ဘဝမှာ မပေါင်းသင့်တဲ့ လူ ၅ မျိုး … အကြောင်း

လူရယ်လို့ဖြစ်လာရင် လူတွေ အကြောင်းကို နားလည်ထားမှသာလျင် တော်ရာကျပါလိမ့်မယ်။ ဘယ်သူက ဘယ်လို အကျင့်ရှိတယ်ဆိုတာ သိရင် ကိုယ့်ဘက်က ဘယ်လိုပေါင်းသင်းရမယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အပေါင်းအသင်းဆိုတာ ဘဝအတွက် အရေးအပါဆုံးဖြစ်ပါတယ်။ ကောင်းတဲ့လူနဲ့ ပေါင်းသင်းတဲ့အခါ ဘဝ အတွက် အကျိုး ရှိစေပြီး မကောင်းတဲ့သူကို အပေါင်းအသင်း လုပ်မိတဲ့အခါ ဘဝတစ်ခုလုံးဆုံး ရှုံးစေတဲ့အထိ ဖြစ်လာနိူင်ပါတယ်။

သင်သိထားရမယ့် ပထမလူကတော့…

၁…အတင်းပြောတတ်တဲ့သူ

ဒီလိုလူမျိုး အများစုဟာ မိမိအကြောင်းထက် သူတစ်ပါးအကြောင်းကိုသာ စိတ်ဝင်းစားနေတတ်တာကြောင့် သူ့မှာ ဘဝတက်လမ်းအတွက် ကြိုတင်စီစဉ်ထားတဲ့ အချက်မျိုးမရှိပဲ နေရာတိုင်း အချိန်တိုင်းမှာ သူ့အနားရှိနေတဲ့ သူတွေဆီကို အမှိုက်တွေ သယ်သယ် လာတတ်ကြပါတယ်။

ဘယ်လိုအကြောင်းအရာမျိုးမဆို သူ့ဆီက ကြားနိူင်တဲ့အတွက် သင့်စိတ်ထဲကို အမြဲတမ်းအမှိုက်တွေ လာလာပုံ နေတာကြောင့် သင့်စိတ်ကို အနှောက်ယှက်ဖြစ်နေမှာ အသေချာပဲ ။

၂…မနာလို ဝန်တိုစိတ်ကြီးသူ

သင်တစ်ခုခု သူ့ထက်သာသွားပြီးဆိုရင် အပြောအဆို အနေအထိုင် အပြုအမူကအစ ပြောင်းလဲ သွားတတ်တဲ့ လူမျိုးပါ။ဒီလိုလူမျိုးအများစုဟာ သင်စိတ်ချမ်းသာနေတာကို မြင်ချင်ကြတဲ့ သူတွေ မဟုတ်တာကြောင့် သင့် ရဲ့ စိတ်မချမ်းမြေ့မှုတွေကိုပဲ အမြဲတမ်းကြားချင်နေတတ်တဲ့သူတွေပါ။

ဒါကြောင့် သင်ကောင်းကောင်း ဆိုးဆိုး သင့်အနားမှာ အမြဲတမ်း မျှဝေခံစားမပေးနိူင်တဲ့အတွက်မိတ်ဆွေအနေနဲ့ သင့်ရဲ့ အချိန်တွေကို ယုံကြည်မှု တွေကို ချမသုံးသင့်ပါဘူး…။

၃…စိတ်အပြောင်း အလဲမြန်လွန်းသူ

ဒီနေ့ ပြုံးပျော်ပြီး စကားတွေဖော်ရွေနေပေမယ့် နောက်တစ်နေ့မှာ ကိုယ့်ဘက်က ဘာမှမသိရပဲ စိတ်ဆိုး စကားမပြောခံရတာမျိုးက နေရအတော်ခက်တဲ့ အရာပါ။ ဒီလိုမျိုးသင် ခဏခဏ ကြုံဖူးပါသလား ကျွန်မကတော့ ကြုံဖူးပါတယ်…

သူခေါ်ချင်တဲ့အခါ ကောက်ကာ ငင်ကာ ခေါ်တတ်ပြီး သူစိတ်မလိုတော့တဲ့အခါ ရန်သူကြီးလို နေရတာကြီးက အပေါင်းအသင်း အဖြစ်နဲ့ ဆက်ပေါင်းလို့ မရတဲ့ ဆက်ဆံရေးမျိုးဖြစ်တဲ့အတွက် ရှောင်ကျည် ပေါင်းသင်းသင့်တဲ့ သူမျိုးပါပဲ…။

၄…တစ်ခုခုဆိုရင် ညည်းတွားတတ်သူ

ဒီလို လူမျိုးတွေဟာ ဘဝမှာ အမြဲတမ်း စိတ်မောလူမောနဲ့ နေတတ်ကြပြီး သူတို့ အနားရှိတဲ့ သူတွေကိုပါ စိတ်ပန်း လူပန်း စေပြီး စိတ်ကိုလေးလံစေပါတယ်။ တစ်ခုခုလုပ်ခါနီးမှာ မဖြစ်သေးတဲ့ အရာအပေါ် ကြိုတင် ပူပန်နေတတ်ပြီး ဖြစ်ပြီးသားအရာတွေကိုလည်း ခဏခဏ ပြောရင်း ညည်းတွားနေတတ်တဲ့ သူတွေပါ သူတို့အနား ရှိတဲ့ သင်ကတော့ ဘဝတွေပါ လေးလံလာပြီး စိတ်ညစ်မှုတွေအမြဲတမ်း လက်ဆင့်ကမ်း ရနေမှာဖြစ်လို့ မပေါင်းသင်းတာ အကောင်းဆုံး ပါပဲ။

၅…မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေသူ

ဒီအလုပ်မှာ ငါမရှိရင် မဖြစ်ပါဘူး ဆိုပြီး အမြဲတမ်း သူ့ဂုဏ်သူဖော်နေတတ်တဲ့သူ။သူမရှိရင် ဘာမှ အဆင်မပြေဘူးဆိုတဲ့ လေသံနဲ့ တစ်ခြားသူတွေအပေါ်မှာ အထက်စီးကျကျ ဆက်ဆံတတ်တဲ့သူ…ဒီလိုလူ အများစုဟာ မိမိဘယ်လောက် ကောင်းအောင် လုပ်လုပ် သူ့လောက်အဖြစ်မရှိဘူးဆိုတဲ့ တစ်လွဲခံယူချက်နဲ့ တစ်ဖက်သာအပေါ် ယုံကြည်မှု မဲ့အောင် မလေးမစားပြုမူတတ်ပါတယ်။ ဒါကြောင့် သင်ဟာလဲ သူနဲ့အတူရှိတဲ့အတွက် သင့်ဘာလုပ်လုပ် ယုံကြည်မှု ရှိမနေတဲ့အတွက် သူ့အပေါ်ထားတဲ့ အပေါင်းအသင်း ဆက်ဆံရေး ကလဲ သူ့အတွက် အသုံးဝင်မှာမဟုတ်ပါဘူး….

ဒါကြောင့် ဘဝမှာ ဘယ်လိုလူမျိုးက ဘယ်လိုအကျင့်ရှိတယ်ဆိုတာ သိရင် ရှောင်သင့်ရင်ရှောင် မရှောင်ချင်ရင် အခြေအနေကြည့်ပြီးပေါင်းသင်းတတ်ဖို့က အဓိကကျပါတယ်…။

Zawgyi Version

လူရယ္လို႔ျဖစ္လာရင္ လူေတြ အေၾကာင္းကို နားလည္ထားမွသာလ်င္ ေတာ္ရာက်ပါလိမ့္မယ္။ ဘယ္သူက ဘယ္လို အက်င့္ရွိတယ္ဆိုတာ သိရင္ ကိုယ့္ဘက္က ဘယ္လိုေပါင္းသင္းရမယ္ဆိုတာ သိထားဖို႔လိုအပ္ပါတယ္။

အေပါင္းအသင္းဆိုတာ ဘဝအတြက္ အေရးအပါဆုံးျဖစ္ပါတယ္။ ေကာင္းတဲ့လူနဲ႕ ေပါင္းသင္းတဲ့အခါ ဘဝ အတြက္ အက်ိဳး ရွိေစၿပီး မေကာင္းတဲ့သူကို အေပါင္းအသင္း လုပ္မိတဲ့အခါ ဘဝတစ္ခုလုံးဆုံး ရႈံးေစတဲ့အထိ ျဖစ္လာနိူင္ပါတယ္။

သင္သိထားရမယ့္ ပထမလူကေတာ့…

၁…အတင္းေျပာတတ္တဲ့သူ

ဒီလိုလူမ်ိဳး အမ်ားစုဟာ မိမိအေၾကာင္းထက္ သူတစ္ပါးအေၾကာင္းကိုသာ စိတ္ဝင္းစားေနတတ္တာေၾကာင့္ သူ႕မွာ ဘဝတက္လမ္းအတြက္ ႀကိဳတင္စီစဥ္ထားတဲ့ အခ်က္မ်ိဳးမရွိပဲ ေနရာတိုင္း အခ်ိန္တိုင္းမွာ သူ႕အနားရွိေနတဲ့ သူေတြဆီကို အမွိုက္ေတြ သယ္သယ္ လာတတ္ၾကပါတယ္။

ဘယ္လိုအေၾကာင္းအရာမ်ိဳးမဆို သူ႕ဆီက ၾကားနိူင္တဲ့အတြက္ သင့္စိတ္ထဲကို အၿမဲတမ္းအမွိုက္ေတြ လာလာပုံ ေနတာေၾကာင့္ သင့္စိတ္ကို အေႏွာက္ယွက္ျဖစ္ေနမွာ အေသခ်ာပဲ ။

၂…မနာလို ဝန္တိုစိတ္ႀကီးသူ

သင္တစ္ခုခု သူ႕ထက္သာသြားၿပီးဆိုရင္ အေျပာအဆို အေနအထိုင္ အျပဳအမူကအစ ေျပာင္းလဲ သြားတတ္တဲ့ လူမ်ိဳးပါ။ဒီလိုလူမ်ိဳးအမ်ားစုဟာ သင္စိတ္ခ်မ္းသာေနတာကို ျမင္ခ်င္ၾကတဲ့ သူေတြ မဟုတ္တာေၾကာင့္ သင့္ ရဲ႕ စိတ္မခ်မ္းေျမ့မႈေတြကိုပဲ အၿမဲတမ္းၾကားခ်င္ေနတတ္တဲ့သူေတြပါ။

ဒါေၾကာင့္ သင္ေကာင္းေကာင္း ဆိုးဆိုး သင့္အနားမွာ အၿမဲတမ္း မွ်ေဝခံစားမေပးနိူင္တဲ့အတြက္မိတ္ေဆြအေနနဲ႕ သင့္ရဲ႕ အခ်ိန္ေတြကို ယုံၾကည္မႈ ေတြကို ခ်မသုံးသင့္ပါဘူး…။

၃…စိတ္အေျပာင္း အလဲျမန္လြန္းသူ

ဒီေန႕ ၿပဳံးေပ်ာ္ၿပီး စကားေတြေဖာ္ေ႐ြေနေပမယ့္ ေနာက္တစ္ေန႕မွာ ကိုယ့္ဘက္က ဘာမွမသိရပဲ စိတ္ဆိုး စကားမေျပာခံရတာမ်ိဳးက ေနရအေတာ္ခက္တဲ့ အရာပါ။ ဒီလိုမ်ိဳးသင္ ခဏခဏ ႀကဳံဖူးပါသလား ကြၽန္မကေတာ့ ႀကဳံဖူးပါတယ္…

သူေခၚခ်င္တဲ့အခါ ေကာက္ကာ ငင္ကာ ေခၚတတ္ၿပီး သူစိတ္မလိုေတာ့တဲ့အခါ ရန္သူႀကီးလို ေနရတာႀကီးက အေပါင္းအသင္း အျဖစ္နဲ႕ ဆက္ေပါင္းလို႔ မရတဲ့ ဆက္ဆံေရးမ်ိဳးျဖစ္တဲ့အတြက္ ေရွာင္က်ည္ ေပါင္းသင္းသင့္တဲ့ သူမ်ိဳးပါပဲ…။

၄…တစ္ခုခုဆိုရင္ ညည္းတြားတတ္သူ

ဒီလို လူမ်ိဳးေတြဟာ ဘဝမွာ အၿမဲတမ္း စိတ္ေမာလူေမာနဲ႕ ေနတတ္ၾကၿပီး သူတို႔ အနားရွိတဲ့ သူေတြကိုပါ စိတ္ပန္း လူပန္း ေစၿပီး စိတ္ကိုေလးလံေစပါတယ္။ တစ္ခုခုလုပ္ခါနီးမွာ မျဖစ္ေသးတဲ့ အရာအေပၚ ႀကိဳတင္ ပူပန္ေနတတ္ၿပီး ျဖစ္ၿပီးသားအရာေတြကိုလည္း ခဏခဏ ေျပာရင္း ညည္းတြားေနတတ္တဲ့ သူေတြပါ သူတို႔အနား ရွိတဲ့ သင္ကေတာ့ ဘဝေတြပါ ေလးလံလာၿပီး စိတ္ညစ္မႈေတြအၿမဲတမ္း လက္ဆင့္ကမ္း ရေနမွာျဖစ္လို႔ မေပါင္းသင္းတာ အေကာင္းဆုံး ပါပဲ။

၅…မိမိကိုယ္ကို ယုံၾကည္မႈ လြန္ကဲေနသူ

ဒီအလုပ္မွာ ငါမရွိရင္ မျဖစ္ပါဘူး ဆိုၿပီး အၿမဲတမ္း သူ႕ဂုဏ္သူေဖာ္ေနတတ္တဲ့သူ။သူမရွိရင္ ဘာမွ အဆင္မေျပဘူးဆိုတဲ့ ေလသံနဲ႕ တစ္ျခားသူေတြအေပၚမွာ အထက္စီးက်က် ဆက္ဆံတတ္တဲ့သူ…ဒီလိုလူ အမ်ားစုဟာ မိမိဘယ္ေလာက္ ေကာင္းေအာင္ လုပ္လုပ္ သူ႕ေလာက္အျဖစ္မရွိဘူးဆိုတဲ့ တစ္လြဲခံယူခ်က္နဲ႕ တစ္ဖက္သာအေပၚ ယုံၾကည္မႈ မဲ့ေအာင္ ​မေလးမစားျပဳမူတတ္ပါတယ္။ ဒါေၾကာင့္ သင္ဟာလဲ သူနဲ႕အတူရွိတဲ့အတြက္ သင့္ဘာလုပ္လုပ္ ယုံၾကည္မႈ ရွိမေနတဲ့အတြက္ သူ႕အေပၚထားတဲ့ အေပါင္းအသင္း ဆက္ဆံေရး ကလဲ သူ႕အတြက္ အသုံးဝင္မွာမဟုတ္ပါဘူး….

ဒါေၾကာင့္ ဘဝမွာ ဘယ္လိုလူမ်ိဳးက ဘယ္လိုအက်င့္ရွိတယ္ဆိုတာ သိရင္ ေရွာင္သင့္ရင္ေရွာင္ မေရွာင္ခ်င္ရင္ အေျခအေနၾကည့္ၿပီးေပါင္းသင္းတတ္ဖို႔က အဓိကက်ပါတယ္…။

ေလးစားစြာျဖင့္ ❤❤❤ MayHsu (ရာမညေျမ)

Add a Comment

Your email address will not be published. Required fields are marked *