မြန်မာအရေး Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်ပြီး၊ ကိုရီးယား ရုပ်သံ မီဒီယာများကို မြန်မာနိုင်ငံကအာဏာသိမ်းမှု အကြောင်း Speak Out လုပ်ပေးနေတဲ့ ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်က Speak Out တခါလုပ်ရင် သိန်း ၁၀၀ ယူတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကို အခုလိုပဲ ဖြေရှင်းထားပါတယ်။

ကျမကိုလေ Speak Out တခါလုပ်ရင် KBSကနေ သိန်း ၁၀၀ ယူတယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ရှင်းပြဖို့တောင်အ ရေးမပါတဲ့ကိစ္စမို့ ကျမ အရေးတယူလုပ်ပြီး မရှင်းပြခဲ့ပါဘူး။ အဲ ဒီစကားကို ဘယ်နေ့၊ ဘယ်အချိန်က၊ ဘယ်ကိစ္စနဲ့ အစပြုပြီး ဘယ်သူက စလွှင့်ခဲ့သလဲအထိ ကျမမှာခိုင်လုံတဲ့ သက်သေလည်း ရှိထားပြီးပါပြီ။

Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

ပို့စ်တင်ပြီးဖြန့်တဲ့ ကာယကံရှင်ဆီကို တိုက်ရိုက် သက်သေနဲ့တ ကွ ချပြနိုင်ကြောင်း ကျမကိုယ်တိုင် တိုက်ရိုက် သွားပြောခဲ့ပေမယ့် ကျမကိုသူဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ တကယ်ဆို သူတို့ အဲဒီပို့စ်တင်တုန်းက ကျမအလုပ်လုပ်နေတာဟာ KBS ရုပ်သံဖြစ် ပေမယ့် ကျမကို SBS ကသိန်း ၁ဝဝ ယူပါတယ်ဆိုပြီး ရေးသား ထားတဲ့ KBS မှန်း၊ SBS မှန်းတောင် မကွဲပြားတဲ့ ရူးနှမ်းနှမ်းစ ကားတွေမို့ ကျမလစ်လျူရှုခဲ့ပါတယ်။

Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

ဒီနေ့ဒီစာကလည်း အရေးမပါတဲ့ အရူးအနှမ်း စကားတွေကိုရှင်း ဖို့တော့ မဟုတ်ပါဘူး။ ကျမကိုလာပြောကြတဲ့အထဲမှာ လူအချို့ရဲ့ အတွေးအခေါ် လွဲမှားနေပုံကို စိတ်မသက်မသာစရာ တွေ့နေရတာမို့ ကျမဒီနေ့ ဒီစာကိုရေးဖြစ်ပါတယ်။ ကိစ္စကဒီလိုပါ။ အခု တလော ကျမ TV ပရိုဂရမ်မှာ Speak Out လုပ်တဲ့ပို့စ်အချို့ အောက်မှာမြင်ရတဲ့ ကွန်မန့်အချို့ပါလို့ ဆရာမ ချမ်းမြမြသော်က ပြောပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ တိုးတက်ပြီးနိုင်ငံ ဖြစ်တဲ့အတွက်အဲဒီ နိုင်ငံအတွင်းမှာ နေထိုင်သူတိုင်း အလုပ်လုပ်ရင် လုပ်အားခကိုအချိန်နာရီနဲ့ အတိအကျ ရတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ တိုးတက်ပြီး နိုင်ငံတခု ဖြစ်ပါတယ်။ဒီနိုင်ငံအတွင်းမှာ နေထိုင်သူတိုင်းအတွက် အလုပ်လုပ်ရင် ကိုယ့်ရဲ့လုပ်အားခကို အချိန်နဲ့နာရီနဲ့ အတိအကျ ရပါတယ်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ အလကား ခေါ်ခိုင်းလို့မရပါဘူး။ ဘာသာပြန်ခိုင်းရင်လည်း အခကြေးငွေ ပေးရသလို၊ အင်တာဗျူးချင်ရင်လည်း ဗျူးခံမယ့်လူကို ဗျူးမယ့်လူက အခကြေးငွေ ပေးရပါတယ်။

Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

ဒါဟာ မကောင်း မှုတခု မဟုတ်ပါဘူး။ အလုပ်လုပ်သူတိုင်းဟာ မိမိလုပ်တဲ့ အလုပ်တခုနဲ့ တန်တဲ့ လုပ် အားခ အခကြေးငွေကို ရယူဖို့ သင့်သလို၊ အလုပ်ပေးတဲ့ လူကလည်း အလုပ်လုပ်ပေးတဲ့ သူကိုထိုက်တန်တဲ့ လုပ်အားခကိုပေး ဆောင်ရပါတယ်။ အထူးသဖြင့် ကိုရီးယားလို နိုင်ငံကရုပ်သံဌာနတွေမှာ TV မှာ ပါဝင်တဲ့ လူတိုင်းကို အနုပညာကြေး ပေးရပါတယ်။ ခဏတာခေါ်ပြီး သုံးရင်တောင် ပေးရပါတယ်။

ကျမလို ပရိုဂရမ်တခုမှာ နာရီနဲ့ချီပြီး စကားဝိုင်းမှာ ထိုင်ပြောရတဲ့ လူတယောက်ကို အနုပညာကြေး မတွက်ပေးရင် အဲဒီပရိုဂ ရမ်နဲ့ ရုပ်သံဌာနမှာ ပြဿနာတက်မှာပါ။ ဒီအတွက် အလုပ်ပေးသူနဲ့ အလုပ်လုပ်သူ ကြားမှာ လုပ်အားခ ပေးဆောင်တာဟာဘာမှ ပြဿနာလုပ်နေရမယ့် ကိစ္စမဟုတ်ကြောင်းကို သဘော ပေါက်ကြ စေချင်ပါတယ်လို့ ချမ်းမြမြသော်က ပြောပါတယ်။

Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

ဆက်လက်ပြီး Speak Out တခါလုပ်ရင် ဝမ်သိန်း ၁၀၀ ရတယ်ဆိုတဲ့ ကောလာဟလ အကြောင်းကိုလည်း ဆရာမချမ်းမြ မြသော်က အခုလိုပဲဆိုပါတယ်။ဒီမှာ သိန်း ၁၀၀ ကိစ္စက ပါလာပါပြီ။ ကျမကို တခါ Speak out လုပ်ရင် ဝမ်သိန်း ၁၀၀ ရတယ်လို့ပြောတဲ့ ပုဂ္ဂိုလ်တို့။ ပုဂ္ဂိုလ်တို့ နမိတ်ဖတ်သလို များမကြာမီ အဲဒီလို ဖြစ်လာပါစေလို့ ကျမ ဆုတောင်းပါတယ်။

လူတယောက်ကို အကွက်ချ ချောက်ချချင်ရင်တောင် ဦး နှောက်သုံးဖို့ လိုတယ်ရှင့်။ပါးစပ်ထဲ ရှိရာ လျှောက်ပြောရုံ အဆင့်နဲ့ဆိုရင်တော့ ကိုယ်တုံးတာ လူသိရုံပဲ ရှိမှာပါ။ဒါကြောင့်လည်း ကျမကအဖက် ပြန်မလုပ်ခဲ့တာပါ။ကိုရီးယားနိုင်ငံမှာ လွှမ်းမိုးမှုအများဆုံး အနုပညာသည်တွေထဲက

Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

တယောက်ကို ရွေးပါဆိုရင် “Running Man” က Yoo Jae Seok (ယူဂျယ်ဆော့ဂ်) ကို ဥပမာထား ပြောပါမယ်။ သူဟာ အနုပညာကြေး အမြင့်ဆုံးအနုပညာသည်ထဲက တယောက် ဖြစ်ပါတယ်။ သူတခါပါဝင် သရုပ်ဆောင်ရင် ဝမ်သိန်း ၁၅၀ နီးပါး ရပါတယ်လို့ သိထားရပါတယ်။

ဒါဟာ ကိုရီးယားမှာထိပ်သီးခေါင် အဆင့်ရှိတဲ့ အနုပညာသည်ရဲ့ အနုပညာကြေးပါ။ ဒါကို ကျမကတခါ Speak Out လုပ်ပေးရင် ဝမ်သိန်း ၁၀၀ ရတယ်ဆိုတော့ အရမ်းဟာသဆန်သွားပါတယ်။ ဒါကြောင့်လည်း ကျမက ခေါက်ထားခဲ့တာပါ။ ဖြေရှင်းရလောက်တဲ့ တန်ဖိုးမရှိတဲ့ ကိစ္စမို့ပါလို့ ချမ်းမြမြသော်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက SBS ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့ “Master in the House” အစီအစဉ်က ဝမ် ၁၀ သိန်း ပေးမှာဖြစ်ပြီး၊ အဲဒီငွေကိုလည်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

အခု SBS “Master in the House” က ဝမ် ၁၀ သိန်း ပေးမယ် ပြောပါတယ်။ ဒီငွေကိုလည်း အလှူငွေထဲကို ထည့်ဖို့ စီစဉ်ထားပြီးသားပါ။ ကျမဘာလို့ လှူနိုင်တာလဲဆိုတော့ ကျမတို့ အိမ်ထောင်မှာ ကိုယ်ပိုင်အလုပ်နဲ့ ဝင်ငွေရှိလို့ပါ။ ခင်ပွန်းသည်က လစဉ် ဝမ်သိန်း ၄၀ ကနေ ၅၀ နီးပါး ဝင်ပါတယ်။ ကျမရဲ့ဝင် ငွေကလည်း တလကို ဝမ်သိန်း ၃၀ နီးပါးရှိပါတယ်။

ဒါကြောင့် လင်မယားနှစ်ယောက် ပေါင်းရင်ကျိကျိတက်မချမ်း သာရင်တောင် ချို့တဲ့တဲ့အဆင့်ထဲတော့ မပါပါဘူး။ ဒါကြောင့် ကိုယ့်တိုင်းပြည်အတွက် ကိုယ့်လုပ်အားခနဲ့ တတ်နိုင်သလောက်ကို လှူပါတယ်။ Speak out လုပ်လို့ ရုပ်သံဌာနကရတဲ့ ငွေ အနည်း ငယ်ကိုလည်း ဘာမက်မောမှုမှမရှိဘဲ လှူပါတယ်လို့ ချမ်းမြမြသော်က ပြောပါတယ်။

Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

ဒီမှာ ကျမပြောချင်တာက ရှင်တို့ (အမှန်တကယ် နားလည်ပေး အားပေးကြတဲ့သူတွေကို မဆိုလိုပါ၊ ဘေးထိုင်ဘုပြောသူတွေကို ရည်ရွယ်ပါတယ်) တကယ်လိုချင်တာက ဘာလဲ။ မြန်မာပြည်အခုလို အခြေအနေဆိုက်နေကြောင်းကို ပြည်ပကနေ Speak out

လုပ်ပေးဖို့လိုလားတာ မဟုတ်ဘူးလား။ အဲဒီတော့ Speak out လုပ်ပေးရုံနဲ့ မကျေနပ်နိုင်ဘူးလား။ အနုပညာကြေး ရတော့ယူတော့ရော ဘယ်သူ့ကို ထိခိုက်သွားသ လဲ။ မြန်မာပြည်အရေးနဲ့ ဆိုင်သလား။ မြန်မာပြည်သူတွေကိုထိ ခိုက်သလား။ ကျမ သတင်းတခါသွားဖို့အတွက် ပြင်ဆင်ရတာတွေ ဘယ်သူတာဝန်ယူပါသလဲ။

Speak Out တစ်ခါလုပ်ရင် အခကြေးငွေ သိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို အချက်အလက်တိတိကျကျနဲ့ ဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

ဒီနေ့ဒီစာဟာ အတွေးအခေါ်မှားသူတွေကို အမှန်တရားအတိုင်း သိမြင်ခံစားစေဖို့ ရေးတဲ့စာ ဖြစ်ပါတယ်။ ကျမ စိတ်ထဲလည်း မထည့်ထားသလို ထပ်မံရှင်း ပြဖို့လည်းမလိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမကို ချစ်ခင်ကြသူတွေက စိတ်ထဲမထားဖို့၊ အား တင်းထားဖို့ မပြောလည်း ရပါတယ်ရှင့်။

ကျမမှာ ဒီထက်ပိုပြီး အရေးပါတဲ့ အလုပ်တွေ လုပ်ရမှာရှိသလို လုပ်နေဆဲဖြစ်ပါတယ်။ ကျမ နိုင်ငံသားတယောက်အနေနဲ့ လုပ်ပေးနိုင်တာကိုလုပ်ပေးနေတာ ဖြစ်တာကြောင့် ကျေးဇူးမတင်ကြဖို့လည်း ပြောဖူးပါတယ်။

ကျေးဇူးတင်ကြောင်း၊ အားကိုးကြောင်း၊ ချစ်ခင်ကြောင်းပြောပေးကြတဲ့ ချစ်ခင်သူ မိဘပြည်သူ အားလုံးကိုလည်း ကျမက အထူးကျေးဇူးတင်ပါတယ်လို့ ဆရာမ ချမ်းမြမြသော်က ပြောထားပါတယ်။ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော် TV ပရိုဂ ရမ် “Master in the house” အစီအစဉ်မှာ ပါဝင်ခဲ့ပြီးမြန် မာနိုင်ငံရဲ့လက်ရှိ အခြေအနေတွေအကြောင်းကို Speak Out လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

Credit

Add a Comment

Your email address will not be published. Required fields are marked *