ဖခင်ဖြစ်သူ ကို လွမ်းနေပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ဖွင့်ဟ ပြောပြလာတဲ့ မင်းမော်ကွန်းသမီးလေး ရဲ့ အထီးကျန် အဖေများနေ့လေး

မနေ့ ကတော့ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ မေတ္တာ တရားတွေနဲ့ သားသမီးတွေကို ပြုစုစောင့်ေ ရှာက်ပေးကြတဲ့ ဖခင်တွေ ကို ဂုဏ်ပြုသောအားဖြင့် အဖေများနေ့အဖြစ် သတ်မှတ် ထားကြတာ ဖြစ်ပါတယ်။ အဖေများနေ့မှာ သားသမီးတိုင်းက သူတို့ရဲ့ ဖခင်တွေ အပေါ်မှာ ဘယ်လောက်ထိ ချစ်ကြောင်းကို လူမှုကွန်ယက် များပေါ်တွင် ရေးသားဝေမျှ ထားကြတာကိုလည်း မြင်တွေ့ရပါတယ်။

ဖခင်ဖြစ်သူကို လွမ်းနေပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ဖွင့်ဟ ပြောပြလာတဲ့ မင်းမော်ကွန်းရဲ့ သမီးလေး

သရုပ်ဆောင် မင်းမော်ကွန်း ရဲ့ သမီးဖြစ်သူ လေပြေသွေးကလည်း အဖေများနေ့ အထိမ်းအမှတ် အဖြစ် အမှတ်တရပုံလေးနဲ့အတူ ဖေဖေကိုလွမ်းနေပြီဖြစ်ကြောင်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူကို လွမ်းနေပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ဖွင့်ဟ ပြောပြလာတဲ့ မင်းမော်ကွန်းရဲ့ သမီးလေး

လေပြေ ကတော့ ရေကူးကန်ထဲတွင် သူတို့ မောင်နှမနှစ်ယောက် ကို ချီထားတဲ့ ဖေဖေ မင်းမော်ကွန်းနဲ့ ပုံလေးကို တင်ထားပြီး ” Happy Father’s Day Phay ❤️ miss you “ ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မင်းမော်ကွန်း ကိုတော့မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့တဲ့ အတွက် ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူ ထားတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူကို လွမ်းနေပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ဖွင့်ဟ ပြောပြလာတဲ့ မင်းမော်ကွန်းရဲ့ သမီးလေး

ပရိသတ်တွေကလည်း သူချစ်ရတဲ့ မိသားစုနဲ့ ခွဲခွာပြီး နေနေရတဲ့ မင်းမော်ကွန်းအတွက် စိတ်မကောင်း ဖြစ်နေကြတာပါ။

လေပြေ တင်ထားတဲ့ ပို့စ်အောက်တွင်လည်း အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ပြီး မိသားစုတွေ ပြန်ဆုံနိုင်ပါစေလို့ ဆုတောင်းပေး ထားကြတာကိုလည်း မြင်တွေ့ရပါတယ်။ သူချစ်ရတဲ့ မိသားစုနဲ့ ခေတ္တခွဲခွာပြီး ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးတဲ့ မင်းမော်ကွန်းရဲ့ စိတ်ဓာတ် ကလည်း လေးစားဂုဏ်ယူစရာပါပဲ။ အားလုံးလည်း ဒီအခြေအနေကနေ အမြန်ဆုံး လွတ်မြောက်ပြီး ချစ်ရသူများနဲ့ ပြန်လည် ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

ဖခင်ဖြစ်သူကို လွမ်းနေပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ဖွင့်ဟ ပြောပြလာတဲ့ မင်းမော်ကွန်းရဲ့ သမီးလေး
ဖခင်ဖြစ်သူကို လွမ်းနေပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ဖွင့်ဟ ပြောပြလာတဲ့ မင်းမော်ကွန်းရဲ့ သမီးလေး

Zawgyi Version



ဖခင်ဖြစ်သူကို လွမ်းနေပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ဖွင့်ဟ ပြောပြလာတဲ့ မင်းမော်ကွန်းရဲ့ သမီးလေး



ဖခင်ဖြစ်သူကို လွမ်းနေပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ဖွင့်ဟ ပြောပြလာတဲ့ မင်းမော်ကွန်းရဲ့ သမီးလေး


Add a Comment

Your email address will not be published. Required fields are marked *