ခြိုးခြံချွေတာ စားရမယ့် ကာလ ဖြစ်တဲ့အလျှောက် တန်ဖိုးနည်းနည်း နဲ့ အာဟာရ ပြည့်အောင် စားနည်း (မိသားစု တိုင်း သိထားသင့်)

ကျွန်တော် တို့ အခု ရက်ပိုင်းက ခြိုးခြံ ေ ချွတာ စားရမယ့် ကာလ ဖြစ်တဲ့ အတွက် တန်ဖိုးန ည်းနည်းနဲ့ အာဟာရ ပြည့်ေ အာင် ဘယ်လို စားရမလဲ အကြံ ပေးချင်ပါတယ်

၁။ ဆန် – အခုချိန် ပေါ်ဆန်း မွှေး ထက်၊ ဧမထ လို နည်းနည်း မာပြီး အဆာခံမယ့် ဆန် ကို ရွေးစေချင်ပါတယ်။ ရေငှဲ့ ချက်တာထက် ရေခမ်း ချက်တာ က ထမင်း ကုန် သက်သာစေပါတယ်။

တန်ဖိုးနည်းနည်း နဲ့ အာဟာရ ပြည့်အောင် စားနည်း

၂။ ရေငှဲ့ ချက်ခဲ့ရင် လဲ ထမင်းရည် ကို မသွန်ပစ်ပါနဲ့၊ ထမင်းရည် ဟာ ကာဗိုဟိုဒရိတ် များတဲ့ အပြင်ဗီတာမင် သတ္တု တချို့လဲ ပါဝင်ပါတယ်။ ခြုံပြောရရင် အာဟာရ တန်ဖိုး များပါတယ်။ အကျိုးရှိပါတယ်။

၃။ ပဲ – အသားဓါတ် အတွက် တန်ဖိုး အသင့်ဆုံး ကတော့ ပဲ ပါပဲ။ ဗီတာမင်၊ သတ္တုဓါတ် များစွာပါဝင်ပါတယ်။ အထားခံတဲ့ အတွက် အခုချိန် မှာ အသင့်တော်ဆုံးပါ

၄။ ကြက်ဥ – ဈေး အတော်အတန် သက်သာ ပါတယ်။ ပဲ လောက်တော့ မသက် သာပါ။ ဒါပေမယ့်အသားဓါတ် ကြွယ်ဝပြီး အာဟာရဓါတ် စုံလင် ပါတယ်။ ကြာကြာတော့ အထားမခံပါ၅။ ကန်စွန်းဥ၊ အာလူး – အတော်အတန်တော့ အထားခံ ပါတယ်။ အာလူး က ပို အထားခံပါ တယ်

၆။ မြေပဲ – အာဟာရ စုံလင်ပြီး၊ ဈေးလဲ အတော်အတန် သင့်ပါတယ်

၇။ ဆီ – စားအုံးဆီ က လှဲရငျ ကနြျ သငျ့တဲ့ ဆီ သုံးပါ၊ ၅၀ သား တဈဘူး ကို ၁၈၀၀-၂၀၀၀ တနျဆို မဆျိုးလောကျပါဘူး။

တန်ဖိုးနည်းနည်း နဲ့ အာဟာရ ပြည့်အောင် စားနည်း

၈။ ငါးခြောက် – စားချင်လို့ ဝယ်ခဲ့ သည် ရှိသော်၊ ဆားပေါ့တဲ့ ငါးနီတူခြောက် လိုမျိုးသာဝယ်ပါ။ အာဟာရ မဖြစ်ပေမယ့်၊ ထမင်း နဲ့ စားလို့ အ ဆင်ပြေပြီး၊ အထားလဲ ခံလို့ပါ။

၉။ အရွက် ကတော့ အခု အခြေအနေမှာ စားဖြစ်ရင်တော့ အကောင်းဆုံး ပေါ့၊ ဒါပေမယ့် ဝယ်ရခက်နေတဲ့ အခုလို အခြေ အနေမှာ နေ့တိုင်း စားဖြစ်ဖို့က ကျွန်တော် ကိုယ် တိုင်လဲ ခက်ခဲနေလို့ပါ

၁၀။ ဆီသွပ်ဗူး၊ ခေါက်ဆွဲခြောက် ကတော့ မရှိသုံးစားဖို့အတွက် ဆောင်ချင် ဆောင် ထားပါ။

၁၁။ ရေ များများ သောက်ပါ၊ ရာသီဥတု အရမ်းပူလို့ပါ။

အားလုံးပဲ ကျန်းကျန်းမာမာ နဲ့ အရာရာကို ကျော်လွှားနိုင်ကြပါစေ 🙏 🙏 🙏

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေး လိုက်ပါ ခင်ဗျာ )))) မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Add a Comment

Your email address will not be published. Required fields are marked *