှာ ဝမ်းနည်းကြေကွဲစွာ ရှုံးပွဲချ ငိုကြွေးနေတဲ့ နဝရတ်


မိခင်ဖြစ်သူရဲ့ ရုပ်ကလာပ်ဘေးမှာ ဝမ်းနည်းကြေကွဲစွာ ရှုံးပွဲချ ငိုကြွေးနေတဲ့ နဝရတ်


Add a Comment

Your email address will not be published. Required fields are marked *