boycott လုပ်မယ်ဆိုတဲ့ လူတစ်ချို့ကို သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

သဉ္ဇာနွယ်ဝင်း ကတော့ အိမ်ထော င်ကျပြီးနောက် ပိုင်း အနုပညာ လှုပ်ရှားမှုတွေ သိပ်မရှိေ တာ့ဘဲ ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းတွေ ကို ဝိုင်းကူေ ပးနေတာ ဖြစ်ပါတယ်။ အခုရက်ပိုင်း အတွင်းမှာတော့ သူမတို့ ဇနီးမောင်နှံရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်း တစ်ချို့ ထွက်နေတာ ဖြစ်ပါတယ်။ ဒါကတော့ သူမတို့ ဖွင့်လှစ် ထားတဲ့ ဟော့ပေါ့နဲ့ အကင်ဆိုင်တွေ ကို တပ် အသိုင်းအသိုင်းနဲ့ ဆက်နွယ်မှုရှိတာကြောင့် boycott ကြဖို့ လတ်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားနေကြတာ ဖြစ်ပါတယ်။

သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး မနေ့ညက သဉ္ဇာနွယ်ဝင်း ခင်ပွန်းရဲ့ လူမှုကွန်ယက်တွင် ပြန်လည် ဖြေရှင်းထားတာဖြစ်ပါတယ်။ အခု နာမည်ကြီးနေတဲ့ ဓာတ်ပုံတစ်ပုံ ကတော့ ၂၀၁၈ ခုနှစ်က သူတို့ရဲ့ သားအကြီးဆုံးရဲ့ မွေးနေ့ အခမ်းအနားတုန်းက ပုံဖြစ်ပြီး မဟုတ်ဘဲနဲ့ သတင်း အမှားတွေ အဖွခံနေရတာ ဖြစ်ကြောင်း ရှင်းပြထားပါတယ်။ သူတို့ အတွက်ကြောင့်နဲ့ အကုသိုလ်မရစေဖို့ မဟုတ်မှန်တဲ့ သတင်းတွေကို ပြန်လည်စဉ်းစား သုံးသပ်ပေးကြဖို့ကိုလည်း အခုလိုရေးသား တောင်းဆိုထားတာ ဖြစ်ပါတယ်။

သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ
သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ
သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

” ဟိုးရက်က ကျွန်တော် အသိ တစ်ယောက် ဖုန်းဆက်လာပြီး အကြံတောင်းတယ် ။ သူလုပ်တဲ့ ဟိုတယ် ရဲ့အပေါ်ထပ်မှာ တပ်ပေးစွဲထားပါတယ် ဘယ်လို ဘယ်လိုလုပ်နေ ပါတယ်ဆိုပြီး အကောင့်တစ်ခုနဲ့ လုပ်ငန်းပေ့ချ်အောက်မှာရော ဂရုတွေထဲလည်း လျှောက်ရေးရော ။ မဟုတ်ပေမယ့်လည်း အဲ့ဒီ သတင်းကြီးက ပွပြီး ဝိုင်းဆဲတာကောင်းကောင်း ခံလိုက်ရတော့ သူ ဘယ်လိုပြန်ရှင်းသင့်လဲ လာမေးတယ် ။ပြောရရင် သူက စီးပွားရေးကို သန့်သန့်လေးလုပ်ပြီး သူ့ကြိုးစားမှုနဲ့သူတက်လာတာမို့ ဒီလိုပလိန်းကြီး ရေးခံထိတာ တော်တော်လေး ဒုက္ခရောက်ရတယ် ။

သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ
သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

နဂိုကတည်းက လူအေး ဆိုတော့ ဘယ်အဖွဲ့အစည်း နဲ့မှ မပေါင်းသင်းမလုပ်ရတဲ့ ဟိုတယ်လိုင်းလေးပဲ သေချာလေး လုပ်နေတဲ့သူ ။ သူ့ဟိုတယ်မှာ ဟိုကဖွသလို ဘာမှမရှိသလို လူအဝင်ပါးလို့ စိတ်ဆင်းရဲနေတဲ့ကြားက ဒီလိုချောက်တွန်းခံရလိုက်ရတော့ ။ မင်းကွာဖြေရှင်း မနေပါနဲ့လို့ ပြောလိုက်ရပေမယ့်လည်း သူ့ကိုလာရန်ရှာတဲ့ facebook လူအုပ်ကြီး ကလည်း ကြောက်စရာ အခုတော့ ကိုယ့်အလှည့်ကျမှ ခံစားဖူးမှ သိတော့တယ်။ သားလေး တစ်နှစ်ပြည့်ပွဲရဲ့ ၂၀၁၈ ကပုံတစ်ခုကိုဦးတည်ပြီး မဟုတ်ပဲနဲ့ အဖွခံရတဲ့ အမုန်းတရားနဲ့ ချောက်တွန်းတဲ့ကိစ္စ။

သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

အားလုံး တကယ့် အမှန်တရားတွေ ပိုက်ရင်း အေးချမ်းတဲ့ ဘဝလေးအမြန် ပိုင်ဆိုင်ရပါစေဗျာ ။ မဟုတ်ဘဲနဲ့ အစွပ်စွဲခံရတာကတော့ ကိုယ့်ကံအကြောင်းတရား ပဲဆိုတော့ ကောင်းမှုကုသိုလ်လေးနဲ့ ပြန်ဖြေလိုက်ပါ့မယ်။ ကျွန်တော်ကြောင့်တော့အကုသိုလ်မရစေဖို့ မဟုတ်တာတွေရေးေ နဖွနေတာကိုတော့ တစ်ချက်လောက် ပြန်စဉ်း စားသုံးသပ်စေချင်ပါတယ်။ ” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကလည်း ” တစ်ခုခုပြောမယ်ဆို ရင်အရင်ဆုံး မှန်လားမှားလား အသေအချာသိမှ သူတစ်ပါးကိုဝေဖန်ပါ ပြောပါ။” ဆိုပြီး သူမခင်ပွန်းရဲ့ ပို့စ်ကို ပြန်လည်ဝေမျှပြီး ရှင်းပြထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးလည်း အကြောင်းစုံသိရှိစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ
သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလာတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

Source;Thinzar Nwe Win’s and Steven Hla’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *