မိသားစုနဲ့အတူ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ပြည်သူတွေ အတွက်ပါ မေတ္ထာပို့ဆုတောင်းပေး နေတဲ့ မေကဗျာ

ဒီကနေ့ အနုပညာ လောကမှာ ဆယ်စုနှစ်ကျော် အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် မေကဗျာ ကိုတော့ ပရိသတ်တော်တော် များများ ကချစ်ခင် အားပေးလျက် ရှိပါတယ်။ ပရိသတ်တွေ ရဲ့ အချစ်တော်တစ်ဦး ဖြစ်တဲ့ မေကဗျာ ကတော့ Video ခေတ်ကနေစပြီး ခေါင်းဆောင် မင်းသမီး နေရာကနေ ဇာတ်ကားပေါင်း များစွာကို ရိုက်ကူး အောင်မြင်ခဲ့တာ ဖြစ်ပြီး ဘယ် ဇာတ်ရုပ်ကို မဆို အကောင်းဆုံး ပီပြင်အောင် လုပ်ဆောင် နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာ တစ်နေရာကို အခိုင်အမာကို ရယူထားနိုင်သူ တစ်ယောက်ပါ။

ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ပြည်သူတွေ အတွက်ပါ မေတ္ထာပို့ဆုတောင်းပေး နေတဲ့ မေကဗျာ
ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ပြည်သူတွေ အတွက်ပါ မေတ္ထာပို့ဆုတောင်းပေး နေတဲ့ မေကဗျာ

ဒါ့အပြင် မေကဗျာ က ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင်နေ တာဖြစ်နေတဲ့အပြင် Live Sales တွေလည်း ပြုလုပ်ရင်း ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသလို ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတာဖြစ်ပါတယ်။ မေကဗျာက သူမရဲ့ လုပ်အားခလေး တွေနဲ့လည်း အလှူဒါနတွေ ကိုလည်း မကြာခဏ ဆိုသလို ရက်ရက်ရောရော လုပ်တတ်တဲ့အပြင် မိတ်ဆွေ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်သူလေးပါ။

ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ပြည်သူတွေ အတွက်ပါ မေတ္ထာပို့ဆုတောင်းပေး နေတဲ့ မေကဗျာ

မိသားစုလိုက် အေးချမ်းတဲ့ ဘုရားရိပ် တရားရိပ်မှာ ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်နေကြောင်း ရေးသားဖော်ပြ လာပါတယ်။ သူကိုယ်တိုင်လည်း ယောဂီဝတ်ရင်း မြန်မာပြည်သူ ပြည်သားများအားလုံး အတွက်ပါ မေတ္တာပို့သ ဆုတောင်းပေးနေကြောင်းကို ” မိသားစု အားလုံး တရားရိပ်မှာ အဖွားဆရာလေးအတွက် ကုသိုလ်ပြုပါ သာ့သနာ့ဘောင်ဝင် ယောဂီဝတ်ရင်း မြန်မာပြည်သူပြည်သားများ အားလုံးအတွက် မေတ္ထာပို့ ဆုတောင်းပေးပါတယ် ” လို့ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ပြည်သူတွေ အတွက်ပါ မေတ္ထာပို့ဆုတောင်းပေး နေတဲ့ မေကဗျာ

Zawgyi Version


ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ပြည်သူတွေ အတွက်ပါ မေတ္ထာပို့ဆုတောင်းပေး နေတဲ့ မေကဗျာ


ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း ပြည်သူတွေ အတွက်ပါ မေတ္ထာပို့ဆုတောင်းပေး နေတဲ့ မေကဗျာ


Add a Comment

Your email address will not be published. Required fields are marked *