TELEGRAM သုံးတဲ့ သူတွေ မဖြစ်မနေ သိထား သင့် တဲ့ လုံခြုံရေး ပိုင်း ဆိုင်ရာ များ

Telegram ဟာ အခု နောက်ပိုင်းမှာ Facebook Messenger နဲ့ Viber အစား လူသုံးများ လာတဲ့ Messaging App တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် Group Chat ပိုင်းမှာ Function စုံလင်တဲ့ အပြင် လုံခြုံရေးပိုင်း မှာလည်း တခြားသော Messaging App တွေထက် စိတ်ချရတဲ့ အတွက် လူတိုင်းနီးပါး အသုံးပြုသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း Telegram ကို အသုံးပြုလိုက်ပြီ ဆိုတာ နဲ့တင် ကိုယ့်ရဲ့ Privacy ပိုင်း လုံးဝလုံခြုံသွားတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် Telegram ဟာ Default အနေနဲ့ ကိုယ့်ရဲ့ Location ၊ ဖုန်းနံပါတ် အပါအဝင် Conversation တွေကိုပါ ကြားဖြတ် သိရှိနိုင်နေ တာကြောင့်ဖြစ်ပါတယ်။

TELEGRAM သုံးတဲ့ သူတွေ မဖြစ်မနေ သိထား သင့် တဲ့ လုံခြုံရေး ပိုင်း ဆိုင်ရာ များ

အဲ့ဒီ အတွက် အခု Article မှာတော့ Telegram ကို အသုံးပြုတဲ့သူတိုင်း ပြင်ဆင်ထား သင့်တဲ့ Privacy Setting တွေကိုဖော်ပြပေးသွားမှာပါ။

(1) ကိုယ့်ရဲ့ ဖုန်းနံပါတ် ကို ဖျောက်ထားခြင်း

Telegram ဟာ တခြားသော Viber လိုမျိုး Messaging App တွေကနေ ကွဲထွက်နေတဲ့ အချက်ကတော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို တခြားသူတွေကို ပေးသိစရာ မလိုအပ်ပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို တခြားသူတွေ မမြင်နိုင်စေဖို့ အတွက် Settings – Privacy and Security ကနေတစ်ဆင့် ဖုန်းနံပါတ် ကို “My Contacts” သို့မဟုတ် “Nobody” ဆိုပြီး ပြောင်းလဲထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

TELEGRAM သုံးတဲ့ သူတွေ မဖြစ်မနေ သိထား သင့် တဲ့ လုံခြုံရေး ပိုင်း ဆိုင်ရာ များ

တစ်ခု သတိထားရမှာကတော့ ဒီလိုမျိုး ဖုန်းနံပါတ် ကို ဖျောက်ထားမယ်ဆိုရင် တခြားသူတွေက ဆက်သွယ်နိုင်ဖို့ အတွက် Username သတ်မှတ်ထားဖို့ လိုအပ်မှာပါ။

(2) People Nearby Feature ကို ပိတ်ထားခြင်း

တကယ် လို့ သင်က Telegram ကို Profile Photo ထည့်သွင်းထားပြီး အသုံးပြုတယ် ဆိုရင် ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ တခြားသော Telegram အသုံးပြုသူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ People Nearby Feature ကို အသုံးပြုနိုင် မှာဖြစ်ပါတယ်။ ဒီလိုမျိုး People Nearby Feature က တစ်ခါတရံ ကိုယ့်အနီး ပတ်ဝန်းကျင်က သူတွေနဲ့ ဆက်သွယ်နိုင်တယ် ဆိုပေမယ့် ကိုယ့်ရဲ့ တည်နေရာကိုပါ ဖော်ပြပြီးသားဖြစ်သွားနိုင်ပါတယ်။

TELEGRAM သုံးတဲ့ သူတွေ မဖြစ်မနေ သိထား သင့် တဲ့ လုံခြုံရေး ပိုင်း ဆိုင်ရာ များ

အဲ့ဒီ အတွက် အကောင်းဆုံးကတော့ ကျိန်းသေလိုအပ်တဲ့ အချိန်ကလွဲပြီး အဆိုပါ People Nearby Feature ကိုTelegram Menu ထဲကနေ ပိတ်ထားဖို့ လိုအပ် မှာဖြစ်ပါတယ်။ အခုနောက်ပိုင်း ထွက်ရှိထားတဲ့ စမတ်ဖုန်း အများစုမှာ People Nearby Feature ကို အသုံးပြုနေပါက Notification Bar မှာ GPS ကို အသုံးပြုနေတဲ့ Icon ကို ဖော်ပြတတ်တဲ့ အတွက် ကိုယ့်ရဲ့ Location ကို အသုံးပြုနေလားဆိုတာကို ကြည့်ရှုနိုင်မှာပါ။

(3) အရေးကြီး စကားပြောဆိုမှုတွေကို Secret Chat နဲ့ပဲ ပြောဆိုပါ

Telegram ဟာ End-to-End Encryption Service ကို Support ပြုလုပ်တယ် ဆိုပေမယ့် ပုံမှန်အတိုင်းပြောဆိုတဲ့ Group Chat တွေ၊ Conversation တွေကိုတော့ End-to-End Encrypt ပြုလုပ်ပေးမှာမဟုတ်ပါဘူး။ ဒါက တကယ်လို့ အရေးကြီး အချက်အလက်တွေကို ပြောဆိုတော့မယ် ဆိုရင် သတိထားစရာ အချက်တစ်ခုဖြစ်လာပါတယ်။

TELEGRAM သုံးတဲ့ သူတွေ မဖြစ်မနေ သိထား သင့် တဲ့ လုံခြုံရေး ပိုင်း ဆိုင်ရာ များ

အဲ့ဒီအတွက် အရေးကြီး စကားပြောဆိုမှုတွေကို ပြုလုပ်တော့မယ်ဆိုရင် ကိုယ်စကားပြောချင်တဲ့ Contact ရဲ့ Profile ကို နှိပ်ပြီး Menu ကနေတစ်ဆင့် “Start Secret Chat” ကို ရွေးချယ်ဖို့ အရင် လိုအပ်ပါတယ်။ ဒါမှ Conversation ကEnd-to-End Encryption ပါဝင်လာ မှာဖြစ်ပြီး ကိုယ့်ရဲ့ Privacy ကိုလည်း လုံခြုံအောင် ပြုလုပ်ပြီးသားဖြစ်သွားမှာပါ။

TELEGRAM သုံးတဲ့ သူတွေ မဖြစ်မနေ သိထား သင့် တဲ့ လုံခြုံရေး ပိုင်း ဆိုင်ရာ များ

အခုပြောသွားတဲ့ အချက်တွေကတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ Telegram ကို အသုံးပြုမယ်ဆိုရင် ကျိန်းသေပေါက် ပြင်ဆင်ထားသင့်တဲ့ Privacy Setting အချို့ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Telegram ဟာ တခြားသော Feature ပိုင်းတွေလည်း အများအပြား ပါဝင်တဲ့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံး Messaging App တစ်ခုလို့ပဲ ပြောရမှာပါ။

Zawgyi Version

Telegram ဟာ အခု ေနာက္ပိုင္းမွာ Facebook Messenger နဲ႔ Viber အစား လူသုံးမ်ား လာတဲ့ Messaging App တစ္ခုျဖစ္ပါတယ္။ အထူးသျဖင့္ Group Chat ပိုင္းမွာ Function စုံလင္တဲ့ အျပင္ လုံၿခဳံေရးပိုင္း မွာလည္း တျခားေသာ Messaging App ေတြထက္ စိတ္ခ်ရတဲ့ အတြက္ လူတိုင္းနီးပါး အသုံးျပဳသင့္တဲ့ App တစ္ခုျဖစ္ပါတယ္။

ဒါေပမယ့္လည္း Telegram ကို အသုံးျပဳလိုက္ၿပီ ဆိုတာ နဲ႔တင္ ကိုယ့္ရဲ႕ Privacy ပိုင္း လုံးဝလုံၿခဳံသြားတာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲ ဆိုရင္ Telegram ဟာ Default အေနနဲ႔ ကိုယ့္ရဲ႕ Location ၊ ဖုန္းနံပါတ္ အပါအဝင္ Conversation ေတြကိုပါ ၾကားျဖတ္ သိရွိႏိုင္ေန တာေၾကာင့္ျဖစ္ပါတယ္။

အဲ့ဒီ အတြက္ အခု Article မွာေတာ့ Telegram ကို အသုံးျပဳတဲ့သူတိုင္း ျပင္ဆင္ထား သင့္တဲ့ Privacy Setting ေတြကိုေဖာ္ျပေပးသြားမွာပါ။

(1) ကိုယ့္ရဲ႕ ဖုန္းနံပါတ္ ကို ေဖ်ာက္ထားျခင္း

Telegram ဟာ တျခားေသာ Viber လိုမ်ိဳး Messaging App ေတြကေန ကြဲထြက္ေနတဲ့ အခ်က္ကေတာ့ ကိုယ့္ရဲ႕ ဖုန္းနံပါတ္ကို တျခားသူေတြကို ေပးသိစရာ မလိုအပ္ပဲ အသုံးျပဳႏိုင္တာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ကိုယ့္ရဲ႕ ဖုန္းနံပါတ္ကို တျခားသူေတြ မျမင္ႏိုင္ေစဖို႔ အတြက္ Settings – Privacy and Security ကေနတစ္ဆင့္ ဖုန္းနံပါတ္ ကို “My Contacts” သို႔မဟုတ္ “Nobody” ဆိုၿပီး ေျပာင္းလဲထားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

တစ္ခု သတိထားရမွာကေတာ့ ဒီလိုမ်ိဳး ဖုန္းနံပါတ္ ကို ေဖ်ာက္ထားမယ္ဆိုရင္ တျခားသူေတြက ဆက္သြယ္ႏိုင္ဖို႔ အတြက္ Username သတ္မွတ္ထားဖို႔ လိုအပ္မွာပါ။

(2) People Nearby Feature ကို ပိတ္ထားျခင္း

တကယ္ လို႔ သင္က Telegram ကို Profile Photo ထည့္သြင္းထားၿပီး အသုံးျပဳတယ္ ဆိုရင္ ကိုယ့္ရဲ႕ အနီးပတ္ဝန္းက်င္မွာရွိတဲ့ တျခားေသာ Telegram အသုံးျပဳသူေတြနဲ႔ ခ်ိတ္ဆက္ႏိုင္တဲ့ People Nearby Feature ကို အသုံးျပဳႏိုင္ မွာျဖစ္ပါတယ္။ ဒီလိုမ်ိဳး People Nearby Feature က တစ္ခါတရံ ကိုယ့္အနီး ပတ္ဝန္းက်င္က သူေတြနဲ႔ ဆက္သြယ္ႏိုင္တယ္ ဆိုေပမယ့္ ကိုယ့္ရဲ႕ တည္ေနရာကိုပါ ေဖာ္ျပၿပီးသားျဖစ္သြားႏိုင္ပါတယ္။

အဲ့ဒီ အတြက္ အေကာင္းဆုံးကေတာ့ က်ိန္းေသလိုအပ္တဲ့ အခ်ိန္ကလြဲၿပီး အဆိုပါ People Nearby Feature ကိုTelegram Menu ထဲကေန ပိတ္ထားဖို႔ လိုအပ္ မွာျဖစ္ပါတယ္။ အခုေနာက္ပိုင္း ထြက္ရွိထားတဲ့ စမတ္ဖုန္း အမ်ားစုမွာ People Nearby Feature ကို အသုံးျပဳေနပါက Notification Bar မွာ GPS ကို အသုံးျပဳေနတဲ့ Icon ကို ေဖာ္ျပတတ္တဲ့ အတြက္ ကိုယ့္ရဲ႕ Location ကို အသုံးျပဳေနလားဆိုတာကို ၾကည့္ရႈႏိုင္မွာပါ။

(3) အေရးႀကီး စကားေျပာဆိုမႈေတြကို Secret Chat နဲ႔ပဲ ေျပာဆိုပါ

Telegram ဟာ End-to-End Encryption Service ကို Support ျပဳလုပ္တယ္ ဆိုေပမယ့္ ပုံမွန္အတိုင္းေျပာဆိုတဲ့ Group Chat ေတြ၊ Conversation ေတြကိုေတာ့ End-to-End Encrypt ျပဳလုပ္ေပးမွာမဟုတ္ပါဘူး။ ဒါက တကယ္လို႔ အေရးႀကီး အခ်က္အလက္ေတြကို ေျပာဆိုေတာ့မယ္ ဆိုရင္ သတိထားစရာ အခ်က္တစ္ခုျဖစ္လာပါတယ္။

အဲ့ဒီအတြက္ အေရးႀကီး စကားေျပာဆိုမႈေတြကို ျပဳလုပ္ေတာ့မယ္ဆိုရင္ ကိုယ္စကားေျပာခ်င္တဲ့ Contact ရဲ႕ Profile ကို ႏွိပ္ၿပီး Menu ကေနတစ္ဆင့္ “Start Secret Chat” ကို ေ႐ြးခ်ယ္ဖို႔ အရင္ လိုအပ္ပါတယ္။ ဒါမွ Conversation ကEnd-to-End Encryption ပါဝင္လာ မွာျဖစ္ၿပီး ကိုယ့္ရဲ႕ Privacy ကိုလည္း လုံၿခဳံေအာင္ ျပဳလုပ္ၿပီးသားျဖစ္သြားမွာပါ။

အခုေျပာသြားတဲ့ အခ်က္ေတြကေတာ့ အခုေနာက္ပိုင္း အသုံးမ်ားလာတဲ့ Telegram ကို အသုံးျပဳမယ္ဆိုရင္ က်ိန္းေသေပါက္ ျပင္ဆင္ထားသင့္တဲ့ Privacy Setting အခ်ိဳ႕ပဲျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Telegram ဟာ တျခားေသာ Feature ပိုင္းေတြလည္း အမ်ားအျပား ပါဝင္တဲ့အတြက္ လက္ရွိအခ်ိန္မွာ အေကာင္းဆုံး Messaging App တစ္ခုလို႔ပဲ ေျပာရမွာပါ။

Ref: My Tech Myanmar

Add a Comment

Your email address will not be published. Required fields are marked *