ဦးဇင်ဝိုင်း ပြောတဲ့ အင်းစိန်ထောင် အတွင်း မှ အနုပညာ ရှင်များ ရဲ့ နောက်ဆုံးရ အတွင်း သတင်းများ

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ ရေ ဦးဇင်ဝိုင်း ပြန်လည် လွတ်မြောက်ပြီး နောက် လူမင်း ပြေတီဦး ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင် မေတိုးခိုင် ပိုပို တို့၏ အမှု့သတင်း အခြေအနေ ဦးဇင်ဝိုင်း ပြန်လည်လွတ်မြောက် ပြီဖြစ်ကြောင်း အိမ်ပြန်ရောက်ကြောင်း သိရပါတယ်။

ဦးဇင်ဝိုင်း ပြောတဲ့ အင်းစိန်ထောင် အတွင်း မှ အနုပညာ ရှင်များ ရဲ့ နောက်ဆုံးရ အတွင်း သတင်းများ

ဦးဇင်ဝိုင်းရဲ့ ဖေ့ဘွတ်စ်အကောင့်ဖြစ်တဲ့ Htay Lwin အကောင့်မှာလည်း ကျနော် အိမ်ပြန်ရောက် ပါပြီလို့ရေးသား ထားတာတွေ့ ရပါတယ်။ သားဖြစ်သူ မင်းမော်ကွန်းရဲ့ အကောင့်မှာလည်း ယနေ့ ဇွန်လ ၇ ရက် မနက်ပိုင်းမှာ အင်းစိန်ထောင်မှ ဖခင်ဖြစ်သူ ဦးဇင်ဝိုင်း ပြန်လည် လွတ်မြောက် လာကြောင်း ဝမ်းသာအားရနဲ့ ပြောပြလာပါတယ်။

ထိုနောက် ဦးဇင်ဝိုင်းနဲ့ အတူ ဖမ်းစီး ခံထား ရသည့် သရုပ်ဆောင် ပြေတီဦး ဟာ အင်းစိန်သီးသန့် ထောင်အဆောင် ၂ အခန်း ၆ မှာ ရောက်ရှိနေပြီးသုံးရက်လောက် ရှိပြီ ဖြစ်တယ် လို့ ဆိုပါတယ်။

ဦးဇင်ဝိုင်း ပြောတဲ့ အင်းစိန်ထောင် အတွင်း မှ အနုပညာ ရှင်များ ရဲ့ နောက်ဆုံးရ အတွင်း သတင်းများ

သရုပ်ဆောင် ရဲတိုက်တို့ ပိုင်တံခွန် တို့နဲ့ အတူတူထားရှိထားတာလို့ သိရပါတယ်။ သရုပ်ဆောင် လူမင်း ကို တော့ အင်းစိန် ထောင်မကြီးရဲ့ အဆောင် ၂ မှာထားထားတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင် မေတိုးခိုင် အဆိုတော် ပိုပို beau ty blogger ဝင်းမင်းသန်း တို့ ကိုတော့ အမျိုးသမီး စာသင် ဆောင် မှာထား ရှိထားတယ်လို့ ထောင်တာဝန်ရှိသူတွေ ဆီကနေ သိရှိရပါတယ်။ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့ ၃ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးထားသော အမှုအား သက်ဆိုင်ရာ ရဲစခန်းမှ တရားရုံး သို့ ယနေ့တွင် အမှုစွဲ တင်ခဲ့ကြောင်း သိရသည်။

ဦးဇင်ဝိုင်း ပြောတဲ့ အင်းစိန်ထောင် အတွင်း မှ အနုပညာ ရှင်များ ရဲ့ နောက်ဆုံးရ အတွင်း သတင်းများ

ပိုင်တံခွန်၏ ရှေ့နေဖြစ်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ဒီနေ့ ရုံးတင် တရားစွဲတာပါ။ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်အမှုက သက်ဆိုင်ရာ ရဲစခန်းကနေ ဒီနေ့မှ အမှုကို စွဲတင် တာပေါ့” ဟု ပြောသည်။

ထို့ပြင် ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်၏ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက် မှ စတင်ကာ ရက်ပေါင်း ၁၈၀ အတွင်း အပြီးလုပ်ဆောင် သွားမည် ဟု မေလ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် မှုခင်း စီမံ ခန့်ခွဲမှုအပြီး အစည်း အဝေး၌ ဆုံးဖြစ်ခဲ့ကြကြောင်း ပြောသည်။

ဦးဇင်ဝိုင်း ပြောတဲ့ အင်းစိန်ထောင် အတွင်း မှ အနုပညာ ရှင်များ ရဲ့ နောက်ဆုံးရ အတွင်း သတင်းများ

ဦးခင်မောင်မြင့်က “တဖက်က စ+စ် ဆေး မယ့် ဥပဒေ အရာ ရှိရယ် တရားသူကြီးရယ် ကျနော်တို့ရယ်ပေါ့။ အဲဒီတော့ ကျနော်တို့ က အဲဒီအမှုကို ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီးတော့ တရားရုံးစွဲတင်တဲ့နေ့ မေလ ၄ ရက်ကနေ ရက်ပိုင်း ၁၈၀ အတွင်း အပြီး စစ်ဆေးဖို့ ဆုံးဖြတ်ပြီး ဖြစ်ပါ တယ်။

လာမယ့် ဇွန်လ ၉ ရက်မှာ တရားလို ဒုရဲမှူး မျိုးမြင့်အောင်ကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံးမှာပဲ စ+စ် မှာပါ” ဟု ပြောသည်။ ပရိတ်သတ်ကြီး လည်း ဦးဇင်ဝိုင်း လို ကျန်ရှိနေတဲ့ သရုပ်ဆောင် တွေ အမြန် လွှတ်မြောက် ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့ပေးပါအုန်းနော်။

ဦးဇင်ဝိုင်း ပြောတဲ့ အင်းစိန်ထောင် အတွင်း မှ အနုပညာ ရှင်များ ရဲ့ နောက်ဆုံးရ အတွင်း သတင်းများ

စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ပြီးသာယာ ပျော်ရွှင် စရာ ကောင်းသော နေ့ရက် လေး တွေကို ပိုင်ဆိုင် နိူင် ကျပါစေလို့ ဆုမွန်ကောင်းတောင်း ပေး လိုက် ပါတယ်။

c r d

Add a Comment

Your email address will not be published. Required fields are marked *