လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ ဆယ်လီတွေ ထဲမှာ ဘယ်သူတွေပါနေလဲ သာမြင်ရင် အံ့ဩသွားကြပါလိမ့်မယ် ဆိုတဲ့ ဒါရိုက်တာသည်ခေတ်နေ

လက်ရှိဖြစ် ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပက်သက်ပြီး အနုပညာရှင်တွေ အတော်များများလည်း ဖမ်းဆီး ခံထားရသလို ၅၀၅(က)နဲ့ အမှုဖွင့် အရေးယူခံထားရတဲ့ သူတွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။ အခုလိုအခြေအနေတွေကြောင့် အနုပညာရှင် အတော်များများလည်း ရှောင်တိမ်းနေ ရပြီး မိသားစုနဲ့ တကွဲတပြားစီနေနေရတာပါ။

လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ ဆယ်လီတွေ ထဲမှာ ဘယ်သူတွေပါနေလဲ

အနုပညာရှင်တွေကို နိုင်ငံရေး အခြေအနေတွေနဲ့ပက်သက်ပြီး speak out မလုပ်ဖို့အတွက် ခံဝန်ထိုးခိုင်းနေတဲ့ ကိစ္စ တစ်ခုဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။

ဒီ အကြောင်းအရာကို ဒါရိုက်တာ သည်ခေတ်နေ က သူ့ရဲ့ Facebook စာမျက်နှာမှာ

လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ ဆယ်လီတွေ ထဲမှာ ဘယ်သူတွေပါနေလဲ

“ခုတလော နာမည်ကြီးနေတဲ့ ခံဝန်ကိစ္စ ခံဝန်ထိုးပြီး ငြိမ်ငြိမ်လေးနေလိုက်တော့ တဲ့! ခွေးကျင့်ခွေးကြံ လာပေးသလိုပဲ ! တနည်းအားဖြင့်ပြောရရင် စစ်အစိုးရအတွက်…စောက်ပေါက်တွေ ပိတ်သွားအောင် စေတနာလိုလိုနဲ့ ဂျင်းပြုတ်ရည်တိုက်တဲ့ ဒလန်အကြံပဲ။ ခံဝန်ထိုးတယ် ဆိုတာ… ကျွန်တော်/ကျွန်မ အမှားလုပ်ခဲ့မိပါတယ်။ နောင်မဖြစ်စေရပါဘူး ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ နဂိုတည်းကမှ ယုံကြည်ချက်ဟာ “ပြားကိုးဆယ်”မပြည့်တဲ့ လူတစ်ချို့ အတွက်ကတော့ ခံဝန် ထိုးချင်ထိုးမှာပေါ့။

လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ ဆယ်လီတွေ ထဲမှာ ဘယ်သူတွေပါနေလဲ

“ခံဝန် ကိစ္စ လိုက်လုပ်ပေးနေတဲ့ လူစာရင်းနဲ့ ကုမ္မဏီစာရင်းတွေ၊ လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ လူစာရင်းတွေထဲမှာ…..ဘယ်သူတွေပါနေလဲ သာမြင်ရင် အံ့ဩသွားကြပါလိမ့်မယ်။ တစ်နေ့တစ်ယောက်နှုန်းနဲ့ နာမည်ကိုပဟေဠိဝှက်သလို ထုတ်ပြောပြ လိုက်ရင်ကောင်းလေမလား ? မကြောက်ပါနဲ့ ! ဗိုလ်အောင်ဒင်ဘောင်းဘီချွတ်တာ ဘာဆိုလားပဲ သည်ခေတ်နေ…..CoupFailed….” ဆိုပြီးရေးသားထားခဲ့ပါတယ်။

ခံဝန်ထိုးတဲ့ အနုပညာရှင်တွေကို ပရိသတ်တွေ အတော်များများ ကလည်း သိချင်နေကြပြီး သည်ခေတ်နေရဲ့ ပို့စ်အောက်မှာလည်း မှတ်ချက် အမျိုးမျိုးပေးထားကြတာတွေ့ ရပါတယ်။ ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ ဆယ်လီတွေ ထဲမှာ ဘယ်သူတွေပါနေလဲ

Zawgyi Version


လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ ဆယ်လီတွေ ထဲမှာ ဘယ်သူတွေပါနေလဲ




လက်ရှိ ခံဝန်ထိုးပြီးသွားတဲ့ ဆယ်လီတွေ ထဲမှာ ဘယ်သူတွေပါနေလဲ



Add a Comment

Your email address will not be published. Required fields are marked *