ဂျပန်နိုင်ငံ ရဲ့ သမိုင်းမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ လေဆိပ်ထဲ ထိ ဂျပန်လဝကမှ လိုက်ခေါ်ခဲ့တာ ပထမဆုံးဖြစ်ရပ်

မြန်မာ လက်ရွေး စင်ဘောလုံး သမားများ ရဲ့ မျက်နှာ ဟာမသာမယာနဲ့ လေဆိပ်ထဲကို တစ်လှမ်းချင်းဝင်လာကြပါတယ် ပြန်ရတော့မယ်လေ မတည်ငြိမ် မအေးချမ်းသေးတဲ့ အမိနိုင်ငံမြန်မာပြည်။ ဖြစ်နိုင်ရင် မပြန်ချင်ကြဘူးကွယ် ပြန်ချင်ကြတဲ့သူရှိလှ
၁၀ ယောက်လောက်ပါပဲ။ ဒါပေမဲ့လည်းကျန်ရှိခဲ့တဲ့မိသားစုတွေကို ပူပန်ရတော့ အားမာန်မွေးလို့ ပြန်ရတော့မယ်။

လေဆိပ်အထဲမှာ စောင့်ကြိုနေတာကတော့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေပါပဲ ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက် တီဗီကင်မရာကြီးတွေထမ်းလို့ ဝင်လာကြတဲ့ အားကစားသမားများကို အင်တာဗျူးတော့တာပါပဲ။ အဖွဲ့ထဲမှာ ဒလန်ကလည်းပါတော့ ထိန်းထိန်းသိမ်းသိမ်း စကားပြောရ သယ်ဆောင်လာရတဲ့ မရှိမဲ့ရှိမဲ့ပစ္စည်းလေးတွေကိုလည်းဆွဲရ။

ဂျပန်နိုင်ငံရဲ့သမိုင်းမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ လေဆိပ်ထဲထိ ဂျပန်လဝကမှ လိုက်ခေါ်ခဲ့တာ ပထမဆုံးဖြစ်ရပ်

အော်မရှိမဲ့ရှိမဲ့ဆိုလို့ နားရှုပ်သွားတယ်ထင်တယ်နော်။ ဟုတ်ပါတယ်မရှိမဲ့ရှိမဲ့ မြန်မာပြည်က ထွက်လာတဲ့အတိုင်းပါရှိလာတဲ့ ကိုယ်ပိုင်ပစ္စည်းတွေပါပဲ။

ဟုတ်တယ်လေ ဂျပန်မှာ ၃ ပါတ်နီးပါးနေသွားရပေမဲ့ ပွဲမတိုင်ခင် လေ့ကျင့်ရေးဆင်းရဖို့ရယ် ဘောလုံးကန်ကစားမဲ့ပွဲရက်တွေပဲ အပြင်ထွက်ခွင့်ရပါတယ် ကျန်တဲ့အချိန် တံခါးပိတ်ချိတ် ဟော်တယ်ကနေအပြင်ထွက်ခွင့်မရလို့ မြန်မာပြည်မှာကျန်ရှိခဲ့တဲ့ မိသားစုအတွက် ဘာလေးညာလေးတောင်မယူသွားနိုင် ဘယ်လိုခေါ်မလဲ တရုတ်၊ ရုရှား၊ မြောက်ကိုရီယားလို တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေနဲ့ဗျ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က လာကစားသွားတုံးက ရရှိခဲ့တဲ့ အားလပ်တဲ့အချိန်မှာ ကိုယ်ပိုင်သွားလာလွတ်လပ်ခွင့် လုံးဝမရရှိ။ တွေ့ပြီလား မအလ ဦးစီးတဲ့ စစ်ကောင်စီရဲ့ တံခါးပိတ်ဝါဒကို အသုံးပြုတဲ့ အထီးကျန်နိုင်ငံတွေရဲ့ လုပ်နည်းလုပ်ဟန် မူစနစ်။

ကဲခုန စကားပြန်ဆက်ရမယ်ဆိုရင် အားကစားသမားတွေနဲ့ မီဒီယာသမားတွေကတော့ မေးလိုက်ဖြေလိုက်အလုပ်ရှုပ် ဂျပန်လူဝင်မှုကြီးကြပ်ရေးအရာရှိများကတော့ ထူးထူးဆန်းဆန်း ခရီးသည်တွေစရင်းကို နံမည် တစ်ခုခြင်းစစ်ဆေးပြီး ခေါ်ပါပြီးဗျ မပီကလာပီကလာဂျပန်လေသံနဲ့ ပြည့်လျှံအောင်….. ပြည့်လျှံအောင်။

ဂျပန်နိုင်ငံရဲ့သမိုင်းမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ လေဆိပ်ထဲထိ ဂျပန်လဝကမှ လိုက်ခေါ်ခဲ့တာ ပထမဆုံးဖြစ်ရပ်

လက်ရွေးစင်အသင်းရဲ့ ဒလန်များက ခုမှပြူးတူးပြဲတဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ? လဝက ကမေးစရာရှိတယ်လို့ခေါ်ဆောင်၊ လက်ရွေးစင်လူကြီးများနဲ့ဆွေးနွေး နောက်ဆုံး ဂျပန်အစိုးရက ပြည့်လျှံအောင်ကိုကာကွယ်၊ နိုင်ငံရေးခိုလှုံခွင့်ပြုလိုက်ပါပီး ကျန်လူများက စောင့်ကြိုနေတဲ့ည ANA လေယာဉ်ပေါ်တက် ထွက်ခွာသွားပါပြီး ဂျပန်မြေပြင်က အချိန်ကတော့ ည ၁၁ နာရီ ၂၀ မိနစ်။ လေယာဉ်ပေါ်ထွက်ခွာသွားသူအယောက်တိုင်း ဘေးအန္တရာယ် ကင်းဝေးပါစေ။

အထက်ပါသတင်း Source ကတော့ ကိုယ်ပိုင်ထင်မြင်ယူဆရေးသားတာ မဟုတ်ဖူးနော် ကိုယ်ပိုင် ဒလန်ကနေတစ်ဆင့်ပါ။ 🤫

မထင်မမှတ်ပဲ ဂျပန်မြေပြင်မှာ ဆုံးပါးသွားတဲ့ ဝတ်စုံတာဝန်ခံ ဦးပြည့်စုံနိုင် အိမ်ပြန်လမ်းဖြောင့်ဖြူးပါစေ ကောင်းရာသုဂတိလားပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။🙏 ယခုလို ဂျပန်အစိုးရမှ မြန်မာနိုင်ငံသားကို လေဆိပ်မှာ ခေါ်ဆောင်ခိုလှုံခွင့်ပေးတာဟာ ပထမဦးဆုံး အကြိမ်ဖြစ်သလို ဂျပန်နိုင်ငံနဲ့ စစ်ကောင်စီအဖွဲ့ဝင်များတို့ရဲ့ ဆက်ဆံရေး သံတမန်လမ်းကြောင်းဟာတော့ ရှေ့ရှောက်ချောမွေ့မယ်မထင်တော့ပါ။

ဂျပန်နိုင်ငံရဲ့သမိုင်းမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ လေဆိပ်ထဲထိ ဂျပန်လဝကမှ လိုက်ခေါ်ခဲ့တာ ပထမဆုံးဖြစ်ရပ်

ဒါဟာ စစ်ကောင်စီအတွက် ကျဆုံးတော့မဲ့ ရှေ့ပြေးနမိတ်လက္ခဏာပါပဲ။ တစ်နေ့ကပဲ မလေးရှား ဘုရင်မင်းမြတ်ကနေ လွှတ်တော်ခေါ်ယူပြီး မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်မှနေ ခေတ္တဆိုင်းငံဖို့ အာဆီယံအလှည့်ကျ ဘရူနိုင်းဘုရင်မင်းမြတ်ထံ သဝဏ်လွှာပို့ထားခါစ။ G-7 အဖွဲ့ဝင်တွေကလည်း မအလ ပထွေး ပြည်ကြီးပေါက်ဖော်ကို နည်းလမ်းမျိုးစုံ ဖိအားပေးနေသလို စကစကိုလည်း ယခုထက်ပိုမိုဖိအားပေးတော့မယ်ပြောထားပြီးပါပီး။

ICJ ခုံရုံးရဲ့ဆင့်ဆိုစာကို NUG အစိုးရသစ်ကတက်ရောက်မယ်ပြောထားပေမဲ့ မအလ ရဲ့ စကစ အဖွဲ့အစည်းကတက်ရောက်မယ် မတက်ရောက်ဖူးဆိုတာ ထုတ်ပြန်မှုမရှိသေးပါ။ နောက်ဆုံး မအလ ပထွေး ပြည်ကြီးပေါက်ဖော်က ဗီတိုအာဏာနဲ့ ပုတ်ချပါလေစေ။ မအလမှာ ပြေးစရာမြေမရှိသလောက် ပါပဲ။

နောက်ဖြစ်ပေါ်လာမဲ့ ဇတ်လမ်းကတော့ မိမိတို့ဖာသာတွေးတောမှတ်ချက်ချလို့ရလိမ့်မယ် ထင်ပါတယ်။

Richard Thein

Add a Comment

Your email address will not be published. Required fields are marked *