မမေ့လျော့ဘဲ သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

နာမည်ကျော် အဆိုတော် မီးမီးခဲ ကတော့ ကင်ဆာရောဂါ ဝေဒနာကို အချိန်အတော်ကြာ ခံစားခဲ့ရပြီး အောက်တိုဘာလ (၁၆) ရက်နေ့တွင် ထိုရောဂါကြောင့်ပဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ မီးမီးခဲကို ကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အခုချိန်ထိကို ဝမ်းနည်းနေ ကြဆဲပဲ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်ပေမယ့်လည်း သူမရဲ့ သီချင်းလေးတွေ ကတော့ အားလုံးရဲ့ ရင်ထဲမှာ အခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။

သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း
သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

မနေ့ကေ တာ့ မီးမီးခဲရဲ့ မွေးနေ့ ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်း က မီးမီးခဲခင်ပွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ဓာတ်ပုံ တစ်ချို့နဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဇနီးဖြစ်သူရဲ့မွေးနေ့ကို မမေ့မလျော့ဘဲ မီးမီးခဲရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့ အတူ ကျင်းပပေးခဲ့တဲ့ ဗီဒီယို ဖိုင်လေးပဲ ဖြစ်ပါတယ်။ သူကလည်း ” Happy Heavenly Birthday Eh Tone ပြန်ဆုံမယ့် နေ့မှာကွယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း
သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

ပရိသတ်တွေ ကလည်း ဒီပို့စ်ရဲ့အောက်မှာ မီးမီးခဲ အတွက် မွေးနေ့ဆုတောင်းများ comment တွင် ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။ မီးမီးခဲ တစ်ယောက် ငြိမ်းချမ်းတဲ့ ဘုံဘဝမှာ အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက် ရပါတယ်။ ပရိသတ်တွေ လည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုဖိုင်လေး ကိုပါ တင်ဆက်ပေးလိုက်ရပါတယ်။

သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း
သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

Zawgyi Version




Source;Brice Mmk’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *