ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

ပြီးခဲ့တဲ့ရက်ပိုင်း က စစ်ကောင်စီ ရဲ့ အကြမ်းဖက် မီးရှို့ဖျက်စီးမှုတွေကြောင့် တစ်ရွာလုံး မီးလောင်ပြာကျခဲ့ရတဲ့ ကင်းမရွာ ကတော့ လက်ရှိ အခြေအနေတွေမှာ အကူအညီတွေ တော်တော်များများ လိုအပ်နေတာ ဖြစ်ပါတယ်..။

ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ ရတာကြောင့် ပရဟိတ အဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက အကူအညီပေးနိုင်ဖို့ လုပ်ဆောင်နေကြပြီး အဆိုတော် ထူးအယ်လင်းကလည်း သူ့ရဲ့ အဖွဲ့သားတွေနဲ့အတူ ကင်းမရွာကို ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်..။

ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း
ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

ထူးအယ်လင်း ဟာ မီးလောင်ထားတဲ့ ရွာရဲ့ အခြေအနေတွေကို အခက်အခဲတွေ ကြားက ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှု့ရင်း ဒေသခံပြည်သူတွေ အတွက် လိုအပ်တာတွေ ဖေးမကူညီ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

စားနပ်ရိက္ခာတွေ နဲ့ အခြားလိုအပ်တာတွေ လှူဒါန်းရင်း အကြမ်းဖက် မှုတွေကြောင့် ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ အမြန်ဆုံးငြိမ်းအေး အဆင်ပြေစေဖို့ကိုလည်း စိတ်မကောင်းစွာ ဆုတောင်းပေးထားပါသေးတယ်..။

ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း
ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

“အမြန်အဆင်ပြေကြပါစေဗျာ🙏 ပံ့ပိုးကူညီကြတဲ့ ခုနှစ်ရက်သားသမီး ရာဟုသားသမီးအပါ အလှုရှင်များ၏ ကောင်းမှုကိုသာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ🙏 သာဓု သာဓုသာဓု🙏🙏🙏 ၁၉.၆.၂၀၂၁(စနေနေ့)..” ဆိုပြီး အလှူပုံရိပ်တွေကို ထူးအယ်လင်းက ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်..။

အခုလို အဘက်ဘက်ကနေ အကူအညီတွေများစွာ လိုအပ်နေတဲ့ ကင်းမရွာပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးရင်း ဖေးမကူညီခဲ့တဲ့ ထူးအယ်လင်းတို့ စေတနာရှင်တွေရဲ့ အလှူတွေကတော့ တကယ်ကို ချီးကျူးသာဓုခေါ်စရာ ကောင်းလှပါတယ်..။

ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

Zawgyi Version



ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း
ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း




ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း
ကင်းမရွာရဲ့ လက်ရှိအခြေအနေကို သွားရောက် ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း


Add a Comment

Your email address will not be published. Required fields are marked *