အမေစုရဲ့မွေးနေ့ အတွက် မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

ပရိသတ်တွေ ကို ရယ်မော ပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟား(၅)ကောင်ကို သိကြမယ် ထင်ပါတယ်။ ဟား(၅)ကောင် အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက် ထိမိလှတဲ့ ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရ ရှိထားသလို ဖေဖော်ဝါရီလ အစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့ အတူတစ်သားတည်း ရပ်တည်ခဲ့တဲ့ လူရွှင်တော်တွေ လည်းဖြစ်ပြီး အခုဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ စစ်သင်တန်း တက်ရောက်နေပြီ လည်းဖြစ်ပါတယ်။

မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့
မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

ဟားငါးကောင်အဖွဲ့ က အနုပညာ အလုပ်တွေလုပ်စဉ် တုန်းကလည်း တက်ညီလက်ညီရှိကြသလို အခုလို အချိန်မှာလည်း ညီအစ်ကိုရင်းတွေပမာ စည်းလုံးညီညွတ်နေကြ တာလည်းဖြစ်ပါတယ်။

မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့
မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

ဟားငါးကောင်အဖွဲ့က သူတို့ရဲ့ ရပ်တည်ချက် အတိုင်း ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေဖြစ်ပြီး တောထဲမှာ ပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်ယူနေကြရင်း မကြာခဏ ဆိုသလိုလည်း သူတို့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ လှုပ်ရှားမှုပုံရိပ်တွေနဲ့ ထင်မြင်ချက်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိတဲ့သူတွေပါ။

မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

ဒီကနေ့ ဇွန်လ (၁၉)ရက်နေ့မှာ ဆိုရင်လည်း ဟားငါးကောင် အဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်း အမှတ်အနေနဲ့ တောတောင်ထဲမှာ စစ်ပညာသင်ယူရင်း ပန်းလေးတွေပန်ကာ တတ်နိုင်သရွေ့ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

ဒီကနေ့ကို ပြည်သူ တစ်ရပ်လုံးက ပန်းသပိတ်အနေနဲ့သတ်မှတ်ထားကြတာဖြစ်ပြီး လူတိုင်းနီးပါး ပါဝင်ဆင်နွှဲနေကြတာကို လည်းတွေ့ရပါတယ်။ ဒီပုံရိပ်တွေ ကို ဟားငါးကောင် အဖွဲ့ဝင် တိုင်းကျော်က သူ့ရဲ့ Facebookစာမျက်နှာမှာ “အမေ နဲ့ အတူ…..” ဆိုပြီးရေးသား မျှဝေထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi Version


မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့
မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့



မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့
မွန်မြတ်တဲ့လက်ဆောင် တစ်ခုနဲ့အတူ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့



Add a Comment

Your email address will not be published. Required fields are marked *