မရှိမဖြစ်ထားရမယ့် သူမရဲ့ အိမ်ငှားခငွေတွေကိုပါ မျက်စိမှိတ်လျစ်လျူရှုပြီး အကုန်ထုတ်လှူလိုက်တဲ့ ဟန်နာယူရီ

တိုင်းပြည် မငြိမ်မသက် စဖြစ်တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက မြန်မာ့အရေးအတွက် ပါဝင်လှုပ်ရှားခဲ့ပြီး ယနေ့ထက်ထိတည်း တက်ကြွနေဆဲဖြစ်တဲ့ ဟန်နာယူရီဟာ အလှူတွေ အဆက်မပြတ် လုပ်သလို အခုလက်ရှိမှာလည်း သူမအိမ်လခပေးရမယ့်ငွေတွေကိုပါ CDM သမားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။

မျက်စိမှိတ်လျစ်လျူရှုပြီး ရှိသမျှငွေတွေ အကုန်လှူလိုက်တဲ့ ဟန်နာယူရီ

aကျာင်းကထောက်ပံ့ခဲ့တဲ့ထောက်ပံ့ကြေးငွေနဲ့ လှူဒါန်းတဲ့အပြင် တစ်ချို့ခက်ခဲလွန်းတဲ့အခြေအနေတွေကြောင့် မနေသာတော့ဘဲ အိမ်ငှားခငွေတွေကိုပါ အခုလိုထုတ်လှူလိုက်တာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ကိုရီးယားမှာ လတ်တလောအလုပ်မရှိသေးဘဲ ရပ်တည်နေရတာဖြစ်လို့ ကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ ရှင်သန်နေရသူပါ။

မျက်စိမှိတ်လျစ်လျူရှုပြီး ရှိသမျှငွေတွေ အကုန်လှူလိုက်တဲ့ ဟန်နာယူရီ

ချစ်ခင်နွေးေ ထွးပေးကြတဲ့ သူမရဲ့အသိ မိတ်ဆွေေ တွကြောင့်သာ နေပျော်သလိုထင်ရပေမယ့် ကိုယ့်တိုင်းပြည်မအေးချမ်းတာတွေကိုမြင်တိုင်း ယိင်းတစ်ယောက် စိတ်မချမ်းမသာ ဖြစ်ရသလို တိုင်းပြည်အရေးကို ကမ္ဘာကသိစေဖို့အတွက်လည်း သူမရဲ့ လူမှုကွန်ရက်တွေကို အသုံးချပြီး နေ့တိုင်းသတင်းအမှန်တွေဝေမျှပေးခဲ့ပါတယ်။

လှူဒါန်းလိုက်ရတဲ့ သူမရဲ့ပီတိကို ” ဒီလမြန်မာ အတွက် total (၁၃) ယောက်စာလှူပါတယ် ကျောင်းကပေးတဲ့ထောက်ပံ့ကြေးနဲ့ လှူတာပါ ထောက်ပံ့ကြေးကကြာနေတာနဲ့ အချို့လူတွေကစားရေးအရမ်းခက်ခဲနေတာနဲ့ ကျမက အိမ်လခနဲ့ဒီနေ့စိုက်လှူလိုက်ပါတယ် ထပ်အလှူခံလာသူတွေကို ထပ်မလှူနိုင်သေးတာ နားလည်ပေးကြပါ ကျမလည်းအလုပ်မရှိဝင်ငွေမရှိ ဖြစ်နေလို့ပါရှင့် ” ဆိုပြီး Instagram Myday မှာ ရင်ဖွင့်လာခဲ့ပါတယ်။

မျက်စိမှိတ်လျစ်လျူရှုပြီး ရှိသမျှငွေတွေ အကုန်လှူလိုက်တဲ့ ဟန်နာယူရီ

နိုင်ငံရပ်ခြားကိုရောက်ေ နပေမယ့် မြန်မာပြည်အတွက်သွေးအေးမနေဘဲ ရတဲ့ဖက်ကနေ အမြဲတမ်း တက်တက်ကြွကြွ ကူညီပေးတာ တကယ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။ ကိုရီးယားမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်တာဗျူးတွေအမြဲဖြေပေးကာ ခက်ခဲနေတဲ့ မြန်မာပြည်အတွက် ကောက်ရိုးတစ်မျှင်ဖြစ်ေ ပးခဲ့ပါတယ်။

မျက်စိမှိတ်လျစ်လျူရှုပြီး ရှိသမျှငွေတွေ အကုန်လှူလိုက်တဲ့ ဟန်နာယူရီ

မှန်ကန်တဲ့သတင်းတွေကို ကမ္ဘာကသိစေဖို့ ဒီလိုလူမျိုးတွေ အများကြီးလိုအပ်ပါတယ်။ ဘယ်တော့မှသွေးအေးမသွားဘဲ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေခဲ့ပါတယ်။ အိမ်လခပေးရမယ့်ငွေအထိပါ စိုက်ထုတ်ပြီးလှူဒါန်းပေးတဲ့ ယိင်းရဲ့မြင့်မြတ်လွန်းတဲ့ စေတနာကို အကြိမ်ကြိမ်သာဓုခေါ်ဆိုမိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *