လေဖြတ်ပြီး အလုပ်မလုပ်နိုင်တဲ့ အဖိုးတို့ အိမ်ကို အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်တို့အဖွဲ့
ပြည်သူချစ် ပရဟိတ မင်းသားကြီး ဝေဠုကျော် ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာ ရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေ မှာလည်း အကြောင်း အမျိုးမျိုးကြောင့် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် ဝေဠုကျော် ဖောင်ဒေးရှင်း ကို တည်ထောင် ထားကာ အခြေခံ စားသောက်ကုန်တွေ ပေးဝေ လှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။
အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်တို့အဖွဲ့
ဒီနေ့မှာ လည်း လေဖြတ်လို့ အလုပ်မလုပ်နိုင်ပဲ သူများပေး ကမ်းတာပဲ စားသောက်နေရတဲ့ အဖိုးကို အခြေခံ စားသောက်ကုန်များ သွားရောက်လှူဒါန်း ပေးခဲ့ပါတယ်။ ဒါ့အပြင် အလှူရှင်များနဲ့ စုပေါင်းပြီး အဖိုးတို့ မိသားစုလေး လုံခြုံစွာနေထိုင်ဖို့ အိမ်လေး ဆောက်ပေးရန် စီစဉ်နေတယ် လို့လည်း သိရပါတယ်။
အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်တို့အဖွဲ့
အလှူ လက်ခံရရှိတဲ့ ပုံရိပ်လေးတွေနဲ့ အတူ ” 19-6-2021 တောင်ဒဂုံ ကျူးက လေဖြတ်အဖိုးတို့ အိမ်ကို တနေ့က သွားခဲ့ပြီး အဖိုးတို့ လတ်တလော အိမ်ဆောက်နေချိန် စားသောက်ရေး အဆင်ပြေစေဖို့ ဆန် ၆ပြည် ဆီ ကုလားပဲ ကြက်သွန်နီ ဟင်းချက်စရာ အလှူငွေ အပြင် အဖိုးတို့ လင်မယား အတွက် အဝတ်အထည် အသစ်လေးတွေပါ ယူသွားပြီး ထောက်ပံပေးခဲ့ပါတယ်။
အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်တို့အဖွဲ့
အိမ်ဆောက် ဖို့ ရပ်ကွက်လူကြီး အကြောင်းကြား ဆွေးနွေး တိုင်ပင်ခဲ့ကြပါတယ်။ နောက်မှ သိရတာက အဖိုးတို့ လင်မယားမှာ အသက် ၁၃နှစ် လူမမယ် သားငယ်လေး တစ်ယောက်ပါ ရှိနေပါသေးတယ်။ အဖိုးက ကြာကြာရပ်ရင် ခြေထောက်က တဆတ်ဆတ် တုန်လာတတ်တော့ အလုပ် သိပ်လုပ်နိူင်ပုံ မရပါ။ သူများ ပေးကမ်းစာနဲ့ပဲ စားသောက်နေရပုံ ရပါတယ်။ နေစရာလေး လုံခြုံသွားရင် တော့ သူတို့ အတွက် တစ်ခုတော့ ပြေလည်အဆင်ပြေသွားမှာပါ။ လှူဒါန်းပေးကြသော အလှူရှင်များ အားလုံးအား အဖိုးတို့ မိသားစုနှင့်အတူ ကျေးဇူးတင်ရ ပါတယ်။” ဆိုပြီး အလှူေ အကြာင်းအရာလေးကိုပါ သူ့ရဲ့ လူမှုကွန်ယက် page က နေပြီး ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Zawgyi Version
အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်တို့အဖွဲ့
အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်တို့အဖွဲ့
Add a Comment
Your email address will not be published. Required fields are marked *