၀ရမ်းပြုတ်ဖို့ ခံဝန်ကတိ ထိုးပြီး အိမ်မှာ အေးဆေးပြန်နေသူများ ထဲတွင် သူမ မပါကြောင်း ပွင့်ပွင့်လင်းလင်း အသိပေးလာတဲ့ နွယ်ဒါလီထွန်း

ပြည်သူေ တွနဲ့အတူ အမှန်တရား ဘက်က ရပ်တည်နေကြ သူများထဲတွင် အချို့ အနုပညာ ရှင်များ လည်း ပါဝင်ခဲ့ကြပါ တယ်။ လူထု လှုပ်ရှားမှု များတွင် တက်ကြွစွာ ပါဝင်ခဲ့တဲ့ social influencer များနဲ့ အနုပညာရှင် များအား ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူ ခံထားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေကြ ရသူများလည်း ရှိပြီး အချို့မှာလည်း အခြေအနေ အရပ်ရပ်ကြောင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

Nwe Darli Tun

ခံဝန် ကတိထိုးပြီး ပုဒ်မ ၅၀၅ ပြုတ်အောင် ကူညီမယ် လို့ တိမ်းရှောင်နေသူများထံ ဖုန်းဖြင့် ဆက် သွယ်နေကြတာတွေလည်း ရှိနေပါတယ်။ အယောက်(၅၀) လောက်လည်း ခံဝန်ထိုးပြီး ဘာမှဆက် မလုပ်တော့ဘဲ အိမ်မှာအေးအေးေ ဆးဆေးပြန်နေကြသူများလည်း ရှိနေကြပြီ ဖြစ်ပါတယ်။

Nwe Darli Tun

မကြာသေးခင် မိနစ်ပိုင်းေ လာက် ကလည်းသရုပ်ဆောင် နွယ်ဒါလီထွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် social influencer တစ်ဦးရေးသားထားတဲ့ စာကိုပြန်လည်ဝေမျှေ ပးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၅၀၅(က) ပြုတ်ဖို့အတွက် ခံဝန်ကတိထိုးပြီး အိမ်မှာအေးဆေးပြန်နေသူများထဲတွင် သူမ မပါကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။

Nwe Darli Tun

သူမ ကလည်း ” ဒီလမ်းကို လူများလို့ လိုက်လျှောက် ခဲ့တာမဟုတ်ဘူး။ လက်နက်ရှိရင် ဘာမဆို လုပ်လို့ရတယ်ထင်နေတဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့တော်လှန်တာ။ ပြည်သူကို ထီမထင်ဘဲ ငါတို့ကြိုက်တာလုပ်မယ် မကျေနပ်ရင် သတ်ပစ်မယ်ဆိုတဲ့ နိုင်ငံကို လုပ်ချင်တာလုပ်နေတဲ့ အာဏာရှင်ကို အနာဂာတ်ကလေးတွေဆီ မသွားနိုင်အောင်လို့ ငါတို့အနာခံပြီး ရပ်တန့်ပစ်နေတာ။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Nwe Darli Tun

လမ်းခုလတ်မှာ မရပ်တန့်ပစ်ဘဲအဆုံးစွန်ထိ ပြည်သူတွေဘက်ကနေရှိနေပေးတဲ့ နွယ်ဒါလီထွန်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာေ ကာင်းလှပါတယ်။ တိမ်းရှောင်ေ နစဉ်အတွင်းမှာလည်း ဘေးအန္တရာယ် ကင်းဝေးပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ေ ပးလိုက် ရပါတယ်။

Nwe Darli Tun

Source;Nwe Darli Tun’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *