၅၀၅ ဝရမ်းကြောင့် ရှောင်တိမ်းပြေးလွှားနေရတဲ့ အချိန် မိတ်ဆွေရင်း ဆိုသူတွေရဲ့ ထင်မထားတဲ့ လုပ်ရက်တွေ ကြုံတွေ့နေရတာတွေကို ပြောပြလာတဲ့ ဘုန်းဆက်သွင်

သရုပ်ဆောင် ဘုန်းဆက်သွင်ဟာ ဖေဖော်ဝါရီလ တစ်ရက်နေ့ ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ယနေ့အချိန်ထိ အားမလျော့သွေး မအေးသွားဘဲ အင်တိုက် အားတိုက် ရသလောက် ကြိုးစားပါဝင်နေသူပဲ ဖြစ်ပါတယ်..။

၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရပေမယ့် လက်ရှိအချိန်တွေမှာလည်း လမ်းပေါ်ထွက် လှုပ်ရှားမှုတွေ ပြုလုပ်နေဆဲဖြစ်တဲ့ ဘုန်းဆက်သွင် ကတော့ အခက်အခဲတွေနဲ့ အန္တရာယ်တွေ ကြားမှာ ကိုယ်ကျိုးစွန့်နေသူတွေ ထဲက တစ်ယောက်ပါပဲ..။

မိတ်ဆွေရင်း ဆိုသူတွေရဲ့ ထင်မထားတဲ့ လုပ်ရက်တွေ ကြုံတွေ့နေရတာတွေကို ပြောပြလာတဲ့ ဘုန်းဆက်သွင်

ဘုန်းဆက်သွင် ကတော့ ရှောင်တိမ်းပြေးလွှားနေရတဲ့ လတ်တလော အချိန်တွေမှာ မိတ်ဆွေရင်း လူရင်းတချို့ရဲ့ ထင်မှတ် မထားတဲ့ လုပ်ရက်တွေကြောင့် ကြုံတွေ့နေရတာတွေကို စိတ်မကောင်းစွာ ပြောပြလာပါတယ်..။

လက်ရှိ အခြေအနေတွေကြောင့် ဝရမ်းပြေး လူသတ်သမား သူခိုး တစ်ယောက်လို ဆက်ဆံခံနေကြသလို သူ့ကိုအကြောင်းမဲ့သက်သက် ကြောက်နေကြပြီး မလာစေချင်ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောပြထားတာပါ..။

မိတ်ဆွေရင်း ဆိုသူတွေရဲ့ ထင်မထားတဲ့ လုပ်ရက်တွေ ကြုံတွေ့နေရတာတွေကို ပြောပြလာတဲ့ ဘုန်းဆက်သွင်

“ကျွန်တော့်ကို တစ်ချို့က ဝရမ်းပြေးတစ်ယောက်လို တစ်ချို့က လူသတ်သမားတစ်ယောက်လို တစ်ချို့က သူခိုးတစ်ယောက်လို ဆက်ဆံနေကြတယ်ကြောက်နေကြတယ် ကျွန်တော်က အခုအချိန်ထိ လူလည်းမသတ်ဘူး အခုအချိန်ထိ ခိုးလည်းမခိုးဘူး လုပ်ခဲ့တာများ ရှိရင် သက်သေနဲ့တကွပြပေးကြပါ.. ဒါပေမဲ့ အကြောင်းမဲ့ သက်သက်ကြီး ကြောက်နေခဲ့ ရင်လည်း ခင်ဗျားတို့ဆီမလာပါဘူး ခင်ဗျာ

P.Sအကြွေးရှင်တွေတော့ရှိပါတယ် ခင်ဗျာ

အဓိကက လူရင်းတွေကိုပြောတာပါ ဗျာ ကျွန်တော်လည်း အကြွေးတွေရှိနေတုန်းပါ ခင်ဗျာ..” ဆိုပြီး ဘုန်းဆက်သွင်က ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

မိတ်ဆွေရင်း ဆိုသူတွေရဲ့ ထင်မထားတဲ့ လုပ်ရက်တွေ ကြုံတွေ့နေရတာတွေကို ပြောပြလာတဲ့ ဘုန်းဆက်သွင်

လတ်တလောကြုံတွေ့နေရတဲ့ အဆင်မပြေမှုလေးတွေကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းစွာနဲ့ အားပေးစကားတွေလည်း ပြောထားကြပါတယ်..။

Zawgyi Version



မိတ်ဆွေရင်း ဆိုသူတွေရဲ့ ထင်မထားတဲ့ လုပ်ရက်တွေ ကြုံတွေ့နေရတာတွေကို ပြောပြလာတဲ့ ဘုန်းဆက်သွင်



မိတ်ဆွေရင်း ဆိုသူတွေရဲ့ ထင်မထားတဲ့ လုပ်ရက်တွေ ကြုံတွေ့နေရတာတွေကို ပြောပြလာတဲ့ ဘုန်းဆက်သွင်





Add a Comment

Your email address will not be published. Required fields are marked *