စားနပ်ရိက္ခာများကို တောထဲမှာ ခက်ခက်ခဲခဲ သယ်ယူနေရတာတွေကို အားလုံးသိကြစေဖို့ မှတ်တမ်း ဗီဒီယိုလေး ရိုက်ကူးထားတဲ့ နိုဗန်ထူး

လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အမှန်တရား ဘက်ကနေ ရပ်တည်ကြတဲ့ အဆိုတော်တွေထဲမှာ နိုဗန်ထူး တစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ နေ့စဉ် လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေး ယူထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းလုံခြုံရာသို့ ခေတ္တ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

အားလုံးသိကြစေဖို့ မှတ်တမ်း ဗီဒီယိုလေး ရိုက်ကူးထားတဲ့ နိုဗန်ထူး

အခက်အခဲတွေ များစွာနဲ့ ရင်ဆိုင်ရပေမယ့်လည်း နောက်မဆုတ်ဘဲ တော်လှန်ရေး တိုက်ပွဲ အတွက် လွတ်မြောက်နယ်မြေတွင် ကြိုးစားပြင်ဆင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း နိုဗန်ထူးရဲ့ လူမှုကွန်ယက်မှာ ဗီဒီယိုဖိုင်လေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ တောထဲမှာ စားနပ်ရိက ္ခာများကို ခက်ခက်ခဲခဲ သယ်ယူရတာတွေကို မှတ်တမ်း ဗီဒီယို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရွံ့နွံတွေထဲမှာ ရိက ္ခာပစ္စည်းတွေကို သယ်ယူနေတာတွေကို ကြည့်ရှုပြီး ပရိသတ်တွေက တောထဲရောက်နေတဲ့ လူငယ်လေးတွေအတွက် ကရုဏာသက်နေကြတာ ဖြစ်ပါတယ်။

အားလုံးသိကြစေဖို့ မှတ်တမ်း ဗီဒီယိုလေး ရိုက်ကူးထားတဲ့ နိုဗန်ထူး

သူ ကလည်း ” နာကျင်စရာတွေနဲ့ မကင်းဘဲ အရင်းအနှီးတွေ များတဲ့ တိုက်ပွဲ မိုးလင်း မျက်လုံးနှစ်လုံး ပွင့်တာနဲ့သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ထောင်ကျနေတဲ့ရဲဘော်တွေ၊ CDM လုပ်နေတဲ့ ရဲဘော်တွေ၊ ဆက်လက် သပိတ်မှောက်နေတဲ့ ရဲဘော်တွေ၊ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ သူတို့ အကြောင်းတွေပဲ စဉ်းစားပြီး နေ့စဉ် တာဝန်မှန်သမျှတိုးလုပ်နေတာပဲ။

#သွေးအေးစရာ အကြောင်းမရှိ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လူငယ်လေးတွေ အခုလို ကြိုးစားနေကြတာကိုကြည့်ပြီး စိတ်ဓာတ်မကျဖို့ အားပေးစကားတွေ ပြောနေကြတာကို မြင်တွေ့ရပါတယ်။ အားလုံးကြည့်ရှုနိုင်ရန် အတွက် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi Version



အားလုံးသိကြစေဖို့ မှတ်တမ်း ဗီဒီယိုလေး ရိုက်ကူးထားတဲ့ နိုဗန်ထူး



အားလုံးသိကြစေဖို့ မှတ်တမ်း ဗီဒီယိုလေး ရိုက်ကူးထားတဲ့ နိုဗန်ထူး


Add a Comment

Your email address will not be published. Required fields are marked *