စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းဖို့ သူ့ပုံပါတဲ့ T-Shirt အင်္ကျီလေးတွေမှာ သူကိုယ်တိုင် လက်မှတ်ထိုးရောင်းချခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်

Miss Universe ၂၀၂၀ ပြိုင်ပွဲကြီး ကို မြန်မာကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် ခက်ခက်ခဲခဲ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင် ကတော့ လက်ရှိ အမေရိကန်နိုင်ငံ မှာပဲ ဆက်လက်နေထိုင်နေပါတယ်။ သူဇာဝင့်လွင်က လတ်တလော အမေရိကန်နိုင်ငံမှာ နေထိုင်နေစဉ် မြန်မာနိုင်ငံ မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် လှူဒါန်းနိုင်ရန် အမေရိကန်ရောက် မြန်မာများ တိုင်းရင်သားများနဲ့ အတူ ရန်ပုံငွေပွဲတစ်ခုပြုလုပ်ရာမှာ သူကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်

ရန်ပုံငွေ ပွဲလေးကိုတော့ ပြီးခဲ့တဲ့ ဇွန်လ (၁၃)ရက်နေ့က ဆန်ဖရန်စစ္စကိုဘေး အနီးမှာရှိတဲ့ Karen community မှ ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး Karen community ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်တွေ အတွက် ဆေးဝါးပစ္စည်းတွေ ပံ့ပိုးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခု တစ်ခေါက်မှာလည်း ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် ဆေးဝါးပစ္စည်းနဲ့ လိုအပ်တာတွေ လှူဒါန်းမှာဖြစ်တဲ့ အတွက် သူဇာဝင့်လွင်က သူကိုယ်တိုင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ချင် တာကြောင့် ဒီပွဲလေးမှာ ပါဝင်ခဲ့တာပါတဲ့။

စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်

သူဇာဝင့်လွင် ကတော့ ဒီရန်ပုံငွေပွဲလေးမှာ သူ့ရဲ့ပုံပါတဲ့ T-Shirt အင်္ကျီလေးတွေမှာ သူကိုယ်တိုင် လက်မှတ်ထိုးရောင်းချပေးခဲ့တာဖြစ်ပြီး အင်္ကျီရောင်းရတဲ့ အမြတ်ငွေ(၁၄) သိန်းကျပ်ကို ဆေးဝါးလှူဒါန်းမယ့် အစီစဉ်မှာ ထပ်မံလှူဒါန်းပေးခဲ့တာပါ။

စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်
စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်

သူဇာဝင့်လွင်ကတော့ အခုလို သူတတ်နိုင်တဲ့ ဘက်ကနေ သွေးချင်းမောင်နှမတွေ အတွက် လိုအပ်တာတွေ ကူညီလှူဒါန်းပေးနိုင်ဖို့ ကြိုးစားခွင့်ရတဲ့ အတွက် ကျေနပ်ပီတိဖြစ်မိကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ သူဇာဝင့်လွင်တစ်ယောက် ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့တဲ့ မှတ်တမ်းတင်ပုံလေး ကိုလည်း မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်

Zawgyi Version


စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်



စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်


Add a Comment

Your email address will not be published. Required fields are marked *