၅၀၅(က)ဝရမ်းကြောင့် ပုန်းရှောင်နေရတဲ့ သူငယ်ချင်း မအေးသောင်းရဲ့ ပုံလေးတွေကြည့်ကာ သတိရနေတဲ့မေနွယ်ထွန်း

ဖေဖော်ဝါရီလ အစပိုင်း တည်းကတိုင် ပြည်သူတွေ နဲ့ အတူတစ်သားတည်း ရပ်တည်ကာ အရေးတော်ပုံကြီး အောင်မြင်ရေးမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ မအေးသောင်း ကို ပရိသတ်တွေ သိကြမယ် ထင်ပါတယ်။ သူမက လူထု လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့သလို စစ်ဘေးရှောင်ဒေသတွေ နဲ့ ဝမ်းရေး ခက်ခဲနေတဲ့ပြည်သူတွေ အတွက်ပါ အားတက်သရော ကူညီလှူဒါန်းခဲ့တဲ့ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်…..။

သူငယ်ချင်း မအေးသောင်းရဲ့ ပုံလေးတွေကြည့်ကာ သတိရနေတဲ့မေနွယ်ထွန်း

မအေးသောင်း က ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူ ခံထားရပြီး လက်ရှိမှာဆိုရင် ဘေးကင်းလုံခြုံတဲ့ တစ်နေရာမှာ ရှောင်ပုန်းနေ ရတာဖြစ်ပါတယ်။ အခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနုပညာရှင်တွေ လည်း များစွာ ရှိနေတာဖြစ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်း ရှိလာနေတာဖြစ်ပါတယ်။

သူငယ်ချင်း မအေးသောင်းရဲ့ ပုံလေးတွေကြည့်ကာ သတိရနေတဲ့မေနွယ်ထွန်း

အခုလို အခြေအနေတွေကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ မအေးသောင်းကို ပရိသတ်တွေ အားလုံးက သတိရနေကြတာဖြစ်ပြီး ဘေးကင်းစေဖို့ အတွက်လည်း ဆုတောင်းပေးနေကြ တာဖြစ်ပါတယ်….။

သူငယ်ချင်း မအေးသောင်းရဲ့ ပုံလေးတွေကြည့်ကာ သတိရနေတဲ့မေနွယ်ထွန်း

မအေးသောင်းရဲ့ သူငယ်ချင်းဖြစ်တဲ့ မေနွယ်ထွန်းကလည်း မကြာသေးခင်ကသူမရဲ့ Facebook စာမျက်နှာမှာ မအေးသောင်းနဲ့ အတူ အမှတ်တရရိုက်ထားတဲ့ ပုံလေးတွေတင်ကာ သတိရနေကြောင်း တင်ပေးထားတာတွေ့ရပါတယ်။ ငယ်သူငယ်ချင်း တွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်က အနုပညာ အလုပ်တွေလည်း အတူလုပ်ကိုင်ကြသလို တစ်ယောက်နဲ့ တစ်ယောက် ညီအစ်မတွေလို ခင်မင်ကြတဲ့သူတွေပါ။ ပရိသတ်တွေ အတွက် ဒီပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi Version


သူငယ်ချင်း မအေးသောင်းရဲ့ ပုံလေးတွေကြည့်ကာ သတိရနေတဲ့မေနွယ်ထွန်း



သူငယ်ချင်း မအေးသောင်းရဲ့ ပုံလေးတွေကြည့်ကာ သတိရနေတဲ့မေနွယ်ထွန်း


Add a Comment

Your email address will not be published. Required fields are marked *