အကြောင်းအမျိုးမျိုးကြောင့် ပြန်လာခွင့်မရသေးတဲ့ အိမ်ကိုလွမ်းနေတဲ့ အကြောင်းဖွင့်ဟလာတဲ့ သူဇာဝင့်လွင်

လတ်တလော မတည်ငြိမ်နေတဲ့ အခက်အခဲ အခြေအနေတွေ ကြားထဲကနေ မြန်မာနိုင်ငံ ကိုယ်စားပြု Miss Universe တစ်ယောက် အနေနဲ့ Miami မှာ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင် ကို ပရိသတ်တွေလည်း သိကြမယ် ထင်ပါတယ်။ သူဇာဝင့်လွင် ဟာ Miss Universe ပြိုင်ပွဲကြီးမှာ ချင်းရိုးရာ ဝတ်စုံလေး ဝတ်ဆင်ကာ National Costume အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တဲ့ အပြင် Top 21 ထိဝင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်‌ဆောင် အလှမယ်လေးဖြစ်ပါတယ်။

အိမ်ကိုလွမ်းနေတဲ့ အကြောင်းဖွင့်ဟလာတဲ့ သူဇာဝင့်လွင်

သူဇာဝင့်လွင် က လက်ရှိမြန်မာနိုင်ငံ မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပက်သက်ပြီး အားတက်သရော Speak out လုပ်ခဲ့သူ တစ်ဦးလည်းဖြစ်ပြီး “Queen of Democracy” လို့တောင် တင်စားခေါ်ဝေါ်ရတဲ့ အလှမယ် တစ်ဦးဖြစ်ပါတယ်။ သူဇာဝင့်လွင်ရော အစ်မဖြစ်သူမေရောပါ အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာဖြစ်ပြီး မေကတော့ ၅၀၅(က)နဲ့ အမှုဖွင့် အရေးယူခံထားရတာကြောင့် ရှောင်တိမ်းနေရတာလည်းဖြစ်ပါတယ်။

အိမ်ကိုလွမ်းနေတဲ့ အကြောင်းဖွင့်ဟလာတဲ့ သူဇာဝင့်လွင်
အိမ်ကိုလွမ်းနေတဲ့ အကြောင်းဖွင့်ဟလာတဲ့ သူဇာဝင့်လွင်

သူဇာဝင့်လွင် ကလည်း Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် Speak out လုပ်ခဲ့တာကြောင့် အရေးယူ ခံရနိုင်တဲ့ ကောလဟာလ သတင်းအချို့လည်း ထွက်ပေါ်ခဲ့တဲ့ အတွက် မြန်မာပြည် ကိုပြန်မလာတော့ပဲ နိုင်ငံရပ်ခြားမှာ ပဲနေထိုင်နေတာဖြစ်ပါတယ်။ အခုလို အခြေအနေတွေကြောင့် သူဇာဝင့်လွင် ကသူမရဲ့ Facebook စာမျက်နှာမှာ “အိမ်ကိုလွမ်းတယ် အရင်အချိန်လေးတွေလဲလွမ်းတယ်…..” ဆိုပြီး သူမရဲ့ခံစားချက်လေးကို ရေးသားလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

အိမ်ကိုလွမ်းနေတဲ့ အကြောင်းဖွင့်ဟလာတဲ့ သူဇာဝင့်လွင်

Zawgyi Version


အိမ်ကိုလွမ်းနေတဲ့ အကြောင်းဖွင့်ဟလာတဲ့ သူဇာဝင့်လွင်


အိမ်ကိုလွမ်းနေတဲ့ အကြောင်းဖွင့်ဟလာတဲ့ သူဇာဝင့်လွင်


Add a Comment

Your email address will not be published. Required fields are marked *